SJ WorldNews - шаблон joomla Авто

နောင်တမရအောင် ကွမ်းယာကိုရှောင်

Monday, 27 May 2019 09:44 Written by  font size decrease font size decrease font size increase font size increase font size

ကွမ်းယာဘယ်ကစသလဲ၊ အနော်ရထာမင်းကြီး လက်ထက်မှာ ဗျတ္တက ပုပ္ပားတောင်ကနေ ပန်းဆက်တာ မနက်တစ်ခါ၊ ညနေတစ်ခါ ရှိခဲ့ဖူးတယ်။

လူအများသိတာက ''ပန်းဆက်လမ်း၊ ပန်းဆက်သမား ဗျတ္တ၊ စံပယ်ပွင့်ချိန်၊ ပိတောက်ပွင့်ချိန် တစ်နေ့နှစ်ခါ အမြဲတမ်းဆက်သရတာ သူ့အလုပ်၊ ဘုရင်မင်းမြတ်ကြီးနဲ့ ''ပန်းဆက်''တာက သိပ်ပြီး ဟုတ်ဟန်မတူပါဘူး။ အိန္ဒိယသားတွေက ကွမ်းရွက်ကို ''ပန်''လို့ခေါ်တော့ ပန်းဆက်တာမဖြစ်နိုင်။ ''ပန်ခေါ် ကွမ်းရွက် မနက်တစ်ခေါက်၊ ညတစ်ခေါက် ဆက်သရတာ ဖြစ်ဖို့ များနေပါတယ်။ ဒါဆိုရင် ''ကွမ်းယာ''ကို အနော်ရထာက စသလား။ ရခိုင်ရာဇဝင်မှာ နန်းတော်ထဲကတိုင်တွေ ထုံးတို့လွန်းလို့ သည်တစ်ခါ ''ထုံးတို့လက်ဖြတ်စေ'' အမိန့်ချပြီး ကိုယ်တိုင်ထုံးတို့မိလို့ လက်ညှိုးဖြတ်ရတဲ့ ရာဇဝင်ကြောင့် ကွမ်းယာက ရခိုင်ကစသလား၊ ဒါမှမဟုတ် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အဦးအစရာမညသား မွန်လူမျိုးတွေက စသလား။  မြန်မာကျေးလက်မှာ ဧည့်သည်လာရင် ကွမ်းအစ်တည်၊ ဆေးလိပ်တည်တဲ့ဓလေ့က ယနေ့တိုင် ရှင်သန်ဆဲဖြစ်နေတယ်။

ကွမ်းစားတဲ့နိုင်ငံတွေ ပြုစုသမျှမှာ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ မြန်မာ၊ ဘူတန်နိုင်ငံလောက်ပဲရှိတယ်။ သည်နိုင်ငံတွေကလွဲရင်  မလေးရှား၊ အင်ဒိုနီးရှား၊  ကမ္ဘောဒီးယား၊  လာအိုနဲ့  ထိုင်း အနည်းငယ် စားလာကြပါတယ်။ လကမ္ဘာမှာ အနီရောင် အကွက်ကြီး တွေ့ခဲ့လို့ ''လကမ္ဘာမှာ မြန်မာတွေ ခြေချနိုင်ပြီလား'' အသောဖောက်ရအောင်မြန်မာတို့ ကွမ်းစားကြသလို ကွမ်းသွေး၊ ကွမ်းတံတွေး ထုတ်ထွေးပစ်တာလည်း စည်းကမ်းမဲ့ပါတယ်။   ဘယ်လိုပဲရှင်းရှင်း   လမ်းက ညစ်ပတ်ပေရေနေ၊ အဆောက်အအုံက၊ အခန်းက ညစ်ပတ်ပေရေနေတာတွေ ကွမ်းတံတွေး ကွက်ကြောင့်ပဲဖြစ်တယ်။

ခံတွင်းကင်ဆာဟာ ကမ္ဘာကို ခြိမ်းခြောက်နေတဲ့ ကင်ဆာရောဂါတွေထဲမှာ အဆင့်(၁၁)ဆင့်ရှိပြီး ကင်ဆာရောဂါကြောင့် သေဆုံးမှုတွေမှာ အဆင့်(၆)နေရာ ရပ်တည်နေတယ်။ ခံတွင်းကင်ဆာ လူနာသစ် ၄ဝ၅ဝဝ နှစ်စဉ် တိုးပွားနေကာ သုံးပုံနှစ်ပုံမှာ မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံတွေပဲဖြစ်တယ်။

