SJ WorldNews - шаблон joomla Авто

နွေဥတုကိုအန်တုနိုင်သော သဘာဝအာဟာရ

Saturday, 02 March 2019 11:15 Written by  font size decrease font size decrease font size increase font size increase font size

မြန်မာ့တိုင်းရင်းဆေးပညာတွင် ဥတုကြီးသုံးပါးရှိ သည်။ ဥတုကြီးသုံးပါးမှာ နွေဥတု၊ မိုးဥတုနှင့်ဆောင်း ဥတုတို့ဖြစ်သည်။ မကြာမီအချိန်တွင်းတွင် နွေဥတုသို့  ရောက်ရှိလာတော့မည်ဖြစ်ပါသောကြောင့် နွေဥတု အတွင်း ဆောင်ရန်၊ ရှောင်ရန်များကိုတင်ပြပေးလို သည်။

နွေဥတုကို ဂိမန္တဥတုဟုခေါ်ပြီး တပေါင်းလပြည့် ကျော် ၁ ရက်မှဝါဆိုလပြည့်နေ့ ညဥ့်နက်သန်းခေါင်ချိန် တိုင် ရက်ပေါင်း ၁၁၈ ရက်(၄လ)ကြာမြင့်မည်ဖြစ်သည်။ နွေဥတုအတွင်းတွင် တွေ့ရမည့်ရုပ်လက္ခဏာများ မှာ အပူရှိန်များလွှမ်းမိုးလျက်ရှိခြင်း၊ ရေဓာတ်များ လျော့နည်းခန်းခြောက်ခြင်း၊ သစ်ပင်တောတောင်တို့  ခြောက်သွေ့ခြင်း၊ လူသားတို့အပူကိုကြောက်ရွံ့ခြင်း၊ အအေးကိုလိုလားတောင့်တခြင်း၊ အအိပ်အစားကို လိုလားတောင့်တခြင်း၊ ကိုယ်စိတ်ပင်ပန်းနွမ်းနယ်ခြင်း၊ အချိုအရသာကို ကြိုက်ခြင်းတို့ဖြစ်သည်။ အထူးသဖြင့် နွေဥတုသည် အပူရှိန်များ လွှမ်းမိုးလျက်ရှိခြင်းကြောင့် ရေဓာတ်ခန်းခြောက်ခြင်း၏ လက္ခဏာ တစ်ခုဖြစ်သည့် ရေငတ်ခြင်းကို အများစုခံစားကြရသည်။

ယင်းသို့သော ရေငတ်ခြင်းကို အန်တုပေးနိုင်သော ဆေးဖက်ဝင် သဘာဝ အသီးအနှံ့များစွာ ရှိသည့်အထဲမှ ဖရဲသီးအကြောင်းတင်ပြပေးလိုသည်။ ဖရဲသီးကိုအင်္ဂလိပ် အမည်အားဖြင့်  Watermelon ဟုခေါ်နိုင်သည်။ ဖရဲသီး ကိုအာဖရိကနိုင်ငံများမှ စတင်တွေ့ရှိခဲ့ကြောင်း ယူဆ ချက်များရှိသည်။ ဖရဲသီး၏ အတွင်းသားသည် အများ အားဖြင့် အနီရောင်ရှိသည်။ ဖရဲသီးတွင် ကယ်လိုရီဓာတ်၊ ဗီတာမင်ဓာတ်၊ ဗီတာမင်အေ၊ အနီရောင်၊ အဝါရောင် ချယ်(ဖလေဗိုနွိုက်)နှင့် အခြားဓာတ်ပေါင်းများပါဝင် သည်။

(၁) ရေဓာတ်ကိုထိန်းပေးနိုင်ခြင်း

ဖရဲသီးသည်ခန္ဓာကိုယ်အတွက် လိုအပ်သောရေဓာတ် ကို ဖြည့်တင်းပေးနိုင်ရုံသာမက ၉၂ ရာခိုင်နှုန်းသော ရေ ဓာတ်များပါဝင်ကြောင်းသိရသည်။ ရေဓာတ်များပါဝင် သည့်အတွက် ဖရဲသီးသည် အသားအရေကိုစိုပြည်စေ သည်။

(၂)နှလုံးရောဂါမှကာကွယ်ပေးနိုင်ခြင်း

ဖရဲသီးကိုစားပေးခြင်းဖြင့် ဖရဲသီးတွင်ပါဝင်သော လိုက်ကိုပီးသည် နှလုံးရောဂါဖြစ်စေသော သွေးတိုးခြင်း နှင့်သွေးထဲမကောင်းသောအဆီများ များနေခြင်းမှ လျော့ပါးစေသည်။ ခန္ဓာကိုယ်အတွင်းတွင် အဆီဓာတ် များစုပုံခြင်း၊ သွေးကြောအတွင်းအဆီများစုပုံခြင်း၊ သွေး ကြောကျဉ်းမြောင်းခြင်းများမဖြစ်စေရန် ကာကွယ်ပေး နိုင်သည်။

