SJ WorldNews - шаблон joomla Авто

လူတိုင်း ရှောင်ရှား အဆိပ်သင့် အစားအစာများ

Sunday, 17 March 2019 14:24 Written by  font size decrease font size decrease font size increase font size increase font size

ပလတ်စတစ်နှင့် ဖော့ဘူး

ပလတ်စတစ်(ကြွပ်ကြွပ်အိတ်)တွင်ပါရှိသော ဆိုက်ဇာနှင့် စတိုင်ရင်းဓာတ်များက ဓာတုပစ္စည်းတွေဖြစ်ပါတယ်။ ¤င်းကို အပူဓာတ်နှင့်ဖြစ်စေ၊ ဆီပါသော အစားအသောက်များနှင့်ဖြစ်စေ ထိတွေ့မိပါက  ၎င်းဓာတုပစ္စည်းများဟာ အစား အသောက်ထဲသို့    ဓာတ်ပြုပျော်ဝင် သွားပါတော့တယ်။ ဒံပေါက်နှင့်  စားသောက်ဆိုင်များတွင် သုံးသော ဖော့ဘူးများက လည်း စတိုင်ရင်းဓာတ် ပါသော 2B ပလတ်စတစ်အုပ်စုဝင် အမျိုးအစားများပင်ဖြစ်တယ်။ ထိုနည်းတူ ကလေးနို့ဘူးများ၏ PVC ပလတ်စတစ်နှင့် ပလတ်စတစ်ရေပိုက်များတွင် မိုနိုမာ ခေါ် အင်မတန်အဆိပ်ပြင်းသည့် ဓာတ်တစ်မျိုးပါဝင်နေ ပါတယ်။

ဒါကြောင့် ကင်ဆာရောဂါဖြစ်စေ တတ်သော ပလတ်စတစ်နှင့်ဖော့ဘူးများကို ကျန်းမာရေး အသိစိတ်ဖြင့် ရှောင်ရှားသင့်ပါတယ်။ ဒါ့အပြင် မယ်လမင်း(ဖိုက်ဘာ) ပစ္စည်းများဟာ အပူနဲ့ထိတွေ့မိချိန်တွင် ဓာတ်ပြု၍ ကျောက်ကပ် ပျက်စီးခြင်း နဲ့ ကင်ဆာရောဂါများကို ဖြစ်ပွားစေပါတယ်။

အချိုမှုန့်နှင့်ကြက်သားမှုန့် အချိုမှုန့်ထဲတွင်ပါရှိသော ဓာတုပစ္စည်းများဟာ ဦးနှောက်နဲ့အာရုံကြော များကို ထိခိုက်စေပါ တယ်။ နောက်ဆက်တွဲရောဂါဆိုးများအဖြစ် အသည်း ရောဂါ၊ လေဖြတ်လေငန်းရောဂါ၊ လေးဖက်နာရောဂါ၊ နှလုံးရောဂါ၊ ကျောက် ကပ်ချို့ယွင်းပျက်စီး စေသော ရောဂါများ၊ အရိုးပွ၊ အရိုးပါး၊ အရိုးကြွပ်ဆတ်ရောဂါ၊ ဆီးချိုသွေးချိုနှင့် သွေးတိုး ရောဂါများကို ဖြစ်ပွားစေနိုင်ပါတယ်။

အထူးသတိပြုရန်မှာ  ကြက်သားမှုန့်ထဲတွင် အချိုမှုန့်အပြင် တာရှည်ခံမှိုသတ်ဆေးများ၊ ဓာတုပစ္စည်းများပါ ရောနှော ပါဝင်နေ၍ ကြက်သားမှုန့်က အချိုမှုန့် ထက်ပင် ပိုမိုဆိုးရွားနေပါတယ်။

