SJ WorldNews - шаблон joomla Авто

မိုးရာသီအတွက် ဆောင်ရန် ရှောင်ရန် အစားအစာလေးများ

Saturday, 20 July 2019 13:55 Written by  font size decrease font size decrease font size increase font size increase font size

မုတ်သုံရာသီနှင့်အတူ အအေးမိနှာစေး၊ ချောင်းဆိုးရောဂါ၊ ရာသီတုပ်ကွေးရောဂါ၊ သွေး လွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ အရေပြားရောဂါစသည့် ကူးစက်ရောဂါများ ဖြစ် လာနိုင်သည်။ ထို့ပြင် အစာအဆိပ်သင့်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ အစာအိမ်နှင့် အူ များရောင်ရမ်းခြင်းတို့လည်း ဖြစ်လာနိုင်သည်။

ရှေးခေတ် မြန်မာကြီးများ လက်ထက်တွင် မိုးရာသီဓာတ်စာအဖြစ် ပျားရည်၊ ထန်းလျက် ရည်၊ သံပရာရည် ဤသုံးမျိုးကို တစ်ကျပ်သားစီ ဆတူရော၍ ဝါဆိုလပြည့်ကျော် ၁ ရက် မှစပြီး သုံးရက်တိတိ တစ်နေ့လျှင် ဆေးတစ်ဖုံ ကုန်အောင်စားလေ့ရှိကြသည်။   ၎င်း ဓာတ်စာက မိုးတွင်းရာသီတစ်ခုလုံး မည်သည့်ရောဂါမျှ မဖြစ်လာနိုင်ဟုဆိုသည်။ ထို့ ကြောင့် သင့်မိသားစု ကျန်းမာရေးအတွက် မိုးရာသီတွင်  ဆောင်ရန်၊  ရှောင်ရန်     အစားအစာလေးများကို အောက်ပါအတိုင်း အကြံပြု မျှဝေလိုက်ရပါသည်-

·        ဆီဖြင့်ကြွပ်ကြွပ် ကြော်ထားသော အစာများက အစာကြေညက်စေရန် ခက်ခဲပြီး   အစာခြေစနစ်ကိုပါ ပြဿနာဖြစ်စေနိုင်သည်။ ထို့ကြောင့် ချမ်းအေးသော မိုးရာသီ တွင် ဆီပါဝင်မှုနည်းသော အစားအစာမျိုးကိုသာ ရွေးချယ် စားသောက်သင့် သည်။

·        ကျန်းမာရေးနှင့် မညီညွတ်သော လမ်းဘေး အစားအစာများနှင့် ယင်နားစာများ က ဝမ်းရောဂါ ဖြစ်စေနိုင်သည့်အပြင် အစာအဆိပ်သင့်ခြင်းပါ ဖြစ်လာနိုင်၍ ၎င်း အစားအစာများကိုရှောင်ပါ။

·        လွန်စွာချဉ်သော အစားအစာများက ခန္ဓာကိုယ်တွင်း အရည်ဓာတ်နှင့် ဆီးတို့ကို ချုပ်စေတတ်သည်။

·        ကြက်ဟင်းခါးသီး၊ ကင်းပုံခါးသီး၊ ခွေးတောက်ရွက်ကဲ့သို့သော ခါးသော ဟင်းသီး ဟင်းရွက်များက ပြင်ပရောဂါပိုးများ ကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်သည်။

·        မည်သည့် အစားအစာမဆို လတ်လတ်ဆတ်ဆတ် စားသုံးပါ။

·        အငန်ဓာတ်က ခန္ဓာကိုယ်ထဲရှိ အရည်ဓာတ်ကို ချုပ်တည်းစေနိုင်သည်။ထို့ကြောင့် ဆား(အငန်)လျှော့စားပါ။

·        ဖရဲသီးကဲ့သို့သော အရည်ရွှမ်းသောအသီးများကို မိုးရာသီမှာ မစားသင့်ပေ။ အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်စေတတ်သည်။