(၃) အရေပြားကိုအထောက်အကူပြုခြင်း

ဖရဲသီးတွင်ပါဝင်သော ရေဓာတ်၊ ဗီတာမင်စီ၊ ဗီတာ မင်အေနှင့်လိုက်ကိုပီးတို့ကြောင့် အရေပြားကိုစိုပြည်စေ ပြီး အရေပြားခြောက်သွေ့ခြင်းမှလည်း ကာကွယ်ပေး နိုင်သည်။

(၄) ကြွက်သားများနာကျင်မှုလျော့ကျစေခြင်း

ဖရဲသီးတွင်ပါဝင်သော အမိုင်နိုအက်စစ်သည် ကြွက်သားများနာကျင်ခြင်းကို ကာကွယ်ပေးနိုင်သည်။ သို့ဖြစ်ပါ၍ လေ့ကျင့်ခန်းမလုပ်မီအချိန်တွင် ဖရဲသီး ဖျော်ရည်တစ်ခွက်သောက်ပေးသင့်သည်။

(၅) ပန်းနာရင်ကျပ်ကာကွယ်ပေးနိုင်ခြင်း

ဖရဲသီးကိုစားသုံးပေးခြင်းဖြင့် ဗီတာမင်စီကိုကြွယ်ဝ စွာရရှိနိုင်ခြင်းကြောင့် ရင်ကျပ်ရောဂါကိုကာကွယ်ပေး နိုင်စွမ်းရှိကြောင်းသိရသည်။

(၆) သွေးတိုးလျော့ကျစေခြင်း

အမေရိကန်သွေးတိုးဆိုင်ရာ ဂျာနယ်တစ်ခုအဆို အရ ဖရဲသီးသည် သွေးတိုးကျစေသော အာဟာရတစ်မျိုး ဖြစ်ကြောင်းဆိုထားသည်ကိုတွေ့ရသည်။ အထူးသဖြင့် သက်လတ်ပိုင်းလူကြီးများတွင် သွေးတိုးဖြစ်ခြင်းကို လျော့ကျစေသည်။ အခြားသုတေသနများအရ ဖရဲသီး စားသုံးခြင်းသည် သွေးကြောများ၏ လုပ်ငန်းဆောင်တာ များ ကောင်းမွန်စေသည်ဟုလည်း သိရသည်။ သို့ပါသော ကြောင့် သွေးတိုးရှိသူများအတွက် ဖရဲသီးသည်စားသုံး သင့်သောအာဟာရတစ်မျိုးဖြစ်သည်။

(၇) ဆံပင်၏ကျန်းမာရေးကိုအထောက်အကူပြုခြင်း

ဖရဲသီးတွင် ဗီတာမင်အေအပြည့်အဝပါဝင်သည်ကို တွေ့ရသည်။ ဗီတာမင်အပြည့်အဝ ပါဝင်ခြင်းကြောင့် ခြောက်သွေ့နေသောဆံသားများကို ပြန်လည်ဖွံ့ဖြိုးစေ  သည်။

(၈) ရောင်ရမ်းခြင်းကိုလျော့ကျစေခြင်း

ဖရဲသီးတွင် ဃ့သူငညန ပါဝင်ခြင်းကြောင့် နာတာရှည် ရောင်ရမ်းမှုကိုသက်သာစေသည်။ယင်း ဃ့သူငညန သည် အိပ်စက်ခြင်း၊ ကြွက်သားများလှုပ်ရှားခြင်း၊ သင်ယူခြင်း နှင့် မှတ်ဥာဏ်ပိုင်းဆိုင်ရာတွင် အရေးပါသောဓာတ် တစ်မျိုးဖြစ်သည်။

(၉) အရွယ်အိုမင်းမှုကိုတားဆီးပေးနိုင်ခြင်း

ဖရဲသီးတွင်ပါဝင်သောလိုက်ကိုပီး၊ ဗီတာမင်အေနှင့် ဗီတာမင်စီတို့ကြောင့် ဓာတ်တိုးပစ္စည်းများကိုဆန့်ကျင် တိုက်ထုတ်ပေးရာမှ အရွယ်အိုမင်းမှုများဖြစ်သည့် အရေးအကြောင်းများ၊ အတွန့်ခေါက်များ၊ အမည်းစက် များပေါ်ခြင်းကို တားဆီးပေးနိုင်သည်။

(၁ဝ) မျက်နှာပေါ်ရှိအဆီများကိုဖယ်ရှားပေးနိုင်ခြင်း

ဖရဲသီးတွင် ဗီတာမင်အေများစွာ ပါဝင်သည့်အတွက် အရေပြားကိုအားဖြည့်ပြီး ကျန်းမာစေသည်။ မျက်နှာရှိ ချွေးပေါက်များကိုကျဉ်းစေပြီး အဆီထုတ်လုပ်မှုကို လျော့ကျစေသည်။

