SJ WorldNews - шаблон joomla Авто

ကင်ဆာရောဂါကုသရာတွင် အထောက်အကူပြုသော မြန်မာ့ဆေးဖက်ဝင် အပင်များ(၁၅)

Monday, 12 August 2019 11:42 Written by  font size decrease font size decrease font size increase font size increase font size

တိုင်းရင်းဆေး ဆေးပင်များတွင် ''မအို၊ မနာ၊ မသေ'' ဟူသော အပင်သုံးပင်ရှိသည်။ တိုင်းရင်းဆေးဆရာများ အစဉ်အဆက်ကလည်း ယုံကြည်စွာသုံးစွဲခဲ့ကြသည်။ ဆေးဖော်ခဲ့ကြသည်။ လက်တွေ့တွင်လည်း ထိုဆေးများ ကိုသုံးစွဲသူများ အသက်ရှည်ခဲ့ကြသည်ကိုတွေ့မြင်ရ သည်။

မအိုသောအပင် - ဥနှဲပင် (အရပ်အခေါ် အုန်းနှဲပင်၊ဆေးရိုးပင်)

မနာသောအပင် -ငုပင်နှင့်ငုသီး (ငုသီးအတွင်းမှ အနှစ်ကိုမည်သည့်အခါမှ ပုပ်သိုးခြင်း၊ အရောင်ပြောင်း ခြင်းမရှိသဖြင့် ရောဂါအမျိုးမျိုးအတွက် ဆေးဖော်ကြ သည်။)

မသေသောအပင် - ဆင်တုံးမနွယ် (ဆင်သမ နွယ်ဟုလည်းခေါ်သည်။) ဆင်တုံးမနွယ်ပင်ကိုခုတ်ပြီး အပိုင်းပိုင်းဖြတ်သော်လည်း ပြန်စိုက်လျှင် အမြစ်ထွက်လာပြီး ပြန်ရှင်နိုင်သည်။

တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း အနေဖြင့် အချို့ကမအိုခြင်းသည် ငုပင်၊ မနာခြင်းသည် ဥနှဲပင်၊ မသေခြင်းသည် ဆင်တုံးမနွယ်ပင်ဖြစ် သည်ဟုလည်းမူကွဲရှိသည်။ အချို့က မပုပ်ခြင်းသည် ပျားရည်ဟု ထပ်တိုးထားသည်လည်းရှိသည်။

အထက်ပါ မအို၊ မနာ၊ မသေပင်များထဲမှ စာရေး သူ ယနေ့တင်ပြလိုသည့် အပင်တစ်ပင်မှာ ဥနှဲပင် (အုန်းနှဲပင်၊ ဆေးရိုးပင်) အကြောင်းဖြစ်သည်။ စာရေးသူကိုယ်တွေ့ စက်ရုံညစောင့် အဖိုးကြီး တစ်ဦးတွင် လည်ပင်း၌သံပရာသီးလုံးခန့် အကျိတ်ထွက် နေသည်ကို တွေ့ရဖူးသည်။ အကျိတ်ထွက်သည်မှာ ခြောက်လကျော်တစ်နှစ်အတွင်းရှိပြီဟုဆိုသည်။ ပထမ ထွက်ခါစက လည်ချောင်းနာပြီးအပူကန်သလိုဖြစ်ရာမှ အစာမျိုလျှင် နင်သလိုဖြစ်သည်။ ထို့နောက် လည်ပင်း၏ လက်ယာဘက်ဘေးတွင် မန်ကျည်းစေ့ခန့် အကျိတ် ငယ်လေးထွက်လာရာမှ တဖြည်းဖြည်း ကြီးလာသည်ဟုဆိုသည်။ ဇာတိပ္ဖိုလ်သီးသွေးလိမ်းဖူးသည်။ ကျီးအာ ပင်အမြစ် သွေးလိမ်းဖူးသည်။ ရဲလာပြီး ပြည်ပေါက်မလို ဖြစ်သော်လည်းနောက်ပိုင်းတွင် အကျိတ်ကပိုမာလာ ပြီး နာလည်းမနာ အစာမျိုလျှင် အနည်းငယ် နင်သလို ဖြစ်သည်ကလွဲ၍ ထူးခြားမှုမရှိသဖြင့် အပူဆေးများ ဆက်မလိမ်းတော့ဘဲနေသည်ဟုဆိုသည်။

