SJ WorldNews - шаблон joomla Авто

အိုင်အိုဒင်းက လူ့ကျန်းမာရေး အတွက် အရေးပါ

Monday, 08 April 2019 14:05 Written by  font size decrease font size decrease font size increase font size increase font size

အိုင်အိုဒင်းဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရစာရင်းမှာ ပါဝင်ပါတယ်။ အိုင်အိုဒင်းဟာ သတ္တုဓာတ်များထဲမှာ ပါဝင်ပါတယ်။ နေ့စဉ် လိုအပ်မှုအနည်းငယ်သာရှိပေမယ့် အရေးကြီးတယ်။ လည်ပင်းရဲ့ရှေ့မှာ လိပ်ပြာသဏ္ဌာန် အိတ်ငယ် တစ်ခုရှိတယ်။ သိုင်းရွိုက် ဂလင်းဖြစ်တယ်။ သိုင်းရွိုက်ဟော်မုန်း ထုတ်ပေးတယ်။ သိုင်းရွိုက်ဟော်မုန်းဟာ အိုင်အိုဒင်းနဲ့ အမိုင် နိုအက်စစ်တစ်ခုဖြစ်တဲ့ သိုင်ရိုဆင်တို့ပေါင်းစပ်တည်ဆောက်တဲ့ဟော်မုန်းဖြစ်တယ်။

ကလေးငယ်တွေမှာ သိုင်းရွိုက်ဟော်မုန်းချို့တဲ့ရင် ဖွံ့ဖြိုးမှုနိမ့်ကျရောဂါ ဖြစ်နိုင်ပါတယ်။ အိုင်အိုဒင်းချို့တဲ့ရင်ဖြစ်နိုင်တယ်။ ကလေးဟာ ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုညံ့ဖျင်းရုံသာမက စိတ်ပိုင်းဆိုင်ရာ ညံ့ဖျင်းကာ ကိုယ်ရည်ကိုယ်သွေး မှာလည်း မကောင်း တတ်ပါဘူး။

ကလေးငယ်ကြီးထွားဖွံ့ဖြိုးပြီး ဥာဏ်ရည်တိုးစေဖို့ အိုင်အိုဒင်းပါ အိမ်သုံးဆားကို နေ့စဉ်စားသုံးဖို့ ကျန်းမာရေးဝန်ကြီး ဌာနက နှိုးဆော်နေခြင်းဖြစ် တယ်။ မြန်မာနိုင်ငံက အိုင်အိုဒင်းကို ဆားမှာထည့်ထားတယ်။ ရုရှားစတဲ့ အရှေ့အုပ်စု နိုင်ငံတွေက သကြားမှာ ဖြည့်စွက်ထည့်ထားကြောင်း သိရပါတယ်။ သာမန်အပူချိန်၊ အဖုံးပိတ်ထားရင် အိုင်အိုဒင်းဟာ ဆားထဲမှာ ရှိနေနိုင်ပေမယ့် မီးဖိုအနား၊ ဆားပုလင်းအဖုံးဖွင့်ပြီးထားရင်တော့ ရောစပ်ထားတဲ့ အိုင်အိုဒင်းအငွေ့ပျံပြီး အိမ်သုံးဆားကနေ အငွေ့အဖြစ်အပြင်ကို ရောက်သွားနိုင်မှာဖြစ်ပါတယ်။

သိုင်းရွိုက်ဟော်မုန်းဟာ ခန္ဓာကိုယ်ရှိ ဆဲလ်ကလာပ်စည်းအားလုံးရဲ့ လုပ်ငန်းကို လှုံ့ဆော်ပေးနိုင်တယ်။ သိုင်းရွိုက် ဟော်မုန်း ချို့တဲ့လို့ သွေးအား နည်းခြင်း၊ မျိုးပွားခြင်းဆိုင်ရာလုပ်ငန်းတွေ ပျက်ယွင်းခြင်းအရေပြားထူကာ ကြမ်းလာခြင်း၊ ခန္ဓာကိုယ်ရဲ့လုပ်ငန်းတွေ နှေးကွေးကုန်ခြင်း၊ အရိုးအကြော တို့ရဲ့လုပ်ငန်းညံ့ဖျင်းလာခြင်းနဲ့ ရူးသွပ်ခြင်းအထိဖြစ်နိုင် ပါတယ်။

