SJ WorldNews - шаблон joomla Авто

သွေးတိုးနှင့်အစာ

Friday, 02 August 2019 10:46 Written by  font size decrease font size decrease font size increase font size increase font size

လူတစ်ယောက်မှာ သွေးတိုးရှိပြီဆိုပါက အပြီးပျောက်ကင်းတဲ့ ရောဂါမဟုတ်ကြောင်း သိသင့်ပါတယ်။ ၂ဝဝဝ ပြည့်နှစ်က ကမ္ဘာ့လူဦးရေ လေးပုံတစ်ပုံ (၂၅ ရာခိုင်နှုန်း)မှာ သွေးတိုးရှိကာ လူ ၁ ဒသမ ၅ ဘီလီယံဟာ သွေးတိုး ခံစားကြရတယ်။ ၂ဝ၂၅ ခုနှစ်မှာ သွေးတိုးဖြစ်ပွားသူ ၆ဝ ရာခိုင်နှုန်းထိ မြင့်တက်လာနိုင်မယ် ခန့်မှန်းထားတယ်။

သွေးတိုးဟာ ကူးစက်ရောဂါ မဟုတ်ပေမယ့် မျိုးရိုးလိုက်တတ်တယ်။ အသက်ကြီးလေ  သွေးတိုးဖြစ်နိုင်ခြေ များလေဖြစ်ကာ  အသက် ၆ဝ၊ ၆၉ နှစ်အတွင်းရှိ လူကြီးတစ်ဝက်ခန့် သွေးတိုးရောဂါဖြစ်တယ်။ အသက် ၇ဝ နဲ့ အထက်မှာ လေးပုံတစ်ပုံခန့် သွေးတိုးလူနာ ဖြစ်သွားကြတယ်။ သွေးတိုးရောဂါဆိုတာ အသက်အရွယ်မရွေး ဖြစ်တတ်ပြီး အပေါ်သွေး ၁၄ဝ မီလီမီတာ ပြဒါးနဲ့အထက် အောက်သွေး ၉ဝ မီလီမီတာပြဒါးနဲ့ အထက်မြင့်တက်နေခြင်းကို ဆိုလိုတယ်။

နာတာရှည်သွေးတိုးရောဂါမှာ အဓိကထိခိုက်နိုင်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေက ဦးနှောက်၊ မျက်စိ၊ နှလုံး၊ ကျောက်ကပ်နဲ့ခြေထောက်မှ သွေးကြောတို့ဖြစ်တယ်။   လေဖြတ်ခြင်း၊  သူငယ်ပြန်ခြင်း၊  စိတ်ယိုယွင်းခြင်း၊ မှတ်ဉာဏ်ချို့တဲ့ခြင်း၊ မျက်စိအမြင်အာရုံ ထိခိုက်ခြင်း၊ ဘယ်ဘက်နှလုံးအိမ် ကြီးခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ နှလုံးကြောင့် ဖောရောင်ခြင်း၊ နာတာရှည် ကျောက်ကပ်ပြီးစီးခြင်း၊ ခြေထောက်သွေးကြော

ကျဉ်းခြင်းရောဂါ လက္ခဏာတို့ ခံစားရနိုင်ပါတယ်။ ကျောက်ကပ်ရောဂါကြောင့် သွေးတိုးဖြစ်ပွားမှုနည်းပေမယ့် သွေးတိုးရောဂါ သေချာမကုရင် ကျောက်ကပ်ပျက်စီးတယ်။

သွေးတိုးရောဂါကို သွေးပေါင်ချိန်တိုင်းကာ သတ်မှတ်တယ်။ သွေးပေါင်ချိန်ကို တိကျစွာတိုင်းဖို့ လိုပါတယ်။ ကျန်းမာရေး လုပ်သားတို့ သွေးပေါင်ချိန် တိကျစွာ  မတိုင်းလို့   သွေးတိုးရဲ့ ဆိုးကျိုးခံစားခဲ့ရပါတယ်။ သာမန်သွေးတိုးရောဂါ က ဆေးထိုးဖို့ မလိုပါဘူး။ ခေတ်ပေါ်ဒစ်ဂျစ်တယ် သွေးပေါင်ချိန်တိုင်း ကိရိယာတွေဟာ   လူတွေ အားကိုးအားထား ပြုလောက်ပါတယ်။

