SJ WorldNews - шаблон joomla Авто

သတိရှိပါ ခွေးရူးပြန် ရောဂါ

Sunday, 24 February 2019 11:12 Written by  font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံနှင့် ခွေးရူးပြန်ရောဂါ မြန်မာနိုင်ငံတွင် ခွေးလေခွေးလွင့်များ သိသိသာသာ တိုးပွား လျက်ရှိရာ ခွေးရူးပြန်ရောဂါအန္တရာယ်နှင့် တွေ့ကြုံနေကြရပါတယ်။ ဒါကြောင့်လည်း မွေးမြူ ရေးနှင့်ကုသရေး ဦးစီးဌာနမှ ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (OIE) နှင့်ပူးပေါင်း၍ မြန် ပြည်တစ်ဝန်း ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို ၂ဝ၁၆ ခုနှစ် နှစ်ဦးပိုင်းမှစ၍ အင်တိုက် အားတိုက် အခမဲ့ထိုးနှံပေးလာခဲ့ပါတယ်။ မည်မျှပင် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နေပါသော် လည်း ပူပြင်းသောနွေရာသီရောက်သောအခါ နယ်မြို့များတွင် မကြာခဏဆိုသလို ခွေးရူး ကိုက်ခံရသော အန္တရာယ်များဖြင့် ရင်ဆိုင်နေကြရပါတယ်။

ယခု ၂ဝ၁၉ ခုနှစ်တွင်လည်းမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် လာမည့်ပွင့် လင်းရာသီတွင် အိမ်မွေးတိရစ္ဆာန်များ ခွေးရူးရောဂါ ကူးစပ်ပျံ့နှံ့မှု မရှိစေရေးအတွက်  မြို့နယ် ကျေးရွာအုပ်စု အသီးသီးရှိ ခွေး၊ ကြောင်များ အား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေး ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ အထူးသဖြင့် ကျေးရွာနေပြည်သူများတွင် ခွေးရူးရောဂါ ကာကွယ်ရေးအသိအမြင်များ တိုးပွားလာစေရန်နှင့် ကာကွယ်ဆေးထိုးနှံခြင်း အလေ့အထကောင်းများ တိုးပွားလာစေရန်အတွက် ပညာပေးဟောပြောပွဲများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

ခွေးရူးရောဂါဘာကြောင့်ဖြစ်

ခွေးရူးဗိုင်းရပ်(Rabies Virus) ကြောင့် ခွေးရူးရောဂါကိုဖြစ်စေပါတယ်။ ယနေ့ကမ္ဘာပေါ်တွင် ၎င်းဗိုင်းရပ်အဖြစ်များသော သတ္တဝါများမှာ ခွေး၊ ကြောင်၊ မြေခွေး၊ တောခွေး၊ ဝက်၊ နွား၊ သိုး၊ ဆိတ်၊ လင်းနို့၊ ဝံပုလွေ၊ ခွေးအစသည့် တိရစ္ဆာန်များ ဖြစ်ကြပါတယ်။ ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေး အဖွဲ့(OIE)၏ စစ်တမ်းအရလူများတွင် ခွေးရူးရောဂါဖြစ်ရခြင်း၏ ၉၉ ရာခိုင်နှုန်း အထက်သည် ခွေးကိုက်ခံရခြင်းကြောင့်ဖြစ်လာရကြောင်း လေ့လာမှတ် သားရပါတယ်။

ကြောက်စရာ ခွေးရူးပြန်ရောဂါ

ခွေးရူးကိုက်ခံရပါက သွေးထွက်မလွန်အောင် ဒဏ်ရာပေါ်လက်မဖြင့်ဖိထားပါ။ မိမိအိမ်တွင် ဒဏ်ရာကိုရေများများသုံးပြီး ဆပ်ပြာ သို့မဟုတ် Dettol ကဲ့သို့သော ပိုးသတ်ဆေးတစ်ခုခုဖြင့် အနည်းဆုံးအချိန် ဆယ်မိနစ်ကျော်ကြာသည် အထိ ရေစင်စင်ဖြင့် ဆေးကြောပေးဖို့ လိုအပ်ပါ တယ်။ ထို့နောက် နီးစပ်ရာဆေးခန်း သို့မဟုတ် ကျန်းမာရေးဌာနသို့ ဆောလျင်စွာသွား၍ ဆရာဝန်ဖြင့် ပြသတိုင်ပင်သင့်ပါတယ်။ ဆရာဝန်မှ ညွှန်ကြားသည့်အတိုင်း လိုက်နာ၍ ကာ ကွယ်ဆေးကိုဆေးပတ်လည်အောင် ထိုးနှံရပါမယ်။

ခွေးရူးကိုက်ခံရသောသူတွင် ခွေးရူးရောဂါပိုးကူးစက်ခံရပါက ၎င်းဒဏ်ရာမှစ၍ အာရုံခံဆဲလ် များမှတစ်ဆင့် ဦးနှောက်ဆီသို့ တစ်ရက်လျှင် ၁ စင်တီမီတာနှုန်းဖြင့် တစစပျံ့နှံ့သွားပါတယ်။ ၎င်းပိုးဦးနှောက်ဆီ ရောက်သွားချိန်တွင် မည်သည့်နည်းနှင့်မျှ ကုသနိုင်စွမ်း မရှိတော့ဘဲ အ သက်ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် ခွေးရူးကိုက်ခံရပါက ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို ချက်ချင်းထိုးနှံပေးဖို့ အရေးကြီးပါတယ်။