·        ကွေကာအုပ်က မိုးရာသီအတွက် ဆေးဖက်ဝင်သော ဓာတ်စာတစ်မျိုးဖြစ်သည်။

·        မိုးရာသီအတွက် အသင့်လျော်ဆုံး ဆီအမျိုးအစားမှာ သံလွင်ဆီဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သံလွင်ဆီက စေးပျစ်ခဲခြင်းမရှိဘဲ အစာကြေညက် လွယ် သည်။ မုန်ညင်းဆီ၊ ပဲဆီ၊ နှမ်းဆီတို့က ချမ်းအေးသောရာသီမှာ ခန္ဓာကိုယ်တွင်း ဇီဝဖြစ် စဉ်ကို ကမောက်ကမ ဖြစ်စေနိုင်၍ ၎င်းဆီများကို မုတ်သုံရာသီတွင် ရှောင်ရှားသင့် သည်။

·        အထူးသဖြင့် မိုးအေးလွန်းသည့် နေ့များမှာ ညစာစားပါက ပျော့သော၊ ကြေညက် လွယ်သော ဟင်းလျာမျိုးကိုသာ စီမံချက်ပြုတ်၍ စားသုံးပါ။

·        မုတ်သုံရာသီမှာ အဆီဓာတ်ပါဝင်မှုများသော နို့နှင့် နို့ထွက်ပစ္စည်းများကို မစား သင့်ပေ။ ၎င်းတို့က  အစာခြေစနစ်ကို ခက်ခဲစေကာ   အစာခြေ လမ်းကြောင်း အတွင်း ရောဂါပိုးမွှားများ ပေါက်ပွားလာစေတတ်သည်။

·        ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်ကောင်း၊ ဇီရာ၊ နံနံပင်၊ နံနံစေ့၊ နနွင်း စသည့် ဟင်း ခတ်အမွှေးအကြိုင်များက မုတ်သုံရာသီအတွက် သက်စောင့်ဆေးဖြစ်သည်။

·        အစားအစာများကို ပူပူနွေးနွေး သုံးဆောင်နိုင်က အကောင်းဆုံးဖြစ်သည်။

·        အေးခဲထားသော အစားအစာများထဲတွင် ဗက်တီးရီးယားများ တိုးပွားလာ စေနိုင် သဖြင့် ရေခဲသေတ္တာထဲတွင် ပြန်လည်အေးခဲ၍  မစားသင့်ပေ။ အခန့်မသင့်ပါက အစာ အဆိပ်ဖြစ်စေနိုင်သည်။

·        ဟင်းသီးဟင်းရွက်များကို ချက်ပြုတ်ပြီးသည့်အခါ အပူပေး၍ စားနိုင်ပါက အကောင်းဆုံး ဖြစ်သည်။

·        မိုးရာသီတွင် မချက်ပြုတ်ဘဲ အစိမ်းစားရသော ဟင်းရွက်စိမ်းအသုပ်များကို အတတ်နိုင်ဆုံး ရှောင်ပါ။ သို့မဟုတ်ပါက သေသေချာချာ ဆေးကြောသန့်စင်ပါ။

·        ဝမ်းဗိုက်ထဲ မအီမသာခံစားရပါက အုန်းရည်သောက်ပါ။

·        အအေးမိ၊   တုပ်ကွေးနှာစေးခြင်းမှ   ကြိုတင်ကာကွယ်သည့်အနေဖြင့် ဗီတာမင် စီဓာတ်ကြွယ်ဝသော ဂေါ်ဖီကို စွပ်ပြုတ်လုပ်၍  မကြာခဏစားပေးပါ။ (ဗီတာမင်စီ ဆေးပြားလေးကို ဖြည့်စွက်စာအဖြစ် မှီဝဲနိုင်သည်)

