SJ WorldNews - шаблон joomla Авто
နဂါးမောက်သီးနှင့် ကျန်းမာရေး
Wednesday, 11 September 2019 10:22 Written by  font size decrease font size decrease font size increase font size increase font size
နဂါးမောက်သီးကို ဆေးသိပ္ပံနည်းဖြင့် ဓာတ်ခွဲကြည့်တဲ့အခါ ဗီတာမင်စီ၊ ဗီတာမင်ဘီ၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ် စတဲ့အာဟာရဓာတ်တွေရရှိနိုင်တဲ့ အရင်းအမြစ်ဖြစ်တာကြောင့် ကျန်းမာရေးအတွက် အထူးသင့်လျော်တဲ့ အသီးဖြစ်ပါတယ်။ လူကိုဘေးဖြစ်စေတဲ့ ကိုလက်စထရောလုံးဝမပါရှိပေ။
      နဂါးမောက်သီးဟာ သွေးတွင်းရှိသကြားဓာတ်ကို လျှော့ချပေးနိုင်စွမ်းရှိတာကြောင့် ဆီးချိုသမားများအတွက် အလွန်သင့်လျော်တဲ့အသီးဖြစ်ပါတယ်။ အထူးသဖြင့် သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးနိုင်တာကြောင့် အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါရှိသူများအတွက် နဂါးမောက်သီးက လွန်စွာကောင်းကျိုးပြုပါတယ်။
      နဂါးမောက်သီးထဲမှာ ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးဖြစ်တဲ့ Antioxidants  ပါဝင်မှုကြောင့်လည်း ကင်ဆာဖြစ်စေတဲ့ ဆဲလ်များကို တားဆီးပေးနိုင်ပါတယ်။
      နဂါးမောက်သီးမှာ ကိုလက်စထရော မရှိသလောက် နည်းပါးပါတယ်။ ဒါ့ပြင်  လူ့ခန္ဓာကိုယ်ထဲက မကောင်းသော ကိုလက်စထရောတွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် နဂါးမောက်သီးက ကိုယ်အလေးချိန်ကို တစ်ဖက်တစ်လမ်းမှ ထိန်းပေးပြီး ကျန်းမာစေပါလိမ့်မယ်။
      မကောင်းတဲ့ ကိုလက်စထရောကို လျှော့ချပေးနိုင်တာကြောင့်လည်း နှလုံးကျန်းမာရေး အတွက်သင့်လျော်ပါတယ်။ ဒါ့ပြင် နဂါးမောက်သီးမှာပါဝင်တဲ့ အဆီတစ်မျိုးက နှလုံးသွေးကြောကျန်းမာရေး ကိုထိန်းသိမ်းပေးပါတယ်။
      သွေးထဲက အဆိပ်အတောက်များကိုလည်း ချေဖျက်ပေးပါတယ်။
      အစာစားချင်စိတ်ကို တိုးပွားစေပါတယ်။
      အစာချေဖျက်ခြင်းကို အားပေးပါတယ်။ အစာအိမ်ရောဂါကိုလည်း ကောင်းကျိုးပြုပါတယ်။
      ဟော်မုန်းအကျိတ်ရောဂါများ ကုသရန်အတွက်ကိုလည်း အသုံးဝင်ပါတယ်။
      နဂါးမောက်သီးထဲမှာ ကယ်စီယမ်နဲ့ဖော့စဖရက်(မီးစုန်း)တွေ ကြွယ်ဝစွာပါရှိနေတာကြောင့် သွားနှင့်အရိုးများကို ခိုင်မာစေပါတယ်။
      ဓားရှမိသော ဒဏ်ရာများနဲ့ ထိခိုက်ရှနာများကို သက်သာပျောက်ကင်းစေပါတယ်။ ဗီတာမင်စီဓာတ်တွေ အများကြီး ပါဝင်တာမို့ အနာကျက်မြန်စေခြင်း၊ အညိုအမည်းစွဲခြင်းများကို သက်သာပြေလျော့စေပါတယ်။