ထိုလည်ပင်းတွင် အကျိတ်ထွက်လာသောအဖိုးကြီး သည် ညစောင့်၊ ခြံစောင့်ဟုဆိုသော်လည်း သူ့အလုပ်မှာ ရံဖန်ရံခါ မီးပျက်သည့်အခါများတွင် မီးစက်နှိုးပေးရ သည်။ မီးစက်မှာအကြီးစားဒီဇယ်အင်ဂျင် မီးစက်ကြီးဖြစ်သည်။ စက်နှိုးလျှင်ထွက်လာသော အိတ်ဇောအခိုးအငွေ့ များကို ရှူရှိုက်မိရာမှ ဤကဲ့သို့ အကျိတ်ထွက်သည် ဟုယူဆရသည်။ ဒီဇယ်အင်ဂျင်မှထွက်သော အခိုးအငွေ့ များသည် လေထုညစ်ညမ်းစေပြီး အဆုတ်ကိုလည်း ထိခိုက်စေနိုင်သဖြင့် အနောက်တိုင်းနိုင်ငံကြီးများ တွင် မြို့တွင်းသွားလာသည့်ကားများတွင် ဒီဇယ်အင်ဂျင်အသုံးပြုခြင်းကိုခွင့်မပြု၊ ကန့်သတ်လာပြီဟုဖတ်ရှုရသည်။ စာရေးသူတွေ့ကြုံဖူးသောကျောင်းဆရာ၊ နောက်ပိုင်း တွင် ကျောင်းအုပ်ကြီးနှင့် အငြိမ်းစားယူသွားသူတစ်ဦးတွင်လည်း ဤသို့လည်ပင်းအကျိတ်ထွက်သည်ကိုတွေ့ရ ဖူးသည်။ သူ၏မိသားစုသားသမီးများ ငွေကြေးတတ် နိုင်သူ များဖြစ်ပြီး ဆရာဝန်များလည်းပါရှိသဖြင့် သူ့ကို ခေတ်မီဆေးရုံကြီးများတွင် ကုသပေးကြသည်။ သူ့ ရောဂါမှာအဆုတ်ကင်ဆာဖြစ်သည်ဟုဆိုသည်။ ထိုသို့ အဆုတ်ကင်ဆာဖြစ်ရခြင်း မူလဇာစ်မြစ် အကြောင်းအရင်း မှာသူ၏ ကျောင်းဆရာဘဝ တစ်လျှောက်လုံးတွင် မြေဖြူ ကိုင်ပြီးကျောက်သင်ပုန်းနှင့် စာရေးစာသင်ပေးခဲ့ရာမှ မြေဖြူအမှုန်များ အသက်ရှူ လမ်းကြောင်းမှ တစ်ဆင့် အဆုတ်အတွင်းသို့ဝင်ရောက်ပြီး အစိုင်အခဲဖြစ်ကာ အကျိတ်ဖြစ်ရာမှ ကင်ဆာကျိတ်အဖြစ်သို့ ပြောင်းလဲခဲ့ သည်ဟုဆိုသည်။ ထိုကင်ဆာကျိတ်များသည် ပြန့်ပွား လာပြီး လည်ပင်းတွင်လည်း အကျိတ်ထွက်လာမှ သတိပြု မိပြီးကုသသောအခါ များစွာနောက်ကျသွားပြီဟု ဆိုသည်။