မြန်မာနိုင်ငံမှာ ခံတွင်းကင်ဆာဟာ အမျိုးသားတွေမှာ အဆင့်(၆)၊ အမျိုးသမီးတွေမှာ အဆင့်(၁ဝ) ပ်တည်နေတယ်။ ခံတွင်းကင်ဆာ သတ်မှတ်ခံရပြီး ငါးနှစ် အသက်ရှင်မှုဟာ ၂ဝ ရာခိုင်နှုန်းသာ ရှိသောကြောင့် အသေအပျောက် များလှတဲ့ ကင်ဆာရောဂါပဲဖြစ်ပါတယ်။

ခံတွင်းကင်ဆာဖြစ်ပွားရတဲ့ အကြောင်းရင်းတွေက (၁) ဆေးငုံခြင်း၊ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်းတို့ဖြစ်တယ်။ မြန်မာနိုင်ငံမှာ ယင်းအချက်တွေကြောင့် ကင်ဆာဖြစ်ပွားမှု ၈ဝ-၉ဝ ရာခိုင်နှုန်း ဖြစ်နေတယ်။

(၂) အရက်အလွန်အကျွံ သောက်သုံးခြင်းက ဝေဒနာရှင် အားလုံးရဲ့ ၇၅-၈ဝ ရာခိုင်နှုန်းဟာ အရက်သောက်တာ ခုံမင်တယ်။ (၃) နေရောင်ထိတွေ့မှု များခြင်းမှာ နေရောင်ခြည်ဟာ နှုတ်ခမ်းအပြင်သားကင်ဆာဖြစ်စေတဲ့အထိ အဓိအကြောင်းရင်းဖြစ်တယ်။ (၄) ပူစပ်သော အစားအစာများ စားသုံးခြင်း၊ ငရုတ်ကောင်း၊ ငရုတ်သီးလွန်ကြူးစွာ စားသုံးသူတွေမှာ ခံတွင်းကင်ဆာရှိတယ်။ (၅)အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အမျှင်များတဲ့ အစာ နေ့စဉ်စားသုံးမှု နည်းပါးခြင်း၊ ဗီတာမင်အေ၊ စီ၊ အီးနဲ့ သံဓာတ်ကြွယ်ဝတဲ့ အစားအစာ စားသုံးမှုနည်းပါးရင် ခံတွင်းကင်ဆာဖြစ်နိုင်ပါတယ်။ (၆) အချို့ဗိုင်းရပ်အိပ်ခ်ျပီဗွီ HPV-Human Papilloma Virus) ဟာ ခံတွင်းကင်ဆာနဲ့ ဆက်စပ်နေတယ်။ (၇)မျိုးရိုးဗီဇကြောင့် အဘိုး၊ အဘွား၊ မိဘ၊ ညီအစ်ကိုမောင်နှမတွေမှာ ဖြစ်ရင် ဖြစ်နိုင်ခြေပိုများပါတယ်။ (၈) ထိခိုက်ရှနာ အမျိုးမျိုး ဥပမာ-သွားကျိုးပဲ့နေခြင်း၊ ချွန်နေခြင်း၊ ရှနေခြင်းများ၊ တပ်ဆင်ဖို့မသင့်လျော်တဲ့ ကျိုးပဲ့နေတဲ့အံကပ်၊ အံကပ်ချိတ်များ၊ သွားဖာထားတဲ့နေရာက ကျိုးပဲ့နေတာမျိုး၊ ကျိုးပဲ့ပျက်စီးကာ ရှနေတဲ့အသေစိုက် သွားတုတွေမှာ၊ Crown & Bridge ကွမ်းယာမှာ ပါဝင်တဲ့အမယ်ထဲမှာ ကင်ဆာဖြစ်စေတဲ့ ဓာတ်ပစ္စည်းများ တွေ့ရှိပါတယ်။ ဆေးရွက်ကြီးမှာ ကင်ဆာဓာတ်၊ ကွမ်းသီးထဲမှာ အရိုကိုလင်း၊ ဂါဗာဆင်တို့ပါဝင်နေလို့ ခံတွင်းကင်ဆာ ဖြစ်ပွားစေနိုင်သလို ပိုပြီးပြန့်ပွားစေပါတယ်။ ''ရှားဆေး''ကလည်း ခံတွင်းကို ပူလောင်စေရုံမက ကင်ဆာဖြစ်ပွားမှုကို ဆိုးဝါးပျံ့နှံ့စေပါတယ်။ ထုံးမှာ ခံတွင်းကို ကျိန်းစပ်စေခြင်း၊ ထုံးပေါက်ခြင်း၊ လောင်စေခြင်းတို့အပြင် ပျော့ပျောင်းနေတဲ့ ခံတွင်းသားကို တင်းမာလာစေတယ်။ ကွမ်းယာနဲ့အရက်ကို တွဲဖက်သုံးစွဲလေ့ ရှိသူတွေမှာ အရက်က ကင်ဆာဖြစ်ပွားစေတဲ့ ဓာတုပစ္စည်းတွေ ခံတွင်းအတွင်းက စုပ်ယူနိုင်မှု ပိုမိုအားကောင်းစေ ပါတယ်။

