SJ WorldNews - шаблон joomla Авто

ဖတ်စရာ မှတ်စရာ မြန်မာဆေးနည်းတို

Sunday, 28 April 2019 15:08 Written by  font size decrease font size decrease font size increase font size increase font size

မြဝတီစာဖတ်ပရိသတ်များ၏ ကျန်းမာရေးကဏ္ဍတွင်အထောက်အကူပြုနိုင်စေရန် ခေတ်အဆက်ဆက် အသုံးပြုလာခဲ့သည့် ရိုးရာဆေးနည်းတို(ဆေးမြီးတို)များအကြောင်းကို ရေးသားပြုစုထားသော ဆရာကြည်လွင်မြင့်(မုဒြာ)၏ ''မြန်မာ့ရိုးရာဆေးနည်းတို ကုထုံးများ'' စာအုပ်မှဆေးနည်း အချို့ကို ဖော်ပြလိုက်ရပါသည် -

ချွေးငုပ်ရောဂါ

ချွေးအောင်းပေးလျှင် သက်သာစေသည်။ ရှေးနည်းများမှာ မြေစာမြက်၊ ဝါးရွက်၊ တမာရွက်၊ ကုက္ကိုရွက်၊ ရှောက်ရွက် စသည်တို့ကို မြေအိုးတွင်ထည့်၍ပြုတ်ပြီး ရိုင်ပတ်ကာလျက် ချွေးငုပ်သူကိုဝင်ထိုင်ခိုင်းကာ စောင်အုပ်ပေးရသည်။ ထိုအခါ ချွေးပုပ်များထွက်လာပြီး နေကောင်းသွားသည်။ တစ်နည်း ဘူးသီး၊ ကျောက်ဖရုံသီးဟင်းချိုချက်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်ကောင်းမှုန့်ခတ်၍ ပူပူသောက်လျှင် ချွေးထွက်စေနိုင်သည်။ ရှောက်သီးအသားကိုနွှာပြီး မျှင်ငါးပိအနည်း ငယ်ထည့်ကာ ကြက်သွန်နီ၊ ငရုတ် သီးစိမ်းတို့ဖြင့် အစပ်သုပ်စားလျှင် ချွေးထွက်စေနိုင်သည်။

ချွေးလွန်ရောဂါ

အပူအထက်ပြန်သော ရောဂါဖြစ်သည်။ အောက်သို့သက်စေရန် ခြေဖဝါးနှစ်ဖက်ဆားပွတ်ပြီး ဒူးအထက်မှအောက်သို့ ရေလောင်းခြေဆေးပါ။ ခွေးတောက်ရွက်ဟင်းချိုချက်သောက်ပါ။ ရေနွေးကြမ်း အဖန်ရည်ကိုဆားအနည်းငယ်ထည့်၍ အအေးခံသောက်လျှင် ချွေးထွက်သက်သာစေသည်။ ပဲကြီးကို ပွအောင်ရေစိမ်ပြီး ပျဉ်းတော်သိမ်ရွက်ဖြင့် ဟင်းချိုချက်သောက်ပါ။ ညအိပ်ရာမဝင်မီရေချိုးပြီး တောင်တန်ကြီး အခေါက်ကိုသွေးလိမ်းပါ။ လူကြီးများ ကရမက်ကို ညအိပ်ရာဝင်သွေးလိမ်းပါ။ နံ့သာဖြူ ကိုသွေးပြီး အနည်းငယ်လျက်ပေးလျှင်လည်း ချွေးထွက်များခြင်း၊ ချွေးပုပ်ထွက်ခြင်း၊ နံခြင်းသက်သာ စေနိုင်သည်။

အပူဝမ်းသွားလျှင်

နေပူထဲကပြန်လာပြီး ရေချိုးမှားလျှင်၊ အစားမှားလျှင်၊ အပူအအေး အစာနှစ်မျိုးတွဲ စားမိလျှင် အပူဝမ်း ပျက်ဖြစ်တတ်သည်။

- လက်ဖက်ခြောက်အဖန်ရည်တွင် သကြားထည့်၊ ဆားလှော်အနည်းငယ်ထည့် သောက်ပါ။

- မီးကွင်းဂမုန်းရွက်ကို ထန်းလျက်နှင့်ကျိုသောက်ပါ။

- စံပယ်ရွက်၊ မာလကာရွက်၊ သရက်ရွက်တို့ကို သကြားနှင့်ပြုတ်သောက်ပါ။

- ကွမ်းသီးခြမ်းကို သကြားနှင့်ပြုတ်သောက်ပါ။

- ပျားရည်နှင့်သံပရာရည်ကို ရေနွေးနှင့်ရောစပ်သောက်ပါ။

-အုန်းသီးစိမ်းအသားနုနု၏ အရည်ကိုဖောက်ပြီးလေမသလပ်အောင် ဖျော်ရည်သောက်သော ပိုက်ငယ်ဖြင့်စုပ်၍သောက်ပါ။

အသက်ရှူကျပ်လျှင်

ငုရွက်ကိုပြုတ်၍ ပူပူနွေးနွေးသောက်ပေးပါ။ ဝမ်းသက်ပြီးလျှင် အသက်ရှူချောင်စေသည်။

- ခရာပင်အရိုးအရွက်များကို နုပ်နုပ်စဉ်း၊ သကြားအနည်းငယ်ထည့်ပြီး ကျိုသောက်ပါ။

- ဥသျှစ်ရွက်ကို ထန်းလျက်ဖြင့်ရောကျိုသောက်ပါ။

- ရဲယိုရွက်ကို ငါးခူနှင့်ရောပြီးချက်စားပါ။ သို့မဟုတ် ဖက်ထုပ်ပေါင်းလုပ်စားပါ။

- ရဲယိုသီးအမှည့်ကို ထန်းလျက်နှင့်ခေါက်စားပါ။

အော့အန်လျှင်

- ချင်းစိမ်းကိုထောင်းပြီး အရည်ကိုယူပါ။

ဆားလှော်အနည်းငယ်စပ်တိုက်ပါ။

- ချင်းစိမ်းထောင်းရသော အရည်နှင့်ကြက်

သွန်နီဥထောင်းပြီး ညှစ်ယူရသောအရည်

ရောစပ်တိုက်ပါ။

- ပျားရည်နှင့်သံပရာရည် ရောစပ်တိုက်ပါ။

- ကျွဲနှာခေါင်းချိတ်ပင် နေလှန်းပြာချပြီး ချက်၍ရသောဆား(ရုက္ခမူဆား)ရွေးကြီး စေ့ခန့်ကို ရေကျက်အေးဖြင့်တိုက်ပါ။

အာလေးလျှာလေး

အရက်မူးလွန်၍ အာလေးလျှာလေးဖြစ်ခြင်း၊ လေဖြန်း၍အာလေးလျှာလေးဖြစ်ခြင်းများရှိသည်။

- ကြက်ဟင်းခါးရွက်အရည်ဖြင့် လျှာပွတ်ပေးပါ။

- မုတ်ခါးကိုကျောက်ပျဉ်တွင် သွေး၍လျှာပွတ်ပေးပါ။

- လေဖြတ်လျှင် စပါးကြီးသည်းခြေဖြင့်လျှာပွတ်ပေးပါ။

Read 145 times
Rate this item
(0 votes)
Last modified on Sunday, 28 April 2019 15:16