      နဂါးမောက်သီးထဲမှာ ပရိုတင်းနဲ့အင်ဇိုင်းဓာတ်တွေ ပါရှိနေတာကြောင့် ခန္ဓာကိုယ်ဆဲလ်တည်ဆောက်မှုကို အားပေးကာ ပျက်စီးနေတဲ့ဆဲလ်တွေကိုလည်း ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။ ဒါကြောင့် ခွဲစိတ်ခန်းဝင်ပြီးသောလူနာများအတွက် ခွန်အားကိုလည်း မြန်မြန်မြှင့်တင်ပေးပါတယ်။
      ပရိုတိန်းဓာတ်ပါဝင်တဲ့ နဂါးမောက်သီး၏အသားရောအစေ့ပါ စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ခုခံအား စနစ်ကောင်းမွန်စေပါတယ်။
      နဂါးမောက်သီးမှာ အစာခြေစနစ်ပျက်ယွင်းခြင်းနဲ့ ဝမ်းချုပ်ခြင်းကိုကူညီပေးနိုင်တဲ့ အမျှင်ဓာတ် (Fibe) အမြောက်အမြားပါဝင်ပါတယ်။ ဝမ်းချုပ်တတ်သူများအတွက် စားသင့်တဲ့ ဓာတ်စာအသီး ဖြစ်ပါတယ်။
      ဘီတာကယ်ရိုတင်း ပါဝင်တဲ့အတွက် မျက်စိအမြင်ကောင်းခြင်း၊ မျိုးပွားနိုင်စွမ်းကောင်းခြင်းနဲ့အခြားသော ဇီဝရုပ်ဖြစ်ပျက်မှုများကိုလည်း ကောင်းစေပါတယ်။         
      အဆစ်အမျက်ရောင်ရမ်း နာကျင်ခြင်းက အကြောအဆစ်နေရာတွေကို နာကျင်စေပြီး လှုပ်ရှားရခက်ခဲစေပါတယ်။ နဂါးမောက်သီးက ntiinfla-mmatory လို့ခေါ်တဲ့ ရောင်ရမ်းနာတွေကို လျော့ပါးသက်သာစေပါတယ်။
      ဗီတာမင်စီများစွာ ပါဝင်တဲ့အတွက် အသားအရေ ကျန်းမာရေးအတွက်ရော၊ ဝိတ်ချဖို့အတွက်ကိုရော အထောက်အကူပြု ပါတယ်။
      သံဓာတ်အားနည်းသောအမျိုးသမီးများနဲ့ သွေးအားနည်းသူများအတွက် သွေးထဲက ဟေမိုဂလိုဘင် လျော့ကျခြင်းကို နဂါးမောက်သီးက အားဖြည့်ပေးပါတယ်။
      နဂါးမောက်သီးက ဗီတာမင်စီပါဝင်မှု မြင့်မားတဲ့အပြင် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်နေတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များ ဖြစ်ကြတဲ့ နီအာစင်း၊ ဗီတာမင်ဘီဝမ်း၊ ပိုက်သိုဘူမင်၊ ကယ်လ်စီယမ်၊ ဖော့စဖရက်၊ သံဓာတ်တွေ ပါရှိနေကြတာကြောင့် ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေပြီး ပြင်ပကူးစက်ရောဂါ ဗက်တီးရီးယားပိုးတွေ အလွယ်တကူမဝင်ရောက်စေနိုင်တော့ပေ။
      သန္ဓေသားလောင်းများ ဖွံ့ဖြိုးခြင်းဆိုင်ရာ RBC  လုပ်ဆောင်ချက်များ ဖြစ်တဲ့ အောက်ဆီဂျင်နဲ့ အာဟာပြုမူခြင်းဆိုင်ရာ လုပ်ငန်းဆောင်တာတွေကို နဂါးမောက်သီးက ထောက်ပံ့ပေးနိုင်တာကြောင့် ကိုယ်ဝန်ဆောင် များ ၄င်းအသီးကို မဖြစ်မနေ စားပေးသင့်ပါတယ်။