 ရှေးကကျောင်းဆရာများသည် မြေဖြူကိုင်၍ စာသင် ခဲ့ကြသူများသာဖြစ်သည်။ သူ့တွင် အဆုတ်ကင်ဆာဖြစ်ရခြင်းမှာသူ၏ ကံအကြောင်းတရားဟုလည်းဆိုနိုင်ပေ သည်။ ရောဂါတစ်ခုသည် တစ်ဦးတွင်ဖြစ်သဖြင့် အခြားအလားတူတစ်ဦးတွင်လည်းဖြစ်ရမည်ဟု ပုံသေကားချပ် မပြောနိုင်ပေ။

စာရေးသူကြားသိသမျှ ဆက်လက်တင်ပြရလျှင် ကင်ဆာရောဂါကုသသူများမှာ တန်ဖိုးကြီးထိုးဆေး၊ စားဆေးများသုံးစွဲကြရသည်။ ငွေကြေးမတတ်နိုင်သူများ ဆေးမဝယ်နိုင်သဖြင့် အသက်ဆုံးရှုံးဖွယ်သာ ဖြစ်သည်ဟုဆိုကြသည်။ အကျိတ်ကင်ဆာအတွက် သွင်းရသည့် ကီမို (ခေါ်) ကင်ဆာကျိတ်ကိုကျုံ့သွားစေသည့် ဆေး တစ်ပုလင်း၏တန်ဖိုးမှာ ထုတ်လုပ်သော နိုင်ငံအပေါ် မူတည်ပြီး သိန်းဂဏန်းနောက်တွင် သုညနှစ်လုံးမှာသုံး လုံးအထိရှိနိုင်သည်ဟုဆိုသည်။ ထိုဆေးထိုးလိုက်လျှင် အကျိတ်မှာ ဆက်မပွားတော့ဘဲရပ်တန့်သွားပြီး ကျုံ့သွား နိုင်သည်ဟုဆိုသည်။ အကျိတ်အရွယ်အစားပေါ်မူတည် ၍ ဆေးပုလင်း လေးပုလင်းအထက် သွင်းပြီးသည့်အခါ ကုန်ကျစရိတ်မှာလည်းသိန်းရာချီပြီး နိုင်ငံခြားသွားကု သူများဆိုလျှင် သိန်းထောင်ချီပြီးကုန်ကျနိုင်သည်။

ဆေးကုနိုင်သူများအသက်ရှည်သည်ဟုဆိုသော်ငြား လည်း စာရေးသူသိသောဆရာကြီးမှာ တစ်နှစ်ကျော် နှစ်နှစ်နီးပါးဆေးကုသမှုခံယူပြီးဆေးဒဏ်ကြောင့် ဆံပင် များကျွတ်၊ မျက်နှာဖောရောင်၊ အစားအသောက်မစား နိုင်၊ ပိုက်များဖြင့်အစာသွင်း၊ ဆေးသွင်းကုသမှုခံယူရင်း ဆုံးပါးသွားသည်ကိုကြားသိရသည်။

လွန်ခဲ့သောလပိုင်းက ကားဂိတ်တစ်ခုတွင် မမျှော်လင့် ဘဲညစောင့်အဖိုးကြီးကိုတွေ့မိသည်။ သူ့နံဘေးတွင် အထုပ်အပိုးများနှင့်ဖြစ်သည်။ စာရေးသူသည် ရုတ်တရက် ယခင် နှစ်နှစ်ကျော်က သူ့လည်ပင်းတွင် အကျိ တ်ထွက် နေသည်ကို ပြန်လည်သတိရမိသည်။ သူ့အနားသို့သွား သည်။ သူ့ကို နှုတ်ဆက်စကားပြောသည်။ နေကောင်း ရဲ့လားမေးသည်။ သူကနေကောင်းပါသည်။ အသက်အရွယ်ရလာ၍ ညစောင့်အလုပ်မလုပ်တော့ဘဲ တော သို့ပြန်၍ မူလတောင်ယာအလုပ်ပြန်လုပ်ရင်းခေါင်းချတော့မည်ဟုပြောသည်။ သူသည် ကျန်းမာနေပုံရသည်။