ဒစ်ဂျစ်တယ်သွေးပေါင်ချိန်တိုင်း ကိရိယာတွေမှာ လျှပ်စစ်မီးနဲ့ ဘက်ထရီ(ဓာတ်ခဲ)နဲ့ ချိတ်ဆက်ပြီးရင်   လေအိတ်အဝတ်ပတ်ရာမှာ  အင်္ကျီဆွယ်တာ၊ အခြားအင်္ကျီဝတ်ပြီး မတိုင်းသင့်ဘူး။ လက်မောင်း ပတ်လည်အရှည် သုံးပုံနှစ်ပုံ ရှိသင့်တယ်။  လက်မောင်းစက်နဲ့ နှလုံးတို့ဟာ တစ်တန်းတည်း ရှိသင့်တယ်။

ရော်ဘာအိတ်မှ ဖိအားတင်လိုက်ရင် ကျပ်သွားပြီး အမြင့်ဆုံးအမှတ်မှ အနိမ့်ဆုံး အမှတ်ဖြတ်သန်းပြီးရင် တိုင်းတာတဲ့သူရဲ့ သွေးပေါင်ချိန်နဲ့ သွေးခုန်နှုန်းပါ တစ်ခါတည်း ပေါ်လာပါတယ်။

သွေးတိုးရောဂါ ကုသရာမှာရှိသင့်တဲ့ သွေးပေါင်ချိန်ဟာ ရောဂါအမျိုးအစားအလိုက် ကွာခြားတယ်။ အုပ်စု(၁)ဆီမှာ အသားဓာတ်များနေသူများ၊ တစ်နေ့ ဆီးထဲ ပရိုတိန်း ၁ ဂရမ်အထက် စွန့်နေသူများ၊ ဆီးချိုရောဂါရှင်များမှာ ထားရှိသင့်တဲ့ သွေးပေါင်ချိန်က ၁၂၅/၇၅ မီလီမီတာပြဒါးဖြစ်တယ်။

အုပ်စု(၂)နာတာရှည် အသက်ရှူလမ်းကြောင်း ရောဂါ၊ နာတာရှည်နှလုံး သွေးကြောရောဂါများ၊ နာတာရှည်ကျောက်ကပ် အားနည်းရောဂါများ၊ ဆီးချိုရောဂါ၊ ဆီးထဲပရိုတိန်းပါသူများဖြစ်တယ်။ သွေးပေါင်ချိန်ကို (၁၃ဝ/၈ဝ) အောက်မှာ ထားသင့်တယ်။

အုပ်စု(၃)သမား၊ အပေါ်အုပ်စုနှစ်ခုမှ မပါသူတွေမှာ သွေးပေါင်ချိန်ကို (၁၄ဝ/၉ဝ) မီလီမီတာပြဒါး ထားသင့်တယ်။ သွေးတိုးရောဂါကို သေသေချာချာ မကုရင် ကျောက်ကပ်ပျက်စီးခြင်း မလွဲမသွေဖြစ်မယ်။ ကျောက်ကပ်ပျက်စီးရင် ကျောက်ကပ်ဆေးပြီး ကုရတယ်။ ကျောက်ကပ် တစ်ခါဆေးရင် တစ်နေ့ငွေကျပ် ၅ဝဝဝဝ နဲ့အထက် ပေးရတယ်။ တစ်ပတ်တစ်ခါမှ တစ်ရက်ခြားတစ်ခါအထိ ရောဂါပေါ်မူတည်ပြီး ဆေးရပါတယ် သို့မဟုတ် ကျောက်ကပ် လဲလှယ် ရပါမယ်။

သွေးတိုးကို နည်းလမ်းနှစ်သွယ်နဲ့ ကုသနိုင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှု ပုံစံနဲ့ပြုပြင်နေထိုင်ခြင်း၊ ဆရာဝန် ညွှန်ကြားတဲ့ သွေးပေါင်ကျဆေး သောက်ခြင်းတို့ဖြစ်တယ်။   ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှု ပုံစံနဲ့ပြင်နေထိုင်ခြင်း၊    ဆရာဝန်ညွှန်ကြားတဲ့ သွေးပေါင်ကျ ဆေးသောက်ခြင်းတို့ဖြစ်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့နေထိုင် စားသောက်မှုပုံစံနဲ့ ပြုပြင်နေထိုင်ခြင်း၊ ဆရာဝန် ညွှန်ကြားတဲ့ သွေးပေါင်ကျဆေး သောက်ခြင်းတို့ဖြစ်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်