အချဉ်ရည်

အသုပ်၊ အကြော်၊ အကင်နှင့် တုတ်ထိုးဆိုင်များတွင် အသုံးပြုနေသော နီနီရဲရဲအချဉ်ရည်များဟာ အဆိပ်ရည်ပဲ ဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ၎င်းအချဉ်ရည်ထဲတွင် အန္တရာယ်ရှိ တားမြစ်ဆိုးဆေး နီနီရဲရဲများ၊ ကင်ဆာ ဖြစ်စေသော ဓာတုကြာရှည်ခံဆေးနှင့် ကင်ဆာရောဂါဖြစ်စေသော ဆာလဖျူရစ် အက်စစ်ပြင်းပြင်းတို့  ပါရှိနေပါတယ်။ ဆာလဖျူရစ်အက်စစ်က  အနည်းငယ်မျှထည့်ရုံဖြင့် အချဉ်အရသာကိုဖြစ်စေပြီး   ဘက်ထရီအိုးထဲတွင် သုံးနေသော   အက်စစ်အမျိုးအစားပဲဖြစ်ပါတယ်။ ၎င်းဓာတ်ပါသော အချဉ်ရည်ကို ရေရှည်စားမိပါက အစာအိမ်အူလမ်းကြောင်း၊ အူမကြီး၊ အသည်းတွေကို ၁ဝဝ ရာခိုင်နှုန်းပြည့် ကင်ဆာဖြစ်စေနိုင်ပါတယ်။

အချိုရည်နှင့် ဂျယ်လီ

အချိုရည်ဘူးထဲတွင် သကြားထက် အဆ ၂ဝဝ ပို၍ချိုသော ပါဝါသကြား နှင့် တားမြစ်ဆိုးဆေး၊ တာရှည်ခံဆေးတို့အပြင် ကာဗွန်ဒိုင်အောက်ဆိုက်နှင့် ကဖိန်းဓာတ်များလည်းပါဝင်နေ၍ ခံတွင်းကင်ဆာ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုနှင့် အဝလွန်ရောဂါ၊ အသည်းကင်ဆာတို့ကို ဖြစ်ပွားစေနိုင်ပါတယ်။ ထို့အတူ ဂျယ်လီဘူးတွေမှာလည်း တရုတ်နိုင်ငံမှလာသော ဂျယ်လီပေါင်ဒါ၊ ဆစ်ထရစ်အက်စစ်၊ ဆိုဒီယမ်ဘန်ဇိုရိတ် ခေါ် တာရှည်ခံဆေးများပါဝင် နေ၍ ကင်ဆာ ဖြစ်စေနိုင်ပါတယ်။

ကော်ဖီမစ်

ရယ်ဒီမိတ် ကော်ဖီထုပ်များထဲတွင် ကဖိန်း၊ တာရှည်ခံဓာတုဆေး၊ ကော်ဖီအနံ့တုဆေး၊ အုန်းသီးခွံ အမှုန့်များနှင့် သကြားဖြူ ဆွတ်ဆွတ် ခေါ် ချွတ်ဆေးသကြား စသည့် ကျန်းမာရေးနှင့် လုံးဝမညီညွတ်သော ကုန်ကြမ်း ပစ္စည်းတွေပါရှိ နေပါတယ်။ ၎င်းကိုသောက်ခြင်းဖြင့် ဆီးချိုရောဂါ၊ စိတ်ကျ ရောဂါ၊ ရင်သား၊ ဆီးအိမ်၊ ဆီးကျိတ်၊ ပန်ကရိယ စသောအစိတ်အပိုင်းများတွင် ကင်ဆာရောဂါတို့အပြင်   အမျိုးသမီးများ ပဋိသန္ဓေမတည်နိုင်ခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ကော်ဖီမစ်ထဲတွင်အသုံးပြုထားသော Creamer  ခေါ် နို့မှုန့်အတုက စားအုန်းဆီကို အဆီထုတ်ပြီး   ကျန်ရှိသော ကြိတ်ဖတ် ကိုအမှုန့်ပြုထုတ်လုပ်ထားခြင်းဖြစ်ပြီး ထိုကြိတ်ဖတ်က သွေးတိုး၊ နှလုံးသွေး ကြောပိတ်၊ လေငန်းနှင့် ကင်ဆာရောဂါ တို့ကို ဖြစ်စေနိုင်ပါတယ်။

