SJ WorldNews - шаблон joomla Авто

အသည်းနှင့် အစာအာဟာရ

Tuesday, 17 September 2019 11:44 Written by  font size decrease font size decrease font size increase font size increase font size

အသည်းဟာ လူမှာအစာသိုလှောင်ခြင်း ပဋိပစ္စည်းလှုံ့ဆော်ခြင်း၊ ခုခံစနစ်ရှိခြင်းတို့နဲ့ မရှိမဖြစ်အင်္ဂါဖြစ်တယ်။ လူသားတို့စားသောက်လိုက်တဲ့ အစားအသောက်၊အာဟာရ၊ ဆေးဝါးတွေ ခန္ဓာကိုယ်အတွက် အားဖြည့်ခွန်အားဖြစ်စေဖို့ ပြောင်းလဲစေရာမှာ အသည်းက ဒိုင်ခံချေဖျက်ပေးတယ်။

ချေဖျက်တဲ့အပြင်၊ ပိုလျှံတာသိုလှောင်ပေးတဲ့ ဂိုဒေါင်ကြီးလည်းဖြစ်တယ်။

ဘယ်ရောဂါဝင်ဝင် အသည်းရဲ့ခုခံမှုစနစ်ထံ သတင်းပို့ရစမြဲဖြစ်တယ်။

အသည်းဟာ လူသားတွေရဲ့ ဂရုမပြုမှုအနေအထိုင်၊ အစားအသောက် မသန့်ရှင်းမှုစတာတွေကြောင့် အသည်းအဆီဖုံးခြင်း၊ အသည်းရောင် အသားဝါရောဂါ၊ အသည်းနာတာရှည်ရောင်ရမ်းခြင်း၊ အသည်းအမှတ်စွဲထင်ခြင်း၊ အသည်းကြွပ်ဆတ်ခြင်း၊ အသည်းကင်ဆာ၊ အသည်းရောင်ဘီပိုး၊ အသည်းရောင်စီပိုး၊ အခြားကျောက်ကပ်၊ နှလုံးစတဲ့ ခန္ဓာကိုယ်ရဲ့ အဓိကအင်ဂျင်အစိတ်အပိုင်းတွေထိ ဆက်စပ်ပျက်စီးရပြီး အသက်သေဆုံးတဲ့အထိ ဖြစ်စေတယ်။

စားသောက်တဲ့အစားအသောက်တွေထဲမှာ မသန့်ရှင်းတဲ့အစာ၊ ရက်လွန်စာတွေ၊ ဆီကြော်စာတွေ၊ ဓာတုဆေးဝါးတွေပါတဲ့အစားအစာ၊ မှိုအဆိပ်ပါတဲ့ငရုတ်သီး၊ ငရုတ်ကောင်းမှုန့်တွေလို အစားအစာတွေစားမိခြင်း၊ အရက်အလွန်အကျွံသောက်ခြင်းတို့ကြောင့် အသည်းရောဂါတွေ ခံစားရရှိပါတယ်။

အသည်းဟာ ပြန်လည်နုပျိုလွယ်တဲ့  Regeneration Power ရှိတာကြောင့် ပြန်လည်နုပျိုလန်းဆန်းစေနိုင်တယ်။ အသည်းတစ်ခြမ်း၊ တစ်စိတ်ကောင်းနေရင်ပင် သာမန်လူနဲ့မခြား အသက်ရှင်သန်နေနိုင်ပါတယ်။ အသည်းပျက်စီးတဲ့အခါ အဓိကဆက်စပ်နေတဲ့ကျောက်ကပ်ကို ဆက်ပြီး ထိခိုက်စေတယ်။ ဦးနှောက်ထိ ထိခိုက်နိုင်ပြီး Encephalopathy ဝင်ကာ၊ သတိလစ်နိုင်ပါတယ်။ အသည်းကို ကျန်းမာနေစေဖို့ အထူးလိုပါတယ်။ အသည်းအစားထိုးကုသတယ်ဆို ရာမှာလည်း သွေးချင်း၊ မွေးချင်းဆီက အသည်းတစ်စိတ်ရရှိရုံနဲ့ အကောင်းပကတိအတိုင်း ငါးနှစ်ကျော်ကြာ၊ အချို့လူ့သက်တမ်းစေ့နေနိုင်တာ အရင်အသည်းကောင်းမွန်သူတစ်ဦးလောက်နီးနီး နေထိုင်နိုင်တယ်။