ခံတွင်းကင်ဆာရဲ့ကြိုတင် လက္ခဏာတွေက  ရက်သတ္တ နှစ်ပတ်ကျော် ကြာတဲ့အထိ ပျောက်ကင်းခြင်းမရှိတဲ့ ခံတွင်းအတွင်းသား အနာများရှိခြင်း၊လျှာ၊ လျှာခေါင်း၊ ပါးစောင်၊ အာခေါင်မိုး၊ သွားဖုံး စတဲ့နေရာတွေမှာကင်ဆာအကြိုအနာအဖြစ်သံသယဖြစ်ဖွယ် မလိုင်ဖတ်လို အဖြူရောင် သို့မဟုတ် အနီရောင်အလွှာတွေ ကပ်ငြိနေခြင်း၊ ခြင်ထောင်ဇာလိုအကွက်များ ခံတွင်းအတွင်း ပေါ်လာခြင်း၊ မူလကပျော့ပျောင်းနေတဲ့ ခံတွင်းအတွင်းသားတွေ တင်းမာလာခြင်း၊ အရောင်ပြောင်းလာခြင်း၊ ဖြူလာခြင်း၊ ပါးစပ်ကို မူလလောက်မဟနိုင်တော့ခြင်း၊ပါးစောင် အတွင်းသားတွေမှာ အလုံးအကျိတ် စမ်းမိခြင်း၊ခံတွင်းထဲမှာ အနာတစ်ခုခုရှိနေပြီး မေးရိုးအောက် တစ်လျှောက်နဲ့ လည်ပင်းအရှေ့ပိုင်းတစ်လျှောက်မှ ညှပ်ရိုးအထိ လက်နဲ့စမ်းကြည့်ရာမှ အလုံးအကျိတ် စမ်းမိခြင်း၊ အခြားအကြောင်း မရှိဘဲ အစာ၊ရေ မျိုချရာမှ နာကျင်ခြင်း၊ခက်ခဲခြင်း၊ အနာမကျက်ခြင်းတို့ ပါဝင်တယ်။

မိသားစုဆရာဝန်မှ တစ်ဆင့် ကင်ဆာအထူးကု သမားတော်တွေ နဲ့ ပြသသင့်ပါတယ်။ ကုသမှုနည်းလမ်းတွေ၊ လူနာရဲ့ကင်ဆာ အရွယ်အစား၊ ပျံ့နှံ့မှုပမာဏ၊ အသက်၊ ဆွေးနွေးတွက်ချက်ကာ တစ်မျိုးထက်ပိုတဲ့ ကုသမှုကို အသုံးပြုပါတယ်။ ခွဲစိတ်ကုသမှု၊ ကင်ဆာဆေးသွင်းကုသခြင်း၊ ဓာတ်ရောင်ခြည်ပေးကုသခြင်း၊ တစ်နည်းထက်ပိုမို ပေါင်းစပ်ကုသခြင်းတို့ဖြစ်တယ်။