အနည်းငယ်ပို၍ အိုစာသွားသည်ကလွဲ၍သိပ်မပြောင်း လဲ။ ယခင်ကစာရေးသူတွေ့ဖူးသည့် သူ့လည်ပင်း မှ အကျိတ်မှာလည်းမရှိတော့သည်ကို သတိထားမိ သည်။ သူ့ကိုအာလာပသလ္လာပ စကားများပြောပြီးနောက် သူ့လည်ပင်းမှ အကျိတ်အကြောင်းသွယ်ဝိုက်ပြီးမေး သည်။ မည်သို့ပျောက်သွားသည်ကို စကားစပ်မိ၍ မေးသည့်ပုံစံနှင့် မေးမြန်းသည်။ သူကလည်း စိတ်ရှည် လက်ရှည် ပြောပြသည်။ သူသည် ခြံစောင့်တစ်ဦးဖြစ် ၍ သူ့လည်ပင်းမှအကျိတ်ကိုဆရာဝန်၊ ဆေးခန်းများဖြင့် လည်းမပြ မကုသဖူးပါ။ ဆေးမြီးတိုဖြင့် ဇာတိပ္ဖိုလ် သီး၊ ကျီးအာမြစ်၊ တောရှောက်မြစ် စသည်များသာသွေး လိမ်းဖူးသည်။ မသက်သာ။ သူသည် ရွာသို့တစ်ခေါက်ပြန် သွားသေးသည်။ ရွာတွင် ရွာဦးကျောင်းဘုန်းကြီးကို သွားကန်တော့သည်။ ဆရာတော်ကသူ့လည်ပင်းမှ အကျိတ်ကိုတွေ့ရှိသောအခါ အပူကျိတ်ပဲ..ဘာမှမခဲယဉ်းပါဘူး။ ဥနှဲရွက်ကို ပြုတ်သောက်။ အခြောက် လှန်းပြီးရေနွေးကြမ်းမှာလက်ဖက်ခြောက်ခတ်သောက်။ အပူကန်တဲ့ အဖုအကျိတ်မှန်သမျှ ဥနှဲကနိုင်တယ်ကွဟု မိန့်သဖြင့် ရွာတွင်ဆေးရိုးအဖြစ်သုံးစွဲသော ဥနှဲပင်၏ အရိုးရောအရွက်များပါယူလာပြီး ပြုတ်သောက်သည်။

အခြောက်လှန်းထားပြီးလက်ဖက်ခြောက်ခတ်သောက် သည်။ တဖြည်းဖြည်းလည်ချောင်းမှ အစာမျိုရတာ ကောင်းလာသည်။ တဖြည်းဖြည်းအကျိတ်ကလည်း ပျော့ပြီးသေးလာသလိုထင်ရသည်။ လက်ဖက်ခြောက် ကိုမသုံးစွဲတော့။ ရေနွေးအိုးတည်ပြီး သတ္တုကရားတွင် ဥနှဲရွက်ခြောက်ကိုသာ လက်ဖက်ခြောက်ခတ်ပြီး နေ့ရောညပါ သောက်နိုင်သမျှ သောက်သည်။ ယခု တစ်နှစ်ကျော် နှစ်နှစ်အတွင်းရောက်သောအခါ ဥနှဲ၏ ထူးခြားသောသတ္တိဖြင့် သူ့လည်ပင်းမှ အကျိတ်မှာ အလျှင်းပျောက်သွားပြီဖြစ်ကြောင်း ပြောပြသည်။

တောရွာအသုံး အုန်းနှဲပင်(ဥနှဲပင်)