အိုင်အိုဒင်းဆားဟာ ကျန်းမာရေးအတွက် အရေးကြီးတဲ့အာဟာရ ဖြစ်သလို၊ လွန်ကဲရင်လည်း  သွေးတိုးလေဖြတ်ခြင်း စတဲ့ ဘေးအန္တရာယ် ရှိနေတယ်။ သင့်တင့်မျှတတဲ့ ပမာဏရရှိခြင်းကသာ အကောင်းဆုံးဖြစ်တယ်။ ပိုခြင်းလည်း မကောင်း၊ လိုခြင်းလည်း မကောင်း၊ ကျန်းမာရေးအတွက် အိုင်အိုဒင်းသင့်တင့်လျောက်ပတ်စွာ ပါဝင်ရမယ်။  လည်ပင်းရှိသိုင်းရွိုက် အကျိတ်အတွက် အရေးကြီးတဲ့ဓာတ်ဖြစ်ပြီး နေ့စဉ်အနည်းငယ်သာလိုတဲ့ ဓာတ်ဖြစ်တယ်။

အိုင်အိုဒင်းချို့တဲ့ရင်(၁) လည်ပင်းကြီးရောဂါ၊ (၂) မျက်လုံးများပြူးလာခြင်း၊ (၃) ရူးသွပ်ပြီး စိတ်ဖောက်ပြန်ခြင်းတို့ အထိဖြစ်တတ်ပါတယ်။ အိုင်အို ဒင်းကြွယ်ဝတဲ့အစားအစာတွေက ပင်လယ်ငါးအမျိုးမျိုး၊ ပင်လယ်ရေမှော် ကျောက်ပွင့် တို့ဖြစ်တယ်။

လည်ပင်းကြီးခြင်းမှာ အိုင်အိုဒင်းဓာတ်ချို့တဲ့ခြင်းရဲ့ နောက်ဆက်တွဲ လက္ခဏာဖြစ်ပြီး အလွယ်တကူမောပန်းခြင်း၊ မလုပ်ချင် မကိုင်ချင်ဖြစ်နေ ခြင်း၊ ဓမ္မတာရာသီမမှန်ခြင်း၊ ခန္ဓာကိုယ်အလေးချိန်တက်ခြင်း၊ အစားပျက် ခြင်း၊ ကိုယ့်နှလုံးခုန်သံ ကိုယ်ကြားရခြင်း၊ မျက်စိပြူးလာခြင်း၊ အအေးဒဏ် မခံနိုင်ခြင်း၊ လက်ဖျားခြေဖျားအေးစက်ခြင်း၊  ဝမ်းချုပ်ခြင်း၊ အသံအောလာခြင်း၊ မျက်နှာဖောင်းကားခြင်း၊ ခြေလက်များဖောရောင်ခြင်း၊ အရေပြား ခြောက်ကပ်ကွဲ အက်ခြင်း၊ အိပ်မပျော်ခြင်းတို့ဖြစ်ကာ မကုဘဲထားရင် ရူးသွပ်ခြင်း၊ သေဆုံးခြင်းအထိဖြစ်နိုင်ပါတယ်။ သိုင်းရွိုက် ဟော်မုန်း နည်းခြင်း မွေးရာပါသိုင်းရွိုက်အကျိတ်လုံးဝမပါရှိ ခြင်း၊ အိုင်အိုဒင်းချို့တဲ့ခြင်း၊  သိုင်းရွိုက်ဂလင်းခွဲစိတ် ကုသမှု ခံယူခြင်း၊ အဏုမြူရောင်ခြည်ဆေးသောက်သုံးခြင်း၊ သိုင်းရွိုက်ဂလင်းရောင်ရမ်းကာ ဟော် မုန်းမထွက်နိုင်ခြင်း၊ မျိုးရိုးလိုက်ကာ သိုင်းရွိုက်ဟော်မုန်းမထုတ်နိုင်ခြင်း၊ ဂေါ်ဖီထုပ်၊ ပန်းမုန်လာစတဲ့လည်ပင်းကြီးရောဂါဖြစ်ဖို့ အားပေးတဲ့ အစာများကို အလွန် အကျွံစားခြင်း၊ လည်ပင်းသိုင်းရွိုက်အဆိပ်သင့်ကုသဆေးနဲ့ တီဘီဆေးခေါ် စားဆေးသောက်ခြင်းတို့ကြောင့်ဖြစ် နိုင်ပါတယ်။