အသည်းကို ပြန်လည်နုပျိုကျန်းမာစေတဲ့ အစားအသောက်တွေရှိပါတယ်။

ငှက်ပျောသီး

ပိုတက်စီယမ်ဓာတ်ကြွယ်ဝတဲ့အတွက် ငှက်ပျောသီးကို စားသုံးခြင်းက အသည်းကို သဘာဝအတိုင်း ပြန်လည်ကောင်းမွန်စေဖို့ အထောက်အကူဖြစ်စေနိုင်တယ်။ငှက်ပျောသီးက အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေဖို့ အထောက်အပံ့ပေးသလို ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးရာမှာ အသုံးဝင်ပါတယ်။ ဖီးကြမ်းငှက်ပျောသီး၊ သီးမွှေးနဲ့ ရွှေငှက်ပျောစတဲ့ ငှက်ပျောအများစုမှာ တူညီတဲ့အသည်းကို ပြန်လည်နုပျိုတဲ့ဓာတ်တွေပါဝင်နေပါတယ်။ သဘာဝအော်ဂဲနစ်ငှက်ပျောသီးက အသည်းကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်တယ်။

ချင်း(ဂျင်း)

အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး ပူစပ်တဲ့အရသာရှိတဲ့ချင်းဟာ ခန္ဓာကိုယ်ရဲ့  အစာခြေစနစ်ကို အထူးကောင်းမွန်စေပါတယ်။ ချင်းမှာ အင်တီအောက်စီးဒင့်ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ဓာတ်တွေ ကြွယ်ဝတာကြောင့် လူသားရဲ့ ကိုယ်ခံအားစနစ်ကို အထူးတိုးပွားစေပါတယ်။ ချင်းကို ရေနွေးနဲ့စိမ်လို့ဖြစ်ဖြစ်၊ သင့်လျော်သလို သုပ်စား၊ ချက်စားခြင်းက အသည်းကျန်းမာရေးကို အထောက်အကူပြုစေနိုင်မှာဖြစ်တယ်။ နေမကောင်းရင် ချင်းနဲ့ထန်းလျက်ပြုတ်ရည်နွေးနွေးလေးသောက်ပေးလိုက်ရင် ကောင်းသွားနိုင်တယ်။

ကန်စွန်းဥ

ကန်စွန်းဥဟာ မြန်မာနိုင်ငံမှာ ပေါများစွာရနိုင်သလို ကန်စွန်းဥမှာ ကျန်းမာရေးအထောက်အပံ့ဖြစ်စေတဲ့ ပိုတက်စီယမ်ဓာတ်ကြွယ်ဝစွာ ပါဝင်သလို ဗီတာမင်ဒီနဲ့ သံဓာတ်တွေလည်း ပေါများစွာပါဝင်ပါတယ်။

ကန်စွန်းဥကို ပုံမှန်ပြုတ်ပြီး စားရုံနဲ့ အသည်းအဆီဖုံးခြင်းကို ထိရောက်စွာ တိုက်ဖျက်ပေးနိုင်သလို ခန္ဓာကိုယ်အလေးချိန်ကိုလည်း ထိန်းညှိလျှော့ချပေးနိုင်ပါတယ်။

နနွင်း

မြန်မာ၊ အိန္ဒိယ၊ အရှေ့တိုင်းရဲ့ အသည်းစွဲနနွင်း(ဆနွင်း)ဟာ ဟင်းချက်ရာမှာ မပါမဖြစ် ပါသလို ကျန်းမာရေး အတွက်လည်း အထူးကောင်းမွန်စေပါတယ်။ နနွင်းမှာပါဝင်တဲ့ အင်တီအောက်စီးဒင့်ဓာတ်တွေက ခန္ဓာကိုယ်တွင်း၊ ပြင် ရောင်ရမ်းနာကျင်မှုကို လျော့ကျစေပြီး အစာချေဖျက်စနစ်ကို ကောင်းမွန်တဲ့ကိုယ်တွင်း အဆိပ်အတောက်တွေကို အထူးချေဖျက်ပေးတယ်။ နနွင်းရဲ့အဆိုပါအချက်က အသည်းရဲ့လုပ်ဆောင်ချက်ကို အထူးကောင်းမွန်စေပါတယ်။

သင်္ဘောသီး

မြန်မာမှုမှာ မနက်သင်္ဘော၊ ညငှက်ပျောဆိုရိုးရှိပါတယ်။ သင်္ဘောသီးမှာ ပါဝင်တဲ့ ရက်တီနောက ဗီတာမင်အေကြွယ်ဝတဲ့အပြင် အသည်းအဆီဖုံးခြင်းကို ကာကွယ်ပေးတယ်။ သင်္ဘောသီးမှာပါတဲ့ အဝါရောင်စတဲ့ ရောင်ခြယ်ဆဲလ်နဲ့ အမျှင်တမ်းတွေက အသည်းရဲ့ ဓာတ်တိုးဆန့်ကျင်ဘက် Anti-oxidants အားပေးကာ ခန္ဓာကိုယ်တွင်းပြင် ရောင်ရမ်းမှုလျော့စေတယ်။