 တောရွာများတွင် ရှေးကပြောင်းဖူးဖက် ဆေးလိပ် လိပ်သောက်ကြသည်။ ပြောင်းဖူးဖက်ဆေးလိပ်သည် အလိပ်ကြီးသည်။ ကလေးငယ် လက်မောင်းအရွယ်ရှိသည်။ ဆေးရွက်ကြီးကို အမှုန့်ပြုလုပ်ပြီး မီးစွဲစေရန် ဆေးရိုးအဖြစ် ဥနှဲပင်မှ ဥနှဲကိုင်းသစ်သားကိုခပ်သေး သေးနုပ်နုပ်စဉ်းပြီး ခြောက်အောင်နေလှန်းကာ အသုံး ပြုကြသည်။ ဥနှဲသားသည် မီးစွဲပြီးမီးခိုးမထွက်သည့် အကောင်းဆုံးဆေးရိုးဖြစ်သည်။ ဆေးရွက်ကြီးအမှုန့် ဥနှဲသားတို့ကိုရောပြီး မန်ကျည်းမှည့်၊ ထန်းလျက်ရည် တို့ဖြင့် သမအောင်ရောမွှေ... ဒယ်အိုးကြီးဖြင့် အပူ ပေး... လှော်ထားသောဆေးစပ်မှာ ဆေးလိပ်လိပ်ရန် အတွက် အကောင်းဆုံးဆေးစပ်ဖြစ်ပြီးဆေးလိပ်မီးညှိ လိုက်သောအခါ ချိုသော၊ မွှေးသောအနံ့ထွက်လာ သဖြင့် အနားမှလူများပင် ကြိုက်နှစ်သက်ကြသည်ဟု ဆိုသည်။

အချို့တောရွာများတွင် ဆေးလိပ်ဆေးရိုးအတွက် ဥနှဲပင်များ သီးသန့်စိုက်ပျိုးထားကြရုံ သာမက အပင်များကို ခပ်စိပ်စိပ်စိုက်ပြီး ရှည်လာလျှင်ထိပ်ပိုင်းကို ဖြတ်ပေးကာ ခြံစည်းရိုးအဖြစ် ပြုလုပ်ကြသည်။ ဥနှဲ ပင်ခြံစည်းရိုးသည် ခွေးပင်မတိုးနိုင်ဟု ဆိုကြသည်။

ကျေးလက်စကားပုံအဖြစ် 'စိန်ကောင်းကျောက်ကောင်း ရောင်းတဲ့နေရာဆေးရိုးသည်က ကန့်လန့်ကန့်လန့်' ဟူသောစကားပုံရှိသည်။ ဥနှဲသီးများသည် ရဲနေအောင်မှည့်ပြီး ချိုသဖြင့် ကလေးများသရေစာအဖြစ် စားသုံးနိုင်သည်။ အသီး မှာသိပ်မကြီး။ ရွေးကြီးစေ့ထက် အနည်းငယ်သာပို၍ ကြီးသည်။ ဥနှဲပင် အောက်ခြေတွင် အသီးမှကျ၍ ပေါက်သောပင်ပေါက်ကလေးများစွာ တွေ့ရလေ့ရှိသည်။ မြို့ကြီးများတွင် ပန်းပင်ပျိုးပင်ရောင်းသူများသည်  ဥနှဲပင်ကို ပင်ပုလေးဖြစ်အောင် ဖြတ်တောက်ပြီး ဘွန်ဆိုင်းပင်အဖြစ် ဈေးကြီးကြီးဖြင့် ရောင်းချလေ့ရှိ သည်။ ဥနှဲပင်သည် အပူဒဏ်၊ ရေငတ်ဒဏ်ခံနိုင်ပြီး တောမီးလောင်လျှင်ပင် အငုတ်မှ ပြန်အတက်ထွက်ပြီး ရှင်သန်နိုင်သော အပင်မျိုးဖြစ်သည်။ ပင်ပုကလေးဖြစ်ပြီး အလွန်အမင်းမကြီးထွား (မအို)သဖြင့် မအို ဥနှဲဟု ခေါ်ကြခြင်းဖြစ်မည် ထင်သည်။

 ရုက္ခဗေဒအမြင် အုန်းနှဲပင်(ဥနှဲပင်)

ရုက္ခဗေဒအမြင်ဖြင့် ဥနှဲပင်ကို နှစ်ရှည်ခံပင်ဖြစ်သော်လည်း အပင်ကြီးအဖြစ် မသတ်မှတ်ဘဲ ချုံပင်ကြီး အနေဖြင့်သာ သတ်မှတ်သည်။

Streblus asper Lour.