·        မိုးရာသီဖြစ်သော်လည်း ရေအလုံအလောက်သောက်ရန်လိုအပ်သည်။

မုတ်သုံရာသီတွင် ဖြစ်တတ်သော ရာသီတုပ်ကွေးဖျားနာများသည် ကိုယ်အပူချိန် မြင့် တက်လွန်းခြင်း၊ ဝမ်းပျက်ဝမ်းလျှော၍ ခန္ဓာကိုယ်တွင်း ရေဓာတ်ခန်းခြောက်ခြင်းများ ဖြစ် နိုင်သဖြင့် ကြိုတင် ကာကွယ်သည့် အနေဖြင့် ရေများများ သောက်ပေးသင့်သည်။ အကယ်၍ ရေဘုံပိုင်မှရသော ရေဖြစ်ပါက ဦးစွာရေကို ကျိုချက်ပြီးမှသာ အအေးခံ၍ သောက်ပါ။

·        အအေးမိသူများတွင် နှာခေါင်းနှင့် လည်ချောင်းရှင်းစေရန်အတွက် လက်ဖက် ရည်ကြမ်း(ရေနွေး)ကိုသာ သောက်သုံးသင့်သည်။

·        အအေးမိခြင်းနှင့် လည်ချောင်းနာခြင်းတို့အတွက် ချင်းအနည်းငယ်ကို ထောင်းပြီး  ရေနွေးပူမှာ  တစ်မိနစ်ခန့် ဆူအောင်ပြုတ်၍ တစ်နေ့နှစ်ခွက် သောက်ပါ။

·        ကိုယ်ခံစွမ်းအားကောင်းမွန်၍ အအေးမိနှာစေး၊ ချောင်းဆိုး၊ တုပ်ကွေး စသည့် ကူးစက်ဝေဒနာ ရာသီဖျားမှ ကြိုတင်ကာကွယ်သည့်အနေဖြင့် ကြက်သား သို့မ ဟုတ် ကြက်ရိုးကို  ကြက်သွန်ဖြူ၊ ချင်းတို့ဖြင့် စွပ်ပြုတ် ပူပူသောက်ပါ။

·        အအေးမိ၍ လည်ချောင်းနာ အသံဝင်ခြင်းတို့အတွက် နွားနို့ပန်းကန်လုံး ထဲသို့ ပျားရည်နှင့် နနွင်းမှုန့်တို့ကို လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်စီရော၍ တစ်နေ့ နှစ်ကြိမ်သောက်ပါ။

·        ဝမ်းပျက်ဝမ်းလျှောပါက ရေဓာတ်ခန်းခြောက်ခြင်းမှ ကာကွယ်နိုင်ရန်အတွက်  ဓာတ်ဆားရည် တစ်ခုခုကို သောက်ပါ။ ဓာတ်ဆားရည် အလွယ်တကူမရပါက ရေကျက်အေးလေးခွက်၌ သကြားလက်ဖက်ရည်ဇွန်းရှစ်ဇွန်း၊ ဆားလက်ဖက် ရည်ဇွန်းတစ်ဇွန်း ထည့်ဖျော်ပြီးသောက်ပါ။

·        မိုးမိလာပြီးနောက်  ချမ်းစိမ့်စိမ့်ဖြစ်လာပါက  ချင်းပါးပါးခုနစ်လွှာနှင့်  ထန်းလျက် သုံးခဲတို့ကို   ရေသုံးခွက်တစ်ခွက်တင်ကျို၍   နံနက်၊ ည တစ်ခွက်စီသောက်ပါ။

·        ဒိန်ချဉ် တစ်ဖန်ခွက်ထဲသို့ ကြံသကာကို ထောင်းထု၍ ဖျော်ထည့်ပါ။ ၎င်း ဖျော်ရည်ထဲကို ငရုတ်ကောင်းမှုန့်နှင့် ဆားအနည်းငယ်ထည့်၍ နံနက်တိုင်း အိပ် ရာထမှာစားပေးပါ။ ဤဆေးဖျော်ရည်က မိုးဥတုတွင်သာမက ဆောင်းဥတုတွင် ပါဖြစ်လေ့ရှိသော နှာစေးရောဂါကို သုံးရက်အတွင်းသက်သာ ပျောက်ကင်းသွား စေသည်။ (ကြံသကာအဟောင်းရနိုင်လျှင် ပို၍ကောင်းပါသည်)