ခွေးရူးရောဂါဖြစ်နေသောခွေး၏ အမူအကျင့်များ

၁။ ရုတ်တရက် အမူအရာ ပြောင်းသွားခြင်း၊

၂။ ထိုင်းမှိုင်းခြင်း၊အစာမစားခြင်း၊

၃။ အဖျားတက်ခြင်း၊

၎။ စိတ်ဆိုးအမျက်ထွက်အောင် မလုပ်ဘဲရန် လိုနေပြီး ကိုက်တတ်ခြင်း၊

၅။ တုတ်ချောင်း၊ စက္ကူစသည်ဖြင့် မြင်မြင်ရာကို ကိုက်ဝါးခြင်း၊

၆။ ကြောက်ရွံ့အားငယ်နေခြင်း၊

၇။ ဦးတည်ရာမဲ့ ပြေးသွားခြင်း၊

၈။ အသံအက်ဖြင့်အူခြင်း၊ ဟောင်ခြင်း၊

၉။ အစာနှင့်ရေကို မျိုချရန်ခက်ခဲခြင်း၊

၁၀။ နောက်ဘက်ခြေထောက်များ ဆိုင်းသွားခြင်း၊

၁၁။ အလင်းရောင်ကိုကြောက်ခြင်း၊

၁၂။ မျက်စိသူငယ်အိမ် ကျယ်လာခြင်း၊

၁၃။ ခက်ခက်ခဲခဲအသက်ရှူခြင်း၊

၁၄။ မေးရိုးများဟနေခြင်း၊

၁၅။ သွားရည် သို့မဟုတ် တံတွေးများလွန်ကဲစွာ ထွက်ကျခြင်းတို့ဖြစ်ပါတယ်။

လူတွင်တွေ့ရသော ခွေးရူးပြန် ရောဂါလက္ခဏာများ

ပျမ်းမျှအားဖြင့်ဆိုသော် ခြေထောက်တွင် အကိုက်ခံရပါက ၆၄ ရက်ခန့်၊ လက်မောင်းတွင် အကိုက်ခံရပါက ၃၂ ရက်ခန့်၊ မျက်နှာနှင့် လည်ပင်းအနီးတစ်ဝိုက်တို့တွင် အကိုက်ခံရပါက ၂၇ ရက်ခန့်ကြာသည့်အခါ အောက်ဖော်ပြပါ ခွေးရူးပြန်ရောဂါလက္ခဏာများကို ခံစားရတတ်ပါ တယ်။

၁။ တုပ်ကွေးရောဂါဖြစ်သကဲ့သို့  ကိုယ်၊ လက်၊ ခေါင်းကိုက်ခဲခြင်း၊

၂။ အလွန်အမင်း မောပန်းနွမ်းနယ်ခြင်း၊

၃။ ကူးစက်ခံရသောဒဏ်ရာမှ စူးစူးနစ်နစ်ယား၍ နာကျင်ခြင်း၊

၎။ မအီမသာဖြစ်ခြင်း၊ အော်ဂလီဆန်ခြင်း၊

၅။ ပျို့အန်ခြင်း၊

၆။ တစ်ကိုယ်လုံး ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊

၇။ ရေကြောက်ခြင်း၊

၈။ ရေဆာသော်လည်း ရေကိုထိတွေ့မြည်းစမ်းရမည်ကို တွန့်ဆုတ်နေခြင်း၊

၉။ လည်ချောင်းရောင်၍နာခြင်း၊

၁၀။ အိပ်စက်၍မရခြင်း၊

၁၁။ ဂနာမငြိမ်ခြင်း၊

၁၂။ သွားရည်များစွာထွက်ခြင်း၊

၁၃။ တက်ခြင်း၊

၁၄။ အစာစားချင်စိတ် မရှိတော့ခြင်း၊

၁၅။ အားနည်းခြင်း၊

၁၆။ ဦးနှောက်အမြှေးပြင်းထန်စွာ ရောင်ခြင်း၊

၁၇။ ကတုန်ကယင်ဖြစ်ခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း၊

၁၈။ အလင်းရောင်ကို မခံစားနိုင်တော့ခြင်း၊

၁၉။ ပါးစပ်မှတံတွေးများ စီးကျခြင်း၊

၂၀။ အသက်ရှူရခက်ခဲခြင်း၊

၂၁။ လေဖြတ်သကဲ့သို့ အဆစ်အမျက်တွေ ဆိုင်းသွားခြင်းတို့ဖြစ်ပါတယ်။

စားသောက်မှုပုံစံ

၁။ ခွေးရူးကိုက်ခံရပါက မည်သည့်အစားအစာမျှ အထူးရှောင်ရှားစရာ မလိုအပ်ပါ။ ဆရာဝန်မှ ညွှန်ကြားထားသည့်အတိုင်း နေထိုင်စားသောက်ပါ။

၂။ ခွေးကိုက်ခံရပါက ခွေးတောက်ရွက်မစားရဟု ရှေးရိုးစွဲရှိကြသော်လည်း အခါးအရသာ ဖြစ်သော ခွေးတောက်ရွက်က သွေးကြေ၊ ဒဏ်ကြေစေနိုင်၍ စားပေးနိုင်ပါသည်။

၃။ အနာမရင်းစေရန်အတွက် ညှော်နံ့မခံပါနှင့်။

၎။ ပြည်မတည်စေရန်အတွက် ဝက်သားအဆီ၊ ဖီးကြမ်းငှက်ပျောသီးစားသုံးခြင်း ရှောင်ပါ။

စေတနာများစွာဖြင့်။ပေါက်ပေါက်

Read 109 times
Rate this item
(0 votes)
Last modified on Sunday, 24 February 2019 11:13