ရောင်စုံဆိုးဆေးနှင့် အစားအစာ

မျှစ်နီ၊ မျှစ်ဝါ၊ အနီရောင် ပုစွန်ချဉ်၊ အဝါရောင်ဆေးဆိုးထားသော ငါးပုဏ္ဏား၊ ငါြးေ>ွမထိုး၊ ရွှေငါး၊ ကြက်သား၊ အရောင်ဆိုးထားသော ငရုတ်သီးမှုန့်၊ ပုစွန်ခြောက်၊ ငါးပိ၊ ပဲနီကလေး၊ ပဲဝါလေး၊ မက်မန်းသီး၊ လက်ဖက်၊ ဆီးထုပ် နှင့် အချဉ်ပေါင်းထုပ် အမျိုးမျိုး၊အနက်ရောင်ဆိုး ထားသော ပြောင်းဖူး၊ လူသေကောင် မပုပ်အောင်ပြုလုပ်သည့် ဖော်မလင် ဖြင့် အသုံးပြုထားသော ပဲပြား၊ မဲနယ်ဆိုးထားသော ပုစွန် စသည်တို့မှာ တားမြစ်အန္တရာယ်ရှိ ဆိုးဆေးများ အသုံးပြု ထားပါတယ်။ ၎င်းရောင်စုံ ဆိုးဆေးများဟာ အသည်းရောဂါ နှင့် ကင်ဆာရောဂါများကိုဖြစ်စေနိုင်ကြောင်း    မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းမှ သတိပေးနှိုးဆော်ထားပါတယ်။

အသားလုံးနှင့် ကြက်အူချောင်း၊ ဝက်အူချောင်း       

အသားလုံး(အသားကျိတ်)များနှင့် ကြက်အူချောင်း၊ ဝက်အူချောင်းများတွင် သုံးထားသော တာရှည်ခံဆေးများနှင့်  အရောင်တင်ဆေးများကလည်း ကင်ဆာရောဂါဖြစ်စေနိုင်သလို ¤င်းတို့ကို ရေခဲသေတ္တာထဲမှာ သိုလှောင် ထားရသဖြင့် အောက်ဆီဂျင်ဓာတ်တိုးမှုဖြစ်ပြီး ကင်ဆာရောဂါကိုဖြစ်စေ နိုင်ပါတယ်။ ဒါ့အပြင် ၎င်းပစ္စည်းများကို မသန့်ရှင်းသော ပြန်ကြော်ဆီများ ဖြင့်ကြော်ခြင်း သို့မဟုတ် မီးကင်ခြင်းဖြင့် ကင်ဆာဖြစ်စေပြန်တာကြောင့် ကင်ဆာသုံးထပ်ကွမ်း အဆိပ်သင့် အစာများဖြစ်နေပါတယ်။

ရေချိုငါးပိ၊ ငါးခြောက်၊ ငံပြာရည်

အချို့သော ရေချိုငါးပိတွေမှာ ယူရီးယား(ပုလဲ) ဓာတ်မြေသြဇာ ထည့်သွင်းထားကြောင်း၊ ယူရီးယား ၃ ဂရမ်နှင့် အထက် စားမိပါက အော့အန်၊ သတိ မေ့မြော၊ ကျောက်ကပ်ပျက်စီး၍ အသက်ဆုံးရှုံးသည်အထိဖြစ်နိုင်ကြောင်း၊  ရေချိုငါးပိမှာ   ယင်ကောင် မနားစေရန်နှင့် လောက်ကောင် မတက်စေရန် ၉ဝ ရာခိုင်နှုန်း ယင်ဆေးခဲခေါ် ပိုးသတ်ဆေးများ အသုံးပြု ထားပါတယ်။ နိုင်ငံခြားမှ တင်သွင်းလာသော ငံပြာရည် အချို့မှာလည်း ဂလူတမစ်အက်စစ်များစွာ ပါဝင်နေပြီး    ၎င်းဆေးတွေ သုံးထားသော ငါးပိ၊ ငါးခြောက်၊  ငံပြာရည်တို့ကို စားသောက်မိပါက ကင်ဆာရောဂါ၊ လေငန်း၊ အာရုံကြော ထိခိုက်ပျက်စီးခြင်းနှင့် ကိုယ်တစ်ခြမ်းသေခြင်းများဖြစ်လာနိုင်ပါတယ်။

