SJ WorldNews - шаблон joomla Авто

မှတ်ဥာဏ်ကောင်းစေတဲ့အမူအကျင့်များ

Sunday, 12 May 2019 14:37 Written by  font size decrease font size decrease font size increase font size increase font size

ကျန်းမာရေး

မှတ်ဥာဏ်ကောင်းစေတဲ့ ဆေးဝါးဆိုပြီး ရောင်းလာတဲ့အပေါ် အကောင်းဆုံး အဖြေပေးရရင် ''မဖြစ်နိုင်ဘူး''ဆိုရပါမယ်။ မှတ်ဥာဏ်ကောင်းစေတဲ့ အမူအကျင့်တွေတော့ရှိပါတယ်။ မြန်မာဓလေ့ထုံးစံနဲ့လည်း မမျှော်လင့်ဘဲ ကိုက်ညီနေတာတွေ့ရတယ်။ မှတ်ဥာဏ်ဟာ မွေးရာပါအရည်အချင်းဖြစ်ကာ ဆေးဝါး လုပ်ပြီးရောင်းချတဲ့အပေါ် ဆရာဝန်များမှတ်ချက်မပေးပါဘူး။ စာသင်လို့မရအောင် မှတ်ဥာဏ်နည်းသူ၊ မွေးရာပါလှုပ်ရှားလွန်ကလေး၊ အော်တစ်ဇင်ကလေးတွေရဲ့ ဦးနှောက်ကလွဲရင် လူတစ်ယောက်နဲ့ တစ်ယောက် သိပ်မကွာကြပါဘူး။ မွေးရာပါ အရည်အချင်းလို့ ဆိုရပါမယ်။

(၁) နံနက်စာကောင်းကောင်းစားရပါမယ်

နံနက်စာမစားဘဲထားရင် ခန္ဓာကိုယ်တွင်းသကြားဓာတ်လျော့နည်းကာ ဦးနှောက်ကို အာဟာရ မပို့နိုင်လို့ ဥာဏ်ထိုင်းစေတယ်။ နံနက်စာ ကောင်းစွာမစားတဲ့ ကျောင်းသားဟာ ''ဝမ်းဟာ'' နေတာ ကြောင့် ဆရာသင်ကြားပို့ချမှုကို အပြည့်အဝမခံယူ၊ မသင်ကြား၊ မမှတ်နိုင်တော့ဘူး။ အနောက်တိုင်း သားတွေ နံနက်စာကောင်းစွာစားပြီး တစ်နေကုန် အလုပ်လုပ်နိုင်ကြတယ်။ မြန်မာလူမျိုးကတော့ နံနက်စာ ဖြစ်သလိုစားသောက်ပြီး ညစာကိုတဝတပြဲစားတတ်တယ်။ အမှန်က ညဘက်အိပ်စက် နိုင်စေဖို့ သင့်တင့်ရုံသာစားပြီး အချိန်မှန်စား၊ အချိန်မှန်လုပ်၊ အချိန်မှန်အိပ်ပေးဖို့လိုအပ်ပါတယ်။

(၂) ဆေးလိပ်မသောက်သင့်ပါဘူး

ဆေးလိပ်သောက်ခြင်းကြောင့် နီကိုတင်းအပါအဝင် အဆိပ်ဓာတ်အများအပြား သွေးထဲရောက်သွားတယ်။ သွေးမှတစ်ဆင့် ဦးနှောက်ကိုရရှိနိုင်တယ်။ ဆေးလိပ်ငွေ့က သွေးကြောငယ်ကျုံ့စေကာ ဦးနှောက်အတွင်း အောက်ဆီဂျင်အရောက် နည်းစေ တယ်။ ဆေးလိပ်သောက်သူတွေ သတိမေ့တတ်ခြင်း ဖြစ်ပွားလွယ်ပါတယ်။

(၃) သကြားဓာတ်လျှော့ပြီးသုံးစွဲရမယ်

သက်ကြီးပိုင်းမှာ သကြားဓာတ်ကို စွမ်းအင်အနေနဲ့ ပြောင်းလဲပေးနိုင်မှု အားနည်းတယ်။ သွေးထဲမှာ သကြားဓာတ်စုပုံလာလို့ ပရိုတိန်းအသားဓာတ်စုပ်ယူမှု အားနည်းလာတယ်။ (၂၁)ရာစု ဆေးပညာ တွေ့ရှိမှုအရ သကြားဓာတ်များရင် ကင်ဆာဆဲလ် ပိုမိုတိုးလာတယ်။

(၄) လေသန့်ရှင်းဖို့လိုတယ်

သန့်ရှင်းလတ်ဆတ်တဲ့လေကို ရှူရှိုက်နိုင်ရမယ်။  လေသန့်မရှူရရင် ဦးနှောက်ဆီ အောက်ဆီဂျင်ဓာတ် အရောက်နည်းသွားလို့ မှတ်ဥာဏ်နည်းကာ ဥာဏ်ထိုင်းသလိုဖြစ်စေတယ်။