      အာဟာရဓာတ်စုံတဲ့ နဂါးမောက်သီးကိုကလေးများအတွက် အဆာပြေသရေစာအဖြစ် ကျွေးမွေးသင့်ပါတယ်။
      နဂါးမောက်သီးမှာ ဗီတာမင်စီနဲ့ အာဟာရတွေကြွယ်ဝနေတာကြောင့် ပန်းနာရင်ကျပ်၊ ချောင်းဆိုးရောဂါ အမျိုးမျိုးနဲ့အအေးမိ၍ ချောင်းဆိုးခြင်းစတဲ့  အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများအတွက်  နဂါးမောက်သီးက ကောင်းကျိုးပြုပါတယ်။
      နဂါးမောက်သီးထဲရှိ ဗီတာမင်နဲ့သတ္တုဓာတ်တွေက ခန္ဓာကိုယ်မှ RBC  ထုတ်လုပ်ပေးခြင်း စွမ်းအင်ကိုတိုးပွားစေတာကြောင့် ဦးနှောက်ပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါ့ပြင် ဦးနှောက်၏လုပ်ငန်းဆောင်တာတွေကိုတိုးတက်ကောင်းမွန်လာစေပြီး အာရုံကြောအဖွဲ့အစည်းကိုလည်း ပိုမိုကောင်းမွန် စေပါတယ်။
      ဘီတာကယ်ရိုတင်းနဲ့ တခြားသော အပင်မှရရှိတဲ့ အရောင်ခြယ်ဓာတ်တွေက မျက်စိအတွင်းတိမ်ဖြစ်ခြင်းနဲ့ အမြင်အာရုံကျဆင်း၍ မျက်စိထဲအမည်းရောင်အစက်အပြောက်တွေပေါ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
      နဂါးမောက်သီးစားပြီးနောက် တင်းတိမ်ရောင့်ရဲမှုကို ခံစားရနိုင်တာကြောင့် နောက်ထပ်အစားစားချင်စိတ်ကို ချိုးနှိမ်ပေးပါတယ်။
      သွေးလွန်တုပ်ကွေးကြောင့်ဖြစ်တဲ့ blood platelet (ခေါ်) သွေးပန်းကန်ပြား အရည်အသွေးပမာဏ ကျဆင်းသွားမှုကို နဂါးမောက်သီးက ပြန်လည် မြှင့်တင်ပေးနိုင်တာကြောင့် သွေးလွန်တုပ်ကွေးရောဂါသည်များ နဂါးမောက်သီးကို မှီဝဲစားသုံးသင့်ပါတယ်။
နဂါးမောက်သီးနှင့်လှပမှုရေးရာလေးများ
(၁) အသားအရေကိုကျန်းမာစေပါတယ်
နဂါးမောက်သီး သို့မဟုတ် နဂါးမောက်သီးစစ်စစ်ဖျော်ရည်ကို နံနက်ပိုင်း သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေလျော့ပါးသွားကာ အသားအရေစိုပြည်ဝင်းမွတ်လာစေပါတယ်။ အသီးထဲမှာပါတဲ့ ညေအင-သထငိညေအ လို့ ခေါ်တဲ့ ခန္ဓာကိုယ်အကျိုးပြု သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်း
တစ်မျိုးက လူ့ခန္ဓာကိုယ်ထဲမှာ အမှိုက်သရိုက်လိုညစ်ညမ်းနေတဲ့ anti-oxidant ကို ဖယ်ရှားသန့်စင်ပေးပါတယ်။ ဤအကျိုးကျေးဇူးတွေကြောင့် နဂါးမောက်သီးက အရေပြားလျော့ရဲတွဲကျခြင်းနဲ့ အရေပြားညစ်နွမ်းခြင်းတွေ မဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်ပါတယ်။ ဒါ့ပြင် နဂါးမောက်သီးထဲမှာ ဗီတာမင်စီကြွယ်ဝနေတာကြောင့်လည်း အရေပြားအရောင်လင်း လက်လာစေပါတယ်။
(၂) အသားအရေခြောက်သွေ့ ခြင်းမှ ကာကွယ်ပေးပါတယ်