မွေးရာပါအိုင်အိုဒင်းချို့တဲ့ကလေးတွေရဲ့ လက္ခဏာတွေက ပါးစပ်အပြင် ဘက်လျှာတစ်လစ်ထုတ်ခြင်း၊ မျက်နှာဖော ရောင်ခြင်း၊ ဝမ်းဗိုက်စူနေခြင်း၊ ချက်မှတစ်ဆင့် အူကျွံခြင်း၊ ဦးနှောက်ဖွံ့ဖြိုးမှုမရှိခြင်း၊ ဥာဏ်ရည်ဥာဏ်သွေး ကျဆင်းခြင်း၊ စာမသင်နိုင်ခြင်း တို့တွေ့ရတယ်။ ကလေးမှာ သိုင်းရွိုက်လုံးဝ နီးပါးမဖွံ့ဖြိုးခြင်းလို့ခေါ်ဆိုပါတယ်။

သိုင်းရွိုက်ဟော်မုန်းဟာ  ခန္ဓာကိုယ်ရှိ  အရိုးနဲ့သွားများဖွံ့ဖြိုးဖို့ပြုလုပ်ပေးခြင်း၊ ကိုယ်ခန္ဓာကြီး ထွားစေဖို့လိုအပ်တဲ့ ဟော်မုန်း ထွက်ရှိဖို့ ကူညီ ဆောင်ရွက်ပေးခြင်း၊ သန္ဓေသားနဲ့မွေးကင်းစကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ အာရုံကြော ဖွံ့ဖြိုးစေဖို့ ဆောင်ရွက်ပေးခြင်း၊ နှလုံးနဲ့သွေးကြောအထောက် အကူပြုကာ နှလုံးကြွက်သား ညစ်အားသန်မာစေခြင်း၊ နှလုံးပုံ မှန်ခုန်ခြင်း၊ ဓမ္မတာရာသီပုံမှန်လာခြင်း၊ မျိုးပွားမှုအင်္ဂါမှန်ကန်စေခြင်း၊ မိခင်များ နို့ထွက် မှန်ခြင်း၊ အသည်း လုပ်ငန်း၊ ကျောက်ကပ်လုပ်ငန်း၊ အစာခြေဖျက်ခြင်း လုပ်ငန်း၊ အရေပြားလုပ်ငန်းတွေမှာ အောက်ဆီဂျင်များပြား ရောက်ရှိစေနိုင် ခြင်းတို့ဖြစ်တယ်။

အိုင်အိုဒင်းကြွယ်ဝတဲ့အစာတွေက ပင်လယ်စာများ၊ ပင်လယ်ငါး၊ ခုံး၊ ယောက်သွား၊ ပင်လယ်ခရု၊ ရေဘဝဲ၊ ကျောက်ပုစွန် များ၊ ပင်လယ်ငါးကြီးဆီများ၊ အိုင်အိုဒင်းပါတဲ့ အိမ်သုံးဆား၊ တူနာငါး၊ ဥအမျိုးမျိုး၊ သင်္ဘောသီး၊ ဆီးသီးခြောက်တို့ဖြစ် တယ်။ ပဲအမျိုးမျိုး၊ နို့နှင့်နို့ထွက်ပစ္စည်း၊ ငါးပိ၊ ငါး ခြောက်တို့မှာ အိုင်အိုဒင်းပါဝင်ပါတယ်။