(၅) အအိပ်မများသင့်ပါဘူး

အိပ်ရင်အားရှိတယ်ထင်မှတ်ကာ  အလွန်အကျွံအိပ်ပါက ဦးနှောက်သေကျေပျက်စီးစေလို့၊ မှတ်ဥာဏ် စွမ်းရည် ကျဆင်းတတ်လို့ အလွန်အကျွံ မအိပ်မိစေဖို့ လိုအပ်ပါတယ်။

(၆) အိပ်ချိန်နည်းပါးလွန်းတာလည်းမဖြစ်သင့်ပါဘူး

လူတစ်ယောက်အိပ်ချိန် (၆-၈)နာရီရှိသင့်ပါတယ်။ အိပ်ရေးပျက်ရင် ဦးနှောက်အတွင်း သွေးစီးဆင်းမှု နှေးစေလို့ အောက်ဆီဂျင် အရောက်နည်းကာ မှတ်နိုင်စွမ်း ကျဆင်းပါတယ်။ အချို့စာမေးပွဲညမှာ မအိပ်ဘဲ စာကျက်မှတ်တာတွေဟာ နောက်နေ့မှာ ဘာမှမမှတ်မိတော့ဘူး။ စာမေးပွဲရက်တွေမှာလည်း အနည်းဆုံးအိပ်ချိန် (၆)နာရီပြည့်ပြည့်ဝဝအိပ်စက်ပေးမှသာ ကျက်သလောက်စာမှတ်နိုင်မယ်။

(၇) အိပ်နေချိန် ခေါင်းကိုပါစောင်ခြုံထားခြင်းမပြုသင့်ပါဘူး

အချို့လူတွေ ခေါင်းကိုစောင်ခြုံပြီးအိပ်တတ်တယ်။ တကယ်က စောင်ကိုကိုယ်မှာ လုံအောင်ခြုံပြီး အိပ်သင့်ပါတယ်။ ခြင်၊ ယင်၊ အင်းဆက်ပိုးမွှားများ ကိုက်ခြင်းမှကာကွယ်နိုင်မယ်။  ရာသီဥတုချမ်းအေးမှုကို ကာကွယ်နိုင်ပါတယ်။ အချို့ကခြင်ထောင် မသုံးဘူး။ မဖြစ်သင့်ပါဘူး။ မြန်မာနိုင်ငံမှာ ''ခြင်''ကပေါများတာကြောင့် ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ဆင်ခြေထောက်ရောဂါတွေဖြစ်နိုင်လို့ ခြင်ထောင်ထောင်ကာ နှစ်ခြိုက်စွာအိပ်သင့်ပါတယ်။ လိုအပ်တဲ့အောက်ဆီဂျင်ရရှိကာ ကာဗွန်ဒိုင် အောက်ဆိုက်မစုမိနိုင်ပါဘူး။

(၈) ဖျားနေရင်အနားယူသင့်တယ်

ဖျားနေရင် ကိုယ်ရောစိတ်ပါအနားယူရမယ်။ ကျောင်းသင်ခန်းစာတွေ ဆန္ဒစောကာ မလေ့ကျင့် သင့်ပါဘူး။ ဦးနှောက်ဟာ မနိုင်ဝန်ထမ်းရလို့ စွမ်းဆောင်ရည်ကျဆင်းစေပါတယ်။ စိတ်ပညာရှင်တို့က အစာစားနေစဉ် စာဖတ်ခြင်းကို  အားမပေးကြပါဘူး။  စာဖတ်ခြင်း၊  အလုပ်လုပ်ခြင်းစတဲ့ ဦးနှောက်စူး စိုက်ရတဲ့လုပ်ငန်းတွေမှာ အစားတစ်ဖက်နဲ့အလုပ်လုပ်ခြင်း ရှောင်ရှားသင့်ပါတယ်။

