SJ WorldNews - шаблон joomla Авто

အသည်းအသန် နှာချေခြင်း ဝေဒနာ

Tuesday, 22 October 2019 10:31 Written by  font size decrease font size decrease font size increase font size increase font size

နှာချေတာအကြောင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ အနံ့တစ်ခု ကိုယ်နဲ့ဓာတ်မတည့်တာရှူမိရင်   တစ်ချက်နှစ်ချက် နှာချေ တတ်တယ်။

ဆက်တိုက် လေး၊ ငါးရက်လည်းမပျောက် လေး၊ ငါးလကြာလာရင်တော့ အနံ့အသက်နဲ့ပတ်သက်ပြီး ဥပမာဆိုးဆေး၊ အနံ့ပြင်းတဲ့ရေမွှေး၊ ခြင်ဆေးခွေ၊ အမွှေးတိုင်လုပ်ငန်းကြောင့်လား။ အခြားအကြောင်းအရာတွေ ဥပမာ စားစရာမှာ အစာမတည့်ခြင်းကြောင့်လား၊ ရာသီဥတုပြောင်းလဲသွားလို့လား၊ စဉ်းစားစရာရှိလာပါတယ်။

နှာချေရုံမက ပါးနှစ်ဖက်ကို လက်နဲအသာဖိကြည့်ရင် နာတဲ့သဘော ရှိလား။ လေအိတ်ကလေးတွေ ရောင်ရင်လည်း ဖြစ်တတ် တယ်။ ဆေးလိပ် နံ့မခံနိုင်တဲ့သူ ဆေးလိပ်ငွေ့အမြဲရနေရင်ဖြစ်တတ်တယ်။ ဓာတ်မတည့်ခြင်းဖြစ်စဉ် အမျိုးမျိုးမှာ ဟစ်တမင်းခေါ် ဓာတ်တစ်မျိုး ထွက်လာတယ်။ ဟစ်တမင်းဟာ အရေပြားယားယံစေကာ သွေးကြောငယ် တွေကျယ်စေတယ်။ အရေပြားနီကာ အဖုအပိမ့်ပေါက်တယ်။ သွေးကြော ငယ်များကျယ်ပြန့်လာဖို့၊  သွေးဖိအားကျ လာလို့၊  ဓာတ်မတည့်ခြင်း၊  တစ်ခါတစ်ရံသွေးလန့်မေ့မြောခြင်းဖြစ်လာတယ်။ ဆေးမတည့်ခြင်း၊ ပင်နီ ဆီလင်၊  ဆာလ်ဖာဆေးဝါးတို့မတည့်ရင်၊ ဖြေဆေးအမီ မထိုးနိုင်ရင်  သေဆုံးနိုင်တယ်။

အစားအစာထဲမှာ ပင်လယ်စာ၊ ကဏန်း၊ ပုစွန်၊ ဘဲဥ၊ ကြက်ဥ၊ ငါး၊ ၀က်သား၊ ပုရစ်၊ အရက်၊ မှို၊ မျှစ်၊ ခရမ်းသီး၊  ဆေးသကြားစတဲ့ အစာတွေ စားမိရင်  ဓာတ်မတည့်ခြင်းဖြစ်တတ်တယ်။ မိတ်ကပ်၊ ပေါင်ဒါ၊ နှုတ်ခမ်း နီ၊ ရေမွှေး၊ ဆံပင်ဆိုးဆေး စတဲ့အသုံးအဆောင်တွေအသုံးပြုမိရင် ပန်းရနံ့ မျိုးစုံ၊ ညှော်နံ့၊ စက်ဆီနံ့၊ ဓာတ်ငွေ့အမျိုးမျိုး၊ နွားချေး၊ ကြက်ချေး၊ ကြမ်း ပိုးနံ့၊ ဖုန်မှုန့်၊ ပေါင်ဒါမှုန့်ရှူရှိုက်မိရင် ဓာတ်မတည့်ခြင်းဖြစ်ပေါ်တယ်။ အရက်၊ ဘီယာမတည့်သူ၊ မြေပဲဆန် စတဲ့အစေ့အဆန်မတည့်သူတွေ မှာလည်း ဖြစ်တတ်တယ်။

အချို့ကလည်း အပူအအေး၊ ရာသီဥတုကိုလိုက်ပြီး ဓာတ်မတည့်ခြင်း ဖြစ်တယ်။  အိမ်မွေးတိရစာန်အချို့နဲ့   နီးနီး ကပ်ကပ် နေတဲ့ အခါမျိုးမှာ ဓာတ်မတည့်ခြင်းဖြစ်လေ့ရှိသည်။ အချို့ဆေးအမျိုးမျိုး၊ မတည့်တတ်ဘူး။ စိတ်အနှောင့်အယှက်အမျိုးမျိုးမှ စိတ်ညစ်ညူးမှုများပူပင်သောကကြုံရရင်၊ နာတာရှည်စိတ်ဖိစီးမှုခံစားရရင် ခုနကပြော သလို ဟစ်စာမင်းတွေထွက်လာပြီး   အပြင်းအထန်နှာချေခြင်းစတဲ့ဓာတ်မတည့်ခြင်းဖြစ်စေပါ တယ်။