နဂါးမောက်သီးဟာ ရေဓာတ် ၉ဝ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားတာကြောင့် ၄င်းကို စားသုံးပေးခြင်းဖြင့် လူ့ခန္ဓာကိုယ်အရေပြားမှာ ရေဓာတ်ပြည့်ဝစေပါတယ်။ ဒါကြောင့် နဂါးမောက်သီးကို နွေပူပူရင်ပူပူမှာ စားပေးသင့်သလို
ပူနွေးစိုစွတ်သောမိုးဥတုမှာလည်း  စားပေးသင့်ပါတယ်။ အဲဒီလို ရေဓာတ်ြ<ွကယ်ဝတဲ့ နဂါးမောက်သီး ကို ဆောင်းရာသီမှာ စားသုံးပေးခြင်းဖြင့် အသားအရေခြောက်သွေ့၍ အရေပြားပပ်ကြားအက်ခြင်း၊ နှုတ်ခမ်းသား ကွဲအက်ခြင်း တို့မှလည်း ကာကွယ်ပေးပါတယ်။
(၃) အိုမင်းရင့်ရော်ခြင်းကို တိုက်ဖျက်ပေးပါတယ်
နဂါးမောက်သီးစားပါ။ နဂါးမောက်သီးထဲမှာ antioxidants လို့ခေါ်တဲ့ ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါရှိနေတာကြောင့် အသားအရေ၏ဆဲလ်တွေကို အိုမင်းရင့်ရော်မှုဖြစ်စေတဲ့ မကောင်းသော free  radicalsတွေကို တိုက်ထုတ်ပေးပါတယ်။ ဒါ့ပြင် အသားအရေကိုချောမွတ်စိုပြည်စေပါတယ်။  အရေပြားတင်းရင်းစေပြီး အပြစ်အနာဆာ ကင်းစေဖို့အတွက် နဂါးမောက်သီးဖြင့် မျက်နှာပေါင်းတင်ပေးနိုင်ပါတယ်။
      နဂါးမောက်သီးတစ်ခြမ်းနဲ့ ဒိန်ချဉ်စားပွဲတင်ဇွန်း တစ်ဇွန်းလိုအပ်ပါတယ်။
      နဂါးမောက်သီးအသားကို ခြစ်ယူပြီး အနှစ်ဖြစ်တဲ့အထိကြိတ်ချေပါ။
      ရေခပ်နွေးနွေးဖြင့်ဆေးကြော၍ နူးညံ့တဲ့တာဝါဖြင့် သုတ်သင်သန့်စင်ပါ။
      အထက်ပါနည်းအတိုင်း တစ်ပတ်လျှင်တစ်ကြိမ်နှုန်းဖြင့် နှစ်လလောက် ပြုလုပ်ပေးခြင်းဖြင့် အိုမင်းရင့်ရော်ခြင်းကို တိုက်ဖျက်ပေးနိုင်ပါတယ်။
(၄) ဝက်ခြံပျောက်စေပါတယ်
ဆယ်ကျော်သက်တွေအတွက်သတင်းကောင်းလေးပါ။ ဗီတာမင်စီကြွယ်ဝတဲ့ နဂါးမောက်သီးက အဆီပြန်တဲ့ အသားအရေပေါ်က ဝက်ခြံတွေကို လျော့ပါးသက်သာစေပါတယ်။
      နဂါးမောက်သီးလေးပုံတစ်ပုံနဲ့ဝါဂွမ်းလုံးလေးခုလောက် လိုအပ်ပါတယ်။
      နဂါးမောက်သီးအသားကိုယူပြီး ခက်ရင်းတစ်ခုနှင့် ခြေမွှပါ။
      ဝါဂွမ်းကိုသုံးပြီး ဝက်ခြံနေရာကို ခပ်သာသာတို့၍ လိမ်းပေးပါ။ ဗက်တီးရီးယား မပျံ့ပွားစေရန် နောက်တစ်နေရာ ကဝက်ခြံအတွက် နောက်ထပ် ဝါဂွမ်းအသစ်ဖြင့် လိမ်းပါ။
      မိနစ် ၂ဝ လောက်ထားပြီး ရေခပ်နွေးနွေးဖြင့်ဆေးပါ။ ရေမသုတ်ပါနဲ့။
လေဖြင့် သူ့အလိုလိုခြောက်သွားပါစေ။
      ဤနည်းအတိုင်းတစ်ပတ်လျှင် နှစ်ကြိမ်ကျမှန်မှန်လုပ်ပေးခြင်းဖြင့် ဝက်ခြံကင်းစင်တဲ့ မျက်နှာပိုင်ရှင်ဖြစ်လာပါလိမ့်မယ်။