ဒါကြောင့်  ၎င်းအဆိပ်သင့် အစားအစာများကို လူတိုင်းရှောင်ရှားသင့်ကြောင်း   မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး အသင်းက သတိပေးနှိုးဆော် ထားပါတယ်။

ဖန်တီးပြုပြင်ထားသော အသီးအနှံများ

ဓာတုဟော်မုန်းဆေးတွေ အသုံးပြုထားသဖြင့် အဆမတန်ကြီးထွားနေသော မုန်လာဥအဖြူများ၊ ပုံမှန်မဟုတ်ဘဲ အမြစ် တိုတို အလုံးတုတ်တုတ် ပဲပင်ပေါက်များ၊   ပိုးသတ်ဆေးအပြင်းစားသုံးထားသော ဂေါ်ဖီထုပ်၊ ကိုက်လံ၊ မုန်ညင်းရွက်၊ ပန်းမုန်လာထုပ်၊ မုန်ညင်းထုပ်များ၊ ဆေးစိမ်ဆေးဖျန်း၍ မှည့်ဝင်းလာသော သရက်၊ သင်္ဘော၊ လိမ္မော်၊ ပန်းသီး၊ ငှက်ပျော စသည်ဖြင့် သဘာဝလွန် အသီးအနှံတွေက ကင်ဆာဖြစ်စေနိုင်၍ သဘာဝ organic အမျိုးအစားကိုသာ ရွေးချယ်ရန်နှင့် ရေစင်စင်ဆေးပြီးမှသာ စားသောက်ကြစေ လိုပါတယ်။

ပြန်ကြော်ဆီများ

အိမ်နီးချင်းနိုင်ငံအချို့မှတင်သွင်းလာသည့် ရေမြောင်းဆီ ခေါ် ပြန်ကြော်ဆီများကို ပြည်တွင်းမှာ ဓာတုဆေးများသုံး၍ အရောင်ချွတ် ပဲဆီအနံ့ထည့်သွင်းကာ ဆီဈေးကွက်မှာ ပဲဆီသန့်ဟူ၍ တံဆိပ်ကပ်ရောင်းချနေကြပါတယ်။ ငါးမုန့်  ကြော်၊ အာလူးကြော် လုပ်ငန်းအချို့မှလည်း ပြန်ကြော်ဆီများထွက်ရှိသလို ထပ်တလဲလဲပြန်လည် ၍အသုံးပြု နေကြ ပါတယ်။ လမ်းဘေး လက်ဖက်ရည်ဆိုင် နှင့် စားဖွယ်စုံ ဆိုင်ကြီးများကို ကွင်းဆင်း စစ်ဆေးကြည့်ရာတွင် ၁ဝ ဆိုင်ကို စစ်ဆေးရာမှာ ၎င်းဆိုင် အားလုံးတွင် အင်ဂျင်ဝိုင် အဟောင်းကဲ့သို့ ညိုမည်းနေသော ပြန်ကြော်ဆီများဖြင့် စမူဆာ၊ အီကြာကွေး များကို ကြော်နေကြောင်း၊ ¤င်းပြန်ကြော်ဆီများက ပန်ကရိယ၊ အသံအိုး၊ အစာအိမ်လမ်းကြောင်းနှင့် အူမကြီးတို့ကို ကင်ဆာဖြစ်စေနိုင်ကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး အသင်းမှသတိပေးနှိုးဆော်ထားပါတယ်။