·        ရာသီဥတု ကူးပြောင်းခါစမှာ အအေးမိနှာစေး၊ ချောင်းဆိုး စသည့်ကူးစက် ရာသီ ဖျားများ ဖြစ်လေ့ရှိသဖြင့် ပိုက်ဆံအိတ်ထဲမှာ ဖျားနာကိုက်ခဲပျောက် ဆေးပြား လေး အရန်သင့် ဆောင်ထားသင့်ပါသည်။

မိုးရေစက်တွင် ပါလာလေ့ရှိသော သဘာဝအက်စစ်ပျော့များနှင့် စိုထိုင်း ထိုင်းထိတွေ့ မှုက အသားအရေနှင့် ဆံသားတွေကို ပျက်စီးစေတတ်သည်။ ထို့ကြောင့် မိုးမိလာသော အခါ ရေခပ်နွေးနွေးဖြင့်ရေချိုးပါ။ မှိုပိုးမွှားအန္တရာယ်မှ ကာကွယ်ပေးနိုင်သည့် ကာဘော် လစ်ဆပ်ပြာ သို့မဟုတ်  ဒတ်တောလ် ခေါ် ပိုးသေစေနိုင်သော ကိုယ်တိုက်ဆပ်ပြာ မျိုးသုံးပါ။ အနံ့အသက်ကောင်းပြီး သန့်ရှင်းခြောက်သွေ့သည့် မျက်နှာသုတ်ပဝါသုံးပါ။ ရေချိုးပြီးသော အခါတွင်လည်း လိုအပ်ပါက ယားနာပျောက် ကိုယ်လိမ်းပေါင်ဒါ သို့မ ဟုတ် ခရင်မ်လိမ်းပေးပါ။ မိုးရေထဲမှာ ပျော်ဝင်နေသော အက်စစ်ပျော့က အသားအရေ ကို ခြောက်သွေ့ယားယံစေသဖြင့် ညအိပ်ရာဝင်ခါနီး အသားလှဆီ သို့မဟုတ် ရေဓာတ် များသော ညလိမ်းမျက်နှာလိမ်း ခရင်မ်ကို    လိမ်းအိပ်သင့်သည်။

မိုးရာသီလေထု စိုထိုင်းမှုကြောင့် ဝက်ခြံပိုမိုပွား လာစေတတ်သည်။ ထို့ကြောင့် ဗီတာ မင်စီကို အခြေခံ၍ ဖော်စပ်ထုတ်လုပ်ထားသော မျက်နှာသစ်ဆပ်ပြာကို ရွေးချယ်သုံး သင့်သည်။  မိုးရေထဲရှိ  သဘာဝအက်စစ်ပျော့ ဓာတုပစ္စည်းက ဆံသားတွေကို ခြောက် သွေ့ပျက်စီးစေနိုင်၍ ရေစိုနေသော ဆံပင်ကို သုံးနေကျ ရှန်ပူဖြင့်ခေါင်းလျှော်ပါ သို့မ ဟုတ် မျက်နှာသုတ် ပဝါသန့်သန့်ဖြင့် မိုးရေတွေ ကုန်စင်ခြောက်သွေ့အောင်သုတ်ပါ။   အမျိုးသမီးများအနေဖြင့် မိုးရေကြောင့် အလှမပြယ်ရလေအောင် ရေစိုခံမိတ်ကပ်၊ ရေစို ခံပေါင်ဒါ သို့မဟုတ် ခရင်မ်ပပ်ဖ်၊  ရေစိုခံနှုတ်ခမ်းဆိုးဆေး၊ ရေစိုခံအိုင်းလိုင်နာလေးတွေ ရွေးသုံး ပေးခြင်းဖြင့်လည်း မိုးရာသီအတွင်း ကျန်းမာလှပ နေနိုင်ကြပါစေကြောင်း  အကြံပြု လိုက်ရပါသည်။  

ပေါက်ပေါက်

Read 195 times
Rate this item
(0 votes)
Last modified on Saturday, 20 July 2019 13:57