Famaly; Moraceae

Crooked Rough-Bush, toothbrush tree

ဤအပင်ကို အချို့နိုင်ငံများတွင် အရိုးကိုသွားတိုက်တံ အဖြစ် အသုံးပြုသောကြောင့် (Toothbrush tree) ဟုခေါ်ခြင်း ဖြစ်သည်။ အပင်ကို ထိခိုက်မိလျှင်ဒဏ်ရာမှ အဖြူရောင်နို့စေးများ ထွက်လာတတ်သည်။ တစ်ပင် တည်း လိင်စုံသောာသညသနခငသကျ အမနန ဖြစ်သည်။ တစ်ပင် တည်းတွင် အဖိုပွင့်အမပွင့် နှစ်မျိုးစလုံးရှိသည်။ အရွက် များမှာ ရွက်ထီးရွက်လွှဲထွက်သည်။ အကိုင်းအခက် များက အဖြူရောင်၊ မီးခိုးရောင်ဖြစ်ပြီး တွဲလျားကျကာ မာကျောခိုင်ခံ့သည်။ အကိုင်းအခက်ရှုပ်ထွေးသည်။ အပင်အလှဆင်သူများ သွပ်နန်းကြိုးနှင့်တုတ်ပြီး လိုသလို  ပုံသွင်းနိုင်သည်။ (Rf; Dr. Thet Naing Oo, Botanist)

အာယုဗေဒအလိုဆေးရိုးပင်

ဆေးရိုးပင်၏ ဆေးဖက်ဝင်ပုံကို အရှင်နာဂသိန်၏ ဆေးကျမ်းတွင် ဤအပင်သည် နူနာ၊ ပြည်ကုသလာ သရောနာ၊ လေနာ၊ သလိပ်နာ၊ အတိသာရဝမ်းရောဂါ၊ ဝမ်းကိုက် ပိတ်ဝမ်းသွား၊ ခယရုဂ်ကြောင့်ဖြစ်သော လည်ချောင်းအာခေါင်ရှိ အဖုအကျိတ်များပျောက်၏။ အစေးသည် တွန့်ရှုံ့စေတတ်၏။ ရောဂါဖြစ်စေသော ပိုးများ ဖျက်ဆီးပယ်ဖျောက်တတ်၏။ အရည်သည် အဖုအပိမ့်အနာများကို လိမ်းဆေးအဖြစ်အသုံးပြုနိုင် ၏။ အခေါက်ပြုတ်ရည်သည် ဖျားခြင်း၊ အတိသာရ ဝမ်းရောဂါ၊ ဝမ်းကိုက်ခြင်းတို့တွင် သုံးနိုင်သည်။ မကျက် သောအနာ၊ အနာအို၊အနာမင်းတို့ကို အခေါက်ကို လိမ်းနိုင်ပါသည်။ အမြစ်စိုကို မြွေဆိပ်ဖြေဆေးသုံးနိုင် သည်။ သွေးဝမ်းရောဂါ သွေးအားနည်းရောဂါများတွင် လည်း သုံးနိုင်သည်ဟု ဖော်ပြထားသည်ကို ဖတ်ရှုရပါ သည်။ ။

 

ကြည်လွင်မြင့်(မုဒြာ)

Read 100 times
Rate this item
(0 votes)
Last modified on Monday, 12 August 2019 11:58