SJ WorldNews - шаблон joomla Авто

ဖတ်စရာ မှတ်စရာ မြန်မာ ဆေးနည်းတို

Monday, 11 March 2019 12:10 Written by  font size decrease font size decrease font size increase font size increase font size

အညောင်း ရောဂါ

အထိုင် များခြင်း၊ လမ်းလျှောက်နည်းခြင်း၊ ဆီး၊ ဝမ်း၊ သွေး၊ လေချုပ် ခြင်းတို့ကြောင့် ဖြစ်နိုင်သည်။

- တမာရွက်ပြုတ်ရည်ဖြင့် ရေချိုးပေးလျှင် အညောင်းအကိုက်ရောဂါသက်သာ စေသည်။

- ခွေးတောက်ရွက်နှင့်ကြက်ရိုးကို ဟင်းချိုချက်သောက်လျှင် အညောင်း ရောဂါသက်သာစေသည်။

- တမာရွက်ကိုအချဉ်တည်ပြီး အတို့အမြှုပ် လုပ်စားလျှင် အညောင်းရောဂါ သက်သာစေသည်။

- ကြောင်လျှာသီးကိုကြော်စားလျှင် အညောင်းရောဂါ သက်သာစေသည်။

- ကြက်ဟင်းခါးသီးကိုပါးပါးလှီး၊ ဆန်ဆေးရည်နှင့် စိမ်ထားပြီး ဟင်းချက် စားလျှင် အညောင်းရောဂါ သက်သာ စေသည်။

- လက်ဖက်အသားကို ရှောက်ရည်ဖြင့်နယ်၊ နှမ်းဆီဖြင့်စိမ်ထားပြီး စားလျှင်  အညောင်းရောဂါ သက်သာစေသည်။

- ဆေးခါးပင်၏အရွက်ကို ထန်းလျက်ဖြင့် ရောကျိုသောက်လျှင် အထိုင်များ၍ဖြစ်သော အညောင်းရောဂါ သက်သာ စေသည်။

- မုန်ညင်းဆီတွင် ပရုတ်အနည်းငယ်ထည့်ပြီးလိမ်းပေးလျှင် အညောင်း အကိုက်သက်သာစေသည်။

- ခြေဖဝါးဆားပွတ်ပြီး ဒူးအထက်မှအောက်သို့ ရေလောင်းခြေဆေးခြင်းကို ညအိပ်ရာဝင်ခါနီးတိုင်း ပြုလုပ်ပေးလျှင် အညောင်း ရောဂါနှင့် ကြွက်တက်ရောဂါ သက်သာစေသည်။

အတက်ရောဂါ

-သူငယ်နာအတက်ရောဂါနှင့် ဝက်ရူးအတက်ရောဂါ၊ စိတ်ကြီး၍ဖြစ်သော အတက်ရောဂါအမျိုးမျိုးရှိသည်။

 -တက်သူ၏ခြေမခွ၊ လက်မခွအကြောများကိုနှိပ်ပေးလျှင် အတက်ကျစေသည်။

- တက်သူ၏ဦးခေါင်းငယ်ထိပ်ကို လေဖြင့်မှုတ်ပေးလျှင် အတက်ကျစေသည်။

- တက်သူ၏နားနောက်ခွက်တွင်ရှိသော ချိုင့်ထဲသို့ လက်ညှိုးနှစ်ဖက်ဖြင့် စုံထောက်ပြီးနှိပ်ပေးလျှင် အတက်ကျစေသည်။

- တက်သောသူ၏ ချက်တိုင်တွင်ရှိသော တကျည်းကြောကိုနှိပ်ပေးလျှင် အတက်ကျစေသည်။ 

Read 134 times
Rate this item
(0 votes)
Last modified on Monday, 11 March 2019 12:11