SJ WorldNews - шаблон joomla Авто

မျက်စိဝေဒနာရှင် များအား အခမဲ့ ခွဲစိတ်ကုသ

Wednesday, 21 August 2019 10:02 Written by  font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ၌   ထီလာဦး မျက်စိအထူးကုဆေးရုံနှင့် မလှိုင်မြို့ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အသင်းတို့ ပူးပေါင်း၍ သတ္တမအကြိမ်မြောက် မျက်စိဝေဒနာရှင်များအား ထီလာဦး မျက်စိအထူးကုဆေးရုံ၌ သြဂုတ် ၁၇ ရက်မှ ၁၉ ရက်အထိ အခမဲ့ခွဲစိတ် ကုသပေးကြောင်း သိရသည်။

''အခုလို မျက်စိခွဲစိတ်ပေးရာမှာ လာရောက်ပြသတဲ့ လူနာတွေ  သွားလာရေးနဲ့  စားသောက်ရေးအတွက် မလှိုင်မြို့ ရှစ်မျက်နှာ ဆရာတော်ကြီးနဲ့   မလှိုင်မြို့နယ်အတွင်းရှိ  ကုသိုလ်ရှင်များ၊  မိတ္ထီလာမြို့နယ်မှ ကုသိုလ်ရှင်များက ပံ့ပိုး ကူညီ ပေးခဲ့ပါတယ်''ဟု ထီလာဦးအထူးကုဆေးရုံမှ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာခင်ဇော်ထွန်းက ပြောသည်။

ထိုသို့ကုသပေးရာတွင် မြန်မာနိုင်ငံမျက်စိ ဆရာဝန် အသင်းမှ မျက်စိဆရာဝန်ကြီးများနှင့် သီတဂူအာယုဒါန ဆေးရုံမှ ဒေါက်တာ ဒေါ်မိမိခင် ဦးစီးသည့် ဆေးရုံဝန်ထမ်းများက မိတ္ထီလာ၊ မလှိုင်၊ တောင်သာ၊ ရပ်စောက် မြို့နယ်တို့မှ  အတွင်းတိမ်မျက်စိ ဝေဒနာ ခံစားနေရသည့် မျက်စိဝေဒနာရှင် ၁၃၁ ဦးအား လေဆာပစ်ခြင်း၊ မျက်သားခြစ်ခြင်းကို အခမဲ့ ဆောင်ရွက် ပေးကြောင်း သိရသည်။

Read 26 times
Rate this item
(0 votes)
Last modified on Wednesday, 21 August 2019 10:03