(၅) နေလောင်ဒဏ်ရာကိုသက်သာစေပါတယ်
နဂါးမောက်သီးထဲမှာ ဗီတာမင်စီအပြင် ဗီတာမင်ဘီ-၃လည်း ပါရှိနေပါသေးတယ်။ ၄င်းဗီတာမင်ဘီ-၃ က နေလောင်ခံရတဲ့ အသားအရေကို အစိုဓာတ်ဖြစ်စေကာ အပူဒဏ်တွေကိုဖြေလျှော့ပေးပါတယ်။ အဲဒီဗီတာမင် နှစ်မျိုးကြွယ်ဝတဲ့နဂါးမောက်သီးကိုဗီတာမင်အီးဖြင့် ပေါင်းစပ်ဓာတ်ပြုလိုက်မည်ဆို ပါက အရေပြားပေါ် ကခရမ်းလွန်ရောင်ခြည်ဒဏ်ကို ကာကွယ်ပေးပါတယ်။ ဒါ့ပြင် နေလောင်ခံထားရတဲ့ အသားအရေနီရဲရောင်ရမ်းခြင်းကိုပါ သက်သာစေပါတယ်။
      နဂါးမောက်သီးလေးပုံတစ်ပုံနဲ့  ဗီတာမင်အီးဆေးတောင့်တစ်တောင့် လိုအပ်ပါတယ်။
      နဂါးမောက်သီးအသားကိုယူပြီးခက်ရင်းတစ်ခုနှင့် ခြေမွှပါ။
      ဗီတာမင်အီးဆေးတောင့်ကိုဖောက်၍  အထဲကအဆီရည်ကို နဂါးမောက်သီးအနှစ်ထဲသို့ ရောထည့်ပါ။
      ရေအေးဖြင့် ဆေးပါ(ရေခဲရေမဟုတ်ပါ)။ ရေမသုတ်ပါနဲ့။ လေဖြင့် သူ့အလိုလိုခြောက်သွားပါစေ။
      နေလောင်ကွက်တွေ ပျောက်သွားတဲ့အထိစိတ်ရှည်ရှည်ထား၍ နေ့စဉ်
လုပ်ပေးပါ။ မကြာခင်ပျောက်သွားပါလိမ့်မယ်။
(၆) ဆေးဆိုးထားတဲ့ ဆံပင်တွေကိုကျန်းမာစေပါတယ်
ဆံပင်ဆိုးဆေးတွေကဆံသားကို   ခြောက်သွေ့ပျက်စီးလွယ်ပါတယ်။
သဘာဝအာဟာရဓာတ်တွေကြွယ်ဝတဲ့  နဂါးမောက်သီး ဖ၏အရည်(နဂါးမောက်သီးသတ္တုရည်)က ဆံပင်ဆိုးဆေးထဲမှာ ပါရှိတဲ့ ဓာတုပစ္စည်းတွေကြောင့် ဆံသားနဲ့ဦးရေပြားပျက်စီးနိုင်သောဘေးထွက်ဆိုးကျိုးမှ ကာကွယ်ပေးနိုင်ပါတယ်။
      နဂါးမောက်သီးအသားကို ခြစ်ယူပြီး အနှစ်ဖြစ်တဲ့အထိ ကြိတ်ချေပါ။
      မိနစ် ၂ဝ လောက်ထားပြီးနောက် ခေါင်းလျှော်ရည်အပျော့စားဖြင့် ခေါင်းလျှော်ချပါ။
      တစ်ပတ်တစ်ကြိမ်ပြုလုပ်ပေးခြင်းဖြင့် အကျိုးကျေးဇူးရလဒ်ကောင်းကိုခံစားရမှာပါ။
မှတ်ချက်
နဂါးမောက်သီး၏  အခွံကိုဝါးစားလို့မရတာကြောင့်   ထိုအခွံတွေကို ရေဆေးဖို့ မလိုအပ်ဘူးလို့ မယူဆသင့်ပါဘူး။ အခွံပေါ်မှာ မျက်စိဖြင့် မမြင်နိုင်သော ပိုးမွှားတွေပါရှိနေကြပြီး  အသီးကို ဓားနဲ့ခွဲစိတ်လိုက်တဲ့အခါမှာ ထိုပိုးမွှားလေးတွေက အထဲကို အလွယ်တကူဝင်ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ရှေးဦးစွာ နဂါးမောက်သီးတွေကို လက်ဖြင့်သေသေချာချာပွတ်တိုက်ကာ ရေစင်စင်ဆေးပြီး ရေစင်အောင်ခါထုတ်ပြီးမှသာ အလိုရှိသလို စားသုံးပါ။   
ပေါက်ပေါက်
Read 24 times
Rate this item
(0 votes)
Last modified on Wednesday, 11 September 2019 10:23
Latest from ရွှေတည်