အရက်

အချို့သောအရက်များတွင် ဓာတ်မြေသြဇာ၊ အင်ဒရင်း၊ ရော်ဘာ၊ မက်သနော စတဲ့ အဆိပ်သင့်ဓာတုပစ္စည်းတွေ ပါရှိနေသည့်အပြင် မူလသဘာဝ အရက်၏ဂုဏ်သတ္တိက အသည်းခြောက်၊ ရေဖျဉ်းရောဂါများ အသည်းကင်ဆာ နှင့် အစာအိမ်လမ်းကြောင်း ကင်ဆာတို့ကိုဖြစ်စေနိုင်သော အဆိပ်ရည်များသာဖြစ်ပါတယ်။ ဘီယာများတွင်လည်း အယ်ကိုဟော ပါဝင်နေ၍ အရက် ကဲ့သို့ ကင်ဆာရောဂါ အမျိုးမျိုးကိုဖြစ်စေပါတယ်။

ဆေးလိပ်

ဆေးလိပ်နှင့် ဆေးရွက်ကြီးများကိုရှူရှိုက်သောက်သုံးခြင်းက အစာရေမျို၊ လည်ချောင်း၊ အဆုတ် စတဲ့အစိတ်အပိုင်း တွေမှာ ကင်ဆာဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင်နှလုံးသွေးကြောကျဉ်း၊ သွေးကြောပိတ်၊ ပန်းနာရင်ကျပ်စသော ရောဂါ များကိုလည်း ဖြစ်စေနိုင်ပါတယ်။ မိမိကိုယ်တိုင် ဆေးလိပ်သောက်သုံးခြင်း၊ စီးကရက်မီးခိုးငွေ့ကို  တစ်ဆင့်ခံ ရှူရှိုက်မိခြင်းတို့ကြောင့် ကမ္ဘာတစ်ဝန်း အဆုတ်ကင်ဆာရောဂါဖြစ်နေကြရပြီး  လေ့လာဆန်းစစ်မှုများအရ အရှေ့  တောင်အာရှမှာ နှစ်စဉ်လူဦးရေ ၁ဝ သိန်းကျော်တွင် အဆုတ်ကင်ဆာကြောင့် ဖိတ်စဉ်လျက်ရှိနေကြပါတယ်။

ကွမ်းယာ

ကွမ်းရွက်ကိုဖျန်းသော ပိုးသတ်ဆေးက ကင်ဆာဖြစ်စေသလို ထုံးကကျောက်ကပ်နှင့် ဆီးအိမ်တို့မှာကျောက်တည်ခြင်းနဲ့  ပါးစောင် ကင်ဆာဖြစ်စေ နိုင်ပါတယ်။ ဒါ့အပြင် ကွမ်းသီးကို   မှိုမတက်အောင် အသုံးပြုလေ့ရှိသော မှိုသတ်ဆေးက ကင်ဆာဖြစ် စေသလို ဆေးရွက်ကြီး၏ နီကိုတင်းဓာတ်ကလည်း ကင်ဆာဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကွမ်းစားခြင်းဟာ လေးထပ်ကွမ်း ကင်ဆာအဖြစ်တွန်းအားပေးရာရောက်ပြီး အာခံတွင်း၊ ပါးစောင်၊ လျှာ၊ သွားဖုံး၊ အစာရေမျိုပြွန်၊  လည်ချောင်း  စတဲ့ အစိတ်အပိုင်းများကို ကင်ဆာဖြစ်ပွားစေ ပါတယ်။ 

ဆောင်းပါးရှင်-ပေါက်ပေါက်

Read 202 times
Rate this item
(0 votes)
Last modified on Sunday, 17 March 2019 14:25

Latest from စကားဝါ