နေ့စဉ်အိုင်အိုဒင်းလိုအပ်မှုမှာ လူကြီးအတွက် ၁၅ဝ မိုက္ကရိုဂရမ်ဖြစ်ကာ အမျိုးသမီးတွေ၊ ကိုယ်ဝန်သည်တွေ၊ နို့တိုက်မိခင် တွေမှာ အိုင်အိုဒင်းလိုအပ် ချက်ပိုပြီး လိုအပ်ပါတယ်။ မြေဆီလွှာမှာ အိုင်အိုဒင်းနည်းတဲ့မြေ၊ ဥပမာ တောင်တန်းဒေသ၊ တောင်ယာစိုက်ခင်းတွေ၊ မြစ်ဝကျွန်းပေါ်ဒေသ၊ လယ်မြေ တွေမှာ ပေါက်ရောက်တဲ့သီးနှံ၊ ဆန်စပါးတို့မှာ အိုင်အိုဒင်း လျော့နည်းတတ်လို့ လည်ပင်းကြီးရောဂါ ပိုမိုတွေ့ရှိနိုင်ပါတယ်။ အိုင်အိုဒင်းချို့တဲ့ပါကလည်ပင်းကြီးရောဂါဖြစ်စေပါတယ်။ သိုင်းရွိုက်ဟော်မုန်း လျော့နည်းစေကာ လည်ပင်းကြီးဝေဒနာရှင်များ ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်သား အားမရှိခြင်း၊ အဝလွန်ခြင်း တို့ဖြစ်စေပါတယ်။ အိုင်အိုဒင်းကြွယ်ဝတဲ့ အစားအစာနည်းပါးစွာ စားသုံးသူတွေဟာ လည်ပင်းကြီး ရောဂါခံစားရကာ သောက်ဆေးနဲ့ မပျောက်လို့ ခွဲထုတ်ဖယ်ရှားရတတ်ပါတယ်။ အခန့်မသင့်ရင် အသံအာရုံကြော ဖြတ်တောက်မိတတ်လို့ အသံဝင်ခြင်း၊ အသံမထွက်ခြင်းဖြစ်တယ်။

သိုင်းရွိုက်ဟော်မုန်းဟာ အိုင်အိုဒင်းရှိမှ ထွက်နိုင်မှာဖြစ်တယ်။ သိုင်းရွိုက်ဟော်မုန်းဟာ ခန္ဓာကိုယ်ရှိ အရိုးနဲ့သွားများ ဖွံ့ဖြိုးစေဖို့ပြု လုပ်ပေးခြင်း၊ ကိုယ်ခန္ဓာကြီးထွားစေဖို့ လိုအပ်တဲ့ကြီးထွားဟော်မုန်းထွက်ရှိဖို့ ကူညီဆောင် ရွက်ပေးခြင်း၊ သန္ဓေသားနဲ့ မွေးကင်းစကလေးဦးနှောက်ဖွံ့ဖြိုးမှုနဲ့အာရုံကြောဖွံ့ဖြိုးစေ၊ ဥာဏ်ကောင်းစေဖို့ ဆောင်ရွက်ပေးခြင်း၊ နှလုံး သွေးကြောကို အထောက်အကူပြုခြင်းနဲ့ နှလုံးသွေးကြောရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်ဖို့ အရေးပါဆုံးဖြစ်တဲ့ အိုင်အိုဒင်း ဖြည့်စွက်ဆားကို နေ့စဉ်ဟင်းချက်ရာမှာ သုံးစွဲသွားဖို့ လိုအပ်ပါတယ်။ 

ဒေါက်တာ လွင်သန့်

 

 

Read 131 times
Rate this item
(0 votes)
Last modified on Monday, 08 April 2019 14:13