ဓာတ်မတည့်မှုလျော့စေတယ်။ သင်္ဘောသီးမှည့်ဟာ နှလုံးသွေးကြောရောဂါ၊ ဆီးချိုကင်ဆာ လျော့ကျစေကာ သွေးပေါင်ချိန်ပုံမှန် ဖြစ်စေတယ်။

ဘလူးဘယ်ရီ

အရည်ရွှမ်းတဲ့ဘယ်ရီသီးက အသည်းရဲ့ဓာတ်တိုးဆန့်ကျင်ဓာတ်တိုးမြှင့်ပေးကာ ဓာတ်မတည့်မှုချေဖျက်ပေးတယ်။ အသည်းအင်ဇိုင်းတွေ ပိုမိုသန်မာအောင်ဆောင်ရွက်ပေးတယ်။

အစိမ်းရောင်အသီးအရွက်

လတ်ဆတ်တဲ့ အစိမ်းရောင်အသီးအရွက်စုံဟာ ကျန်းမာရေးအတွက် အထူးကောင်းစေမှာဖြစ်တယ်။ အစိမ်းရောင်အသီး အနှံတွေဖြစ်တဲ့ မုန်လာဥ၊ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်း၊ နံနံပင်၊ ကန်စွန်းရွက်စတဲ့ လတ်ဆတ်ပြီး ပိုးမွှားကင်းတဲ့ အစိမ်းရောင်အသီးအရွက်စုံဟာဗီတာမင်ကြွယ်ဝကာ မကြာခဏစားသုံးပေးခြင်းက အသည်းကို ပိုမိုကျန်းမာ စေနိုင်ပါတယ်။

ဗီတာမင်အီး

ဗီတာမင်အီးပါတဲ့ ဖြည့်စွက်အားဆေးနဲ့ အစားအစာတွေက အသည်းအတွက် အထူးကောင်းမွန်ပါတယ်။ အသည်းထိခိုက်ပျက်စီးသူတွေအတွက် ဗီတာမင်အီးဟာ အထူးလိုအပ်ပါတယ်။ ငါး၊ အသီး၊ အနှံ၊ ငါးကြီးဆီမှာ ဗီတာမင်အီး ပေါကြွယ်ဝစွာပါဝင်နေလို့ ရွေးချယ်စားသုံးသင့်ပါတယ်။

အလွန်အကျွံမစားသုံးဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။

တိရစ္ဆာန်များရဲ့ အသည်းကလီစာများ

ဆိတ်၊ အမဲ၊ ဝက်၊ ကြက်စတဲ့ တိရစ္ဆာန်တွေရဲ့ ကိုယ်တွင်းကလီစာ အသည်းကို ချက်ပြုတ်စားသုံးခြင်းက ဗီတာမင်အေ၊ ဘီ၊ ဖောလစ်အက်စစ် သံဓာတ်စတဲ့ဗီတာမင်များ၊ ကြူအငလငအောငည ဓာတ်တွေပါဝင်တာကြောင့် အသည်းကျန်းမာရေးအတွက် အထူးကောင်းမွန်စေတယ်။ ကလီစာတွေမှာ ပါလာတတ်တဲ့ ကူးစက်ရောဂါပိုးတော့ ဂရုပြုသင့်တယ်။

အသည်းအားဆေးများ

ဘယ်လိုမှ အသည်းက အာဟာရဓာတ်ရဖို့ မလွယ်ရင်တော့ အသည်းအားဆေးတွေ စားပေးသင့်တယ်။  အစားအစာနဲ့အားဆေးမျှတစွာ စားသုံးကာ အသည်းကျန်းမာရေးဂရုပြုသင့်ပါတယ်။ အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွမ်းတို့ဖြတ်သင့်ပါတယ်။ နေ့စဉ်ရေများများ နှစ်လီတာအထက် သောက်သင့်ပါတယ်။ ပုံမှန်အိပ်၊ ပုံမှန်စားပေးဖို့ လိုအပ်သည့်အပြင်  နေ့စဉ် ကျန်းမာရေးလေ့ကျင့်ခန်း နာရီဝက်အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊   ရေကူးစသည်တိြု့ ပုလုပ်ပေးသင့်ကြောင်း ရေးသားလိုက်ရပါတယ်။  

ဒေါက်တာလွင်သန့်

Read 15 times
Rate this item
(0 votes)