စားသောက်မှုပုံစံမှာ ရှိသင့်ရှိထိုက်တဲ့ ဘီအမ်အိုင်ရှိရမယ်။ ဘီအမ်အိုင်ဆိုတာ ကိုယ်အလေးချိန်(ကီလိုဂရမ်)ကို အရပ်အမြင့်မီတာ(နှစ်ထပ်ကိန်း)နဲ့ စားလို့ရတဲ့ ရလဒ်ဖြစ်လို့  အလေးချိန်များရင် ဘီအမ်အိုင်မြင့်မယ်။ သာမန် ဘီအမ်အိုင်မှာ ၁၈ ဒသမ ၉ မှ ၂၄ ဒသမ ၉ ဖြစ်ပြီး  ဘီအမ်အိုင် ၃ဝ မှာ အဝလွန်သူပဲဖြစ်တယ်။ ဘီအမ်အိုင် ၃၆-၄ဝ ကို  ပိုပြီးဝသူ ဘီအမ်အိုင် ၄ဝ နဲ့အထက် အလွန်အမင်းဝသူဖြစ်တယ်။

အငန်လျှော့စားရမယ်။ လူတစ်ယောက်နေ့စဉ် ဆားသုံးစွဲမှုဟာ ၆ ဂရမ်ထက် မပိုသင့်ပါ။  ဆိုဒီယမ် ၂ ဒသမ ၄ ဂရမ်နဲ့ညီမျှတယ်။ ဆားလက်ဖက်ရည် ဇွန်းငယ်တစ်ဇွန်း အရွယ်ဆိုလိုတယ်။ ဟင်းချက်ရာမှာ ဆားအငန်သတိထား လျှော့ချက်ဖို့လိုတယ်။ အချိုမှုန့်၊ ကြက်သားမှုန့်မှာ မိုနိုဆိုဒီယမ်ဂလူကိုနိက် ဆားတစ်မျိုးပဲဖြစ်ကာ အချိုမှုန့်၊ ကြက်သားမှုန့် ပိုစားသူတွေမှာ သွေးတိုးနဲ့ ဆီးချိုထိန်းလို့ မရတတ်ဘူး။  ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ သနပ်မျိုးစုံတို့ကို ရှောင်ကြဉ်ဖို့လည်း လိုပါတယ်။  ခန္ဓာကိုယ်ပုံမှန် အားကစားနေ့စဉ် နာရီဝက်မှ တစ်နာရီအပြေး၊ လမ်းလျှောက်၊ ရွရွပြေး၊ ရေကူး၊ စက်ဘီးစီး တစ်ခုခုလုပ်ပေးသင့်ပါတယ်။ ပိုလျှံတဲ့ ကယ်လိုရီတွေ ချွေးအဖြစ် ထွက်စေလို့ အဝလွန်ခြင်း၊ သွေးတိုးတို့မှ ကာကွယ်ပေးနိုင်တယ်။ အရက်၊  ဘီယာ၊ ဆေးလိပ်၊ ကွမ်းယာ ရှောင်သင့်တယ်။ ရေဆာရင် ရေပဲသောက်ပြီး အချိုရည်၊ ဘီယာ၊ အရက် မသောက်သင့်ပါဘူး။ အရက်နဲ့ဘီယာဟာ သွေးကိုလျင်မြန်စွာ ညစ်နွမ်းစေလို့ ရေများများသောက်ဖို့ လိုတယ်။ ကွမ်းစားရင် အငန်ပိုစားတယ်။

သွေးတိုးလူနာ တစ်ဦးချင်းစီရဲ့ လိုအပ်ချက်ကို လိုက်ကာ ဆရာဝန်ဖြစ်သူက သွေးပေါင်ကျဆေး ရွေးချယ်ပေးတယ်။ ရည်ရွယ်ထားတဲ့ သွေးပေါင်ချိန် မရောက်မချင်းဆေးကို တိုးပေးတတ်တယ်။ တစ်မျိုးတည်းနဲ့ သွေးပေါင်မကျတတ်သူကို နှစ်မျိုး သို့မဟုတ် သုံးမျိုး အက်ဒဖင်း(Adaphins-5)နဲ့ ဆီးဆေး(Chlorothizide  40  mg တွဲပေးတာက  ဘေးထွက်ဆိုးကျိုး နည်းတယ်။

သွေးတိုးလည်း ကျစေလို့ ပေးတယ်။ တစ်နှစ်မှာ သုံးလ တစ်ခါလောက် မိသားစု ဆရာဝန်နဲ့ပြသကာ အကူအညီ ယူသင့်ပါတယ်။    

ဒေါက်တာလွင်သန့်

Read 94 times
Rate this item
(0 votes)
Last modified on Friday, 02 August 2019 10:47