ဘေးထွက်ဆိုးကျိုးရှိပါတယ်။ ကွမ်းယာယဉ်ကျေးမှုဟာ တောရောမြို့ပါ အံ့မခန်း ကူးစက်လာကာ ကွမ်းယာစီးပွားရေးလုပ်ကိုင်မှု များလာနေတယ်။ ကွမ်းစားဆေး အမျိုးမျိုး၊ ဓာတုဆိုးဆေးနဲ့   မွှေးရနံ့ထည့်ကာ သုံးစွဲလာကြတယ်။  ကွမ်းယာ လွန်လွန်ကဲကဲ စားသုံးလို့ ခံတွင်းကင်ဆာ ဖြစ်နှုန်း သိသာစွာမြင့်လာပါတယ်။

ပတ်ဝန်းကျင်လူနေမှု ဆိုးကျိုးတွေ ရှိနေတယ်။ ကင်ဆာကုသရာမှာ ကုန်ကျစရိတ်များခြင်း၊  အချိန်ကြာမြင့်စွာ ကုသမှုခံယူရခြင်း၊ အောင်မြင်စွာ ကုသပေးပြီး ရောဂါပျောက်ကင်းတဲ့ အခြေအနေမျိုးမှာ  မေးရိုးနဲ့ခံတွင်းအင်္ဂါအချို့  ခွဲစိတ်ဖြတ်တောက်ရသလို  ကင်ဆာဆေးသွင်းခြင်း၊ ဓာတ်ရောင်ခြည်ပေးကုသခြင်းတို့အထိ ပါဝင်ရလို့ ဆေးရဲ့ဘေးထွက် ဆိုးကျိုး များလှပါတယ်။ အချိန်ပေးပြုစု စောင့်ရှောက်ရလို့ မိသားစု ဝန်ထုပ်ဝန်ပိုးဖြစ်ရတယ်။ ကိုယ်နေ့စဉ် လုပ်ကိုင်ဆောင်ရွက်နေတဲ့ ဝင်ငွေရလမ်းတွေ ဆောင်ရွက်နိုင်ခြင်းမရှိတော့လို့   မိသားစုဝင်ငွေ နည်းလာကာ စီးပွားရေး ပျက်သွားရတယ်။

ကွမ်းသမားတွေဟာ အချိန်ကြာကြာပါးစောင်မှာကွမ်းငုံခြင်း၊ ဆေးငုံခြင်းဓလေ့တွေက ကင်ဆာဆဲလ်တွေ တိုးပွားနေစေသလို ဖြစ်နေတယ်။ ဆေးရွက်မှာပါတဲ့ နီကိုတင်းကြောင့် ကွမ်းယာကို စွဲလမ်းကာ ဖြတ်မရဖြစ်နေရပါတယ်။

ကွမ်းတံတွေးကို လက်လွတ်စပယ်ထွေးလို့ ပတ်ဝန်းကျင် ညစ်ပတ်ပေရေနေတယ်။ သွားနဲ့သွားဖုံး ကွမ်းချိုးစွဲထင်ကာ အရွယ်ရင့်စေတယ်။ ဥပဓိရုပ် ကျဆင်းစေနိုင်တယ်။

ကွမ်းစားတာဟာအရည်မရအဖတ်မရလို့ဆိုကြတယ်။ကွမ်းတံတွေးကိုမျိုချလို့ ရေရှည်ခန္ဓာကိုယ်ကလက်မခံဘူး။ ထွေးပစ်ရတယ်။ ငွေကုန်ခံပြီးဘာကြောင့် စားရသလဲဆိုရင် ဆေးလိပ်ကိုကွမ်းနဲ့ဖြတ်၊ အရက်ကို ကွမ်းနဲ့ဖြတ်လို့၊ အဆွယ်ကောင်းလို့ ကွမ်းစားတယ်။ ကွမ်းမှာပါတဲ့ ဆေးရွက်ကြီးကြောင့် ကွမ်းကိုဖြတ်ရ ခက်ခဲလာတယ်။ ကွမ်းစားလို့ ကင်ဆာရောဂါဖြစ်စေတယ်။သည်အတွက် ကုန်ကျမှုများလာတယ်။   နောင်တမရအောင် ကွမ်းယာကို ရှောင်သင့်ပြီဖြစ်တယ်။   

ဒေါက်တာလွင်သန့်

Read 82 times
Rate this item
(0 votes)
Last modified on Monday, 27 May 2019 09:46