(၁၁) အစာကြေလွယ်ခြင်း

ဖရဲသီးတွင်ပါဝင်သော ရေဓာတ်နှင့်အမျှင်ဓာတ်များ ကြောင့် အစာအိမ်အူလမ်းကြောင်းကို ကောင်းမွန်စေပြီး အစာကိုကြေလွယ်စေသည်။

(၁၂) မြင်လွှာကိုကာကွယ်ပေးခြင်း

ဖရဲသီးတွင်ပါဝင်သော လိုက်ကိုပီးဓာတ်သည် အသက်ကြီးလာသည်နှင့်အမျှ ယိုယွင်းပျက်စီးလာသော မျက်လုံး၏မြင်လွှာကို မပျက်စီးစေရန်ကာကွယ်ပေး နိုင်သည်။

(၁၃) ကင်ဆာရောဂါများမှကာကွယ်ပေးခြင်း

ဖရဲသီးတွင်ပါဝင်သော အနီရောင်လိုက်ကိုပီး၊ အဝါ ရောင်ကယ်ရိုတင်းနှင့် ဖလေဗိုနွိုက်၊ အင်သိုဆိုင်ရာနင် နှင့်ကျုကာဘစ်တာစင်အီးများကြောင့် ကင်ဆာဖြစ်စေ ရန်အားပေးသော ဖရီးရယ်ဒီကယ်များကို တိုက်ဖျက်ရာတွင်များစွာထိရောက်မှုရှိသည်။ သို့ပါသောကြောင့် ဖရဲသီးသည် ကင်ဆာရောဂါကိုတိုက်ဖျက်ပေးနိုင်သော သဘာဝ၏ လက်ဆောင်တစ်ခု ဖြစ်သည်။

(၁၄) လေဖြတ်နိုင်စွမ်းကိုလျှော့ချပေးခြင်း

ဖရဲသီးတွင်ပါဝင်သော လိုက်ကိုပီးဓာတ်သည် လေ ဖြတ်နိုင်စွမ်းကိုလည်း လျှော့ချပေးနိုင်သည်။ (၁၅) အရိုးများကိုသန်မာစေခြင်း ဖရဲသီးတွင်ပါဝင်သော လိုက်ကိုပီးဓာတ်သည် မျက်လုံး၊ ဦးနှောက်နှင့်နှလုံးကျန်းမာရေးတို့ကို ထောက်ပံ့ ပေးနိုင်သည့်အပြင် အရိုးများကို ပါသန်မာစေသည်။

(၁၆) သဘာဝတိုနာအဖြစ်သုံးနိုင်ခြင်း

ဖရဲသီးတွင်ပါဝင်သောအရည်သည် ချွေးပေါက်များ ကိုကျဉ်းစေသည့်အတွက် မျက်နှာပေါ်တွင်လိမ်းပေးခြင်း ဖြင့် အသားအရေကိုနူးညံ့စိုပြည်လာစေသောကြောင့် သဘာဝတိုနာအဖြစ် အသုံးပြုနိုင်သည်။

(၁၇) နေလောင်ခြင်းကိုကာကွယ်ပေးခြင်း

ဖရဲသီးကိုမျက်နှာတွင်လိမ်းပေးခြင်းဖြင့် နေလောင် ခြင်းကိုကာကွယ်ပေးနိုင်သည်။ ထို့ပြင် နေလောင်သည့် အကွက်များကိုလည်း သက်သာစေသည်။

(၁၈) ခုခံအားကိုမြင့်မားစေခြင်း

ဖရဲသီးတွင်ပါဝင်သော ဗီတာမင်စီသည်ခုခံအားကို မြင့်မားစေပြီး လူကိုလန်းဆန်း တက်ကြွစေသည်။ (၁၉) အမျိုးသားများအတွက် သဘာဝအားဆေး အမျိုးသားများ ကျန်းမာသန်စွမ်းရေး အတွက် အသုံးပြု သောဆေးများတွင် ဖရဲသီးကိုထည့်သွင်းဖော်စပ်ထားခြင်း ကြောင့် အမျိုးသားများသည် ဖရဲသီးကိုစားသုံးပေးသင့် သည်။

အထက်ဖော်ပြပါအချက်များသည် ဖရဲသီး၏အံ့မခန်း နိုင်သောဆေးဖက်ဝင်မှုများဖြစ်သည်။ သို့သော်ကျွန်မ တို့  စားသုံးသောဖရဲသီးသည် ယင်နားစာမဖြစ်ဖို့ အထူး လိုအပ်သည်။ သဘာဝအော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးထားသော ဖရဲ သီးများကိုရွေးချယ်စားသောက်ကြပါစို့ဟု တိုက်တွန်း ရင်း နွေဥတုကိုအန်တုနိုင်သော ဖရဲသီးအကြောင်း တင်ပြလိုက်ရပါသည်။

Read 151 times
Rate this item
(0 votes)
Last modified on Saturday, 02 March 2019 11:21