(၉) စဉ်းစားတွေးခေါ်မှုများများ လုပ်ပေးသင့်ပါတယ်

အချို့လူတွေက ဘာမှနက်နက်နဲနဲမစဉ်းစားခဲ့ကြဘူး။ ဦးနှောက်အရည် အသွေးတိုးတက်အောင် လေ့ကျင့်မပေးရင် ဆုတ်ယုတ်ဖွယ်ရှိပါတယ်။ ကိစ္စကြီးငယ်မဆို ဆင်ခြင်တုံတရားနဲ့ စဉ်းစားတွေး ခေါ်တဲ့ အလေ့အထရှိသင့်ပါ တယ်။ စာဖတ်ခြင်းက ဦးနှောက်ကို အာဟာရဖြည့်ပေးစေတာပဲဖြစ်တယ်။ သုတ ဖြစ်စေ၊ သုတရသဖြစ်စေ၊ ရုပ်ရှင်တစ်ကား၊ ဗီဒီယိုဇာတ်လမ်းတစ်ပုဒ်ကြည့် တာပဲလုပ်လုပ် ဦးနှောက်ကိုမှတ်မိစေလို့ ကြည့်သင့်တယ်။ စာဖတ်ခြင်းနဲ့ပတ်သက်လို့ မြန်မာလူထုမှာ လွဲမှားတဲ့ အယူအဆတစ်ရပ်ရှိတယ်။ စာဖတ်များလို့ ဂေါက်သွားကြောင်သွားတာတဲ့။ အမှန်က အိပ်ရေးပျက်တာများလို့ စိတ်ရောဂါရကာ သတိလက်လွတ်ဖြစ်သွားတာဖြစ်တယ်။ အသက်ကြီးရင့်သူတွေ အမှတ်နည်းလာပြီး အယ်ဇိုင်းမားရောဂါရ လာတတ်ပါတယ်။ စဉ်းစားတွေးခေါ်မှုပြုရာမှာ အချက်အလက်များများလေ့လာထားဖို့ လိုအပ်ပါတယ်။ ကိစ္စအလိုက်၊ ဆက်စပ်တဲ့အကြောင်းအရာအလိုက် ဝေဖန်သုံးသပ်သင့်ပါတယ်။ ဝေဖန်ရေးသားခြင်းက ဦးနှောက် ပိုမိုဖွံ့ဖြိုးတိုးတက်စေပါတယ်။

(၁ဝ) စကားများများပြောသင့်ပါတယ်

စကားနည်းခြင်းဟာ ဥာဏ်ထိုင်းစေတဲ့ အကြောင်းရင်းတစ်ရပ်လို့ဆိုတယ်။ တောင်စဉ်ရေမရစကား၊ အတင်းအဖျင်းများနဲ့ ဟောင်ဖွာဟောင်ဖွာပြောခြင်း တွေမဆိုလိုပါဘူး။ တစ်ဦးနဲ့တစ်ဦး ဝေဖန်စူးစမ်းမှု စကားများပြောဆိုခြင်း၊ ဗဟုသုတမျှဝေခြင်းနဲ့ အသိပညာဖလှယ်ခြင်းစတဲ့ပညာရပ်တွေ၊ စကားတွေ ပြောဆိုဖို့လိုအပ် ပါတယ်။ စကားနည်းလွန်းရင် ဖော်ပြပါအခွင့်အရေးတွေ လက်လွတ်သွား တတ်ရာ ဝေဖန်ဆန်းစစ်နိုင်တဲ့အတွေးအခေါ်လည်း နည်းပါးသွားစေခဲ့ပါတယ်။

(၁၁) တရားရှုမှတ်သင့်ပါတယ်

ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ တရားထိုင်ပေးခြင်းက မှတ်ဥာဏ်ရဲ့အရည် အသွေးထက်မြက်စေပါတယ်။ ''ပိဋကတ်သုံးပုံ အာဂုံဆောင်နိုင်တဲ့မှတ်ဥာဏ်''ကို တရားဘာဝနာပွားများခြင်း၊ တရားထိုင်ခြင်းတို့က များစွာအထောက်အကူပေးကြောင်း ဆွေးနွေးမေးမြန်းခဲ့ဖူးပါတယ်။ တရားထိုင်ထိုင်ချင်း စိတ်က လွင့်မျောနေကာ ဝင်လေသိခြင်း၊ ထွက်လေသိခြင်းနှစ်ခုမှာသာ အာရုံပြုရင် ခန္ဓာကိုယ်ရဲ့ ''ဖြစ်ပျက်'' မတည်မြဲခြင်းကို ဆင်ခြင်တတ်လာကာ တရားထူးတရားမြတ်တွေလည်း အဆင့်ဆင့် တက်လှမ်း လာနိုင်ပါတယ်။ ဆရာပြဖို့တော့  လိုအပ်ပါတယ်။  ဆရာမပါဘဲ တရားထိုင်ခြင်းက ဘာသာရေးထက် ''ယောဂကျင့်စဉ်''ဖြစ်တယ်။

အချမ်းသာဆုံးစည်းစိမ်မှာ  ဥာဏ်ပညာဖြစ်တယ်။ ငွေကုန်ကြေးကျမကုန်ဘဲ အနည်းငယ် လွဲနေတာမျိုး ကို တည့်မတ်ပေးရုံနဲ့ အသိဥာဏ်ကောင်းစေတဲ့ နည်းလမ်းတွေ ဖော်ပြလိုက်ခြင်းဖြစ်တယ်။ ပညာကို သင်ယူတတ်မြောက် လွယ်ခြင်းဆိုတာ ဦးနှောက်အသိဥာဏ်(IQ)ကောင်းရုံမက အီးကျူ(EQ) ပေါင်းသင်းဆက်ဆံမှုနဲ့ စိတ်ဓာတ်မြင့်မားမှု (SQ) တို့ပါဝင်နေလို့ စိတ်ကောင်းထားပေးဖို့လည်း လိုအပ် လာပါတယ်။

Read 292 times
Rate this item
(0 votes)
Last modified on Sunday, 12 May 2019 14:39