အဖြစ်များတဲ့ ပန်းနာရင်ကျပ်ရောဂါဟာ မျိုးရိုးလိုက်တတ်တယ်။ ပန်းနာရင်ကျပ်ထတဲ့အချိန် ချောင်းတဟွတ်ဟွတ် ဆိုးခြင်း၊ အသက်ရှူ မ၀ခြင်း၊ ရင်တွင်းဆို့ကျပ်ပြီး မောပန်းနေလို့ ဒုကရောက်တတ်တယ်။  ကလေးနဲ့သက်ကြီးရွယ်အိုတွေ အဖြစ်များတယ်။ ကလေးအရွယ်ကစပြီး မျိုးရိုးရှိရင် ဓာတ်မတည့်မှုဖြစ်တတ်တယ်။ အစားအစာနဲ့စိတ်ဖိစီးမှု၊ ရာသီ ဥတုပြောင်း လဲရင်လည်း ပန်းနာရင်ကျပ်ဆိုးလေ့ရှိတယ်။ မျိုးရိုးလိုက်တတ်တယ်။ ကုသလိုက်၊ ပြန်ဖြစ်လိုက်နဲ့ ရေရှည် ဆေးစွဲသောက်ဖို့ လိုလာတတ်တယ်။ နှင်းခူ၊ ယားနာ၊  အအေးမိနှာစေးခြင်းတို့တွဲပြီး   ဖြစ်တတ်ပါတယ်။

အသည်းအသန်နှာချေခြင်းဝေဒနာအတွက် ဆေးညွှန်းကြည့်ပါမယ်။ ဗီတာမင်စီကို တစ်နေ့နှစ်လုံး သုံးကြိမ်သောက်ကြည့် သင့် တယ်။ စီထရင်ဇင်း၊ လိုရင်ဒင်းဆိုတဲ့ဆေးမျိုးမနက်တစ်လုံး၊ ညတစ်လုံးသောက်သင့်တယ်။ စီထရင်း (cetizine 200 mg) အား တစ်လုံးနှစ်ကြိမ် ငါးရက်ဆက်သောက်ကြည့်သင့်ပါတယ်။ ပိုပြီးသိလာအောင် ပဋိဇီဝဆေး (levofloxeiun) ၅၀၀  မီလီဂရမ်နဲ့တွဲပြီးသောက်သင့်ပါတယ်။

ညအိပ်ရင် ခြေဖ၀ါးပရုတ်ဆီလိမ်းအိပ်ကာ ငယ်ထိပ် တည့်တည့် အုန်းဆီထည့်တာ လုပ်ကြည့်သင့်တယ်။ တစ်ခုရှိတာက ရေချိုးတိုင်း၊ ခေါင်းလောင်း လျှော်လေ့ရှိသလား။ အချို့ရဟန်း၊ သာမဏေ၊ သီလရှင်တွေရေချိုးတိုင်း၊  ခေါင်းလောင်းချိုး လေ့ရှိတယ်။ နှာစေးတတ်သူတွေအတွက် ဦးရေခွံက  အမြဲစိုနေတာကြောင့် အမြဲအအေးပတ်ကာ နှာစေး ခြင်း၊ အပြင်းအထန် နှာချေခြင်းပျောက်မသွားတတ်ပါဘူး။ တစ်ပတ်တစ်ကြိမ်သာ ခေါင်းလျှော် သင့်ပါတယ်။

သောက်ဆေး၊ အစာ၊ ရေတို့ ဆင်ခြင်သောက်သုံးပေမယ့် အဆင်မပြေရင် နား၊ နှာခေါင်း၊ လည်ချောင်း၊ အထူးကု ဆရာဝန်ကြီး တစ်ဦးဦးနဲ့ ပြသသင့်ပါတယ်။ နှာခေါင်းထဲမှာ အတက် သို့မဟုတ်လေအိတ်အပို သို့မဟုတ် အသားပိုပါရှိတတ်ရာ အချို့ဖယ်ခွာလိုက်ပါမှ အသည်းအသန် နှာချေခြင်းပျောက်သွားတတ်တယ်။ နှာခေါင်းထည့် ဆေး Spray ဖျန်းရင်း ပျောက်သွားတာလည်းရှိပါတယ်။ မတည့်တဲ့အစားအစာ၊ ဆိုးဆေးရှိလျှင် အစားအစာ၊ ဆေးဝါးတို့ကို မှတ်ထားပြီး နောက်တစ်ကြိမ် စားသောက်ခြင်းမပြုမိဖို့ လိုပါတယ်။ စတော် ဘယ်ရီ၊  မြေပဲဆန်ဓာတ် မတည့်ရင်  နောက်တစ်ကြိမ် စားသောက်ဖို့ မကြိုးစားသင့်ပါဘူး။ ဆေး(ပင်နီဆီလင်ကြောင့် ဓာတ်မတည့်ခြင်းဖြစ်ရင်  အင်ပျဉ်ထခြင်း၊ သွေးဖိအားကျဆင်းခြင်း၊  သွေးလန့်ခြင်းမှ သတိလစ်ခြင်း သေဆုံးခြင်းအထိရှိကာ စတီးရွိုက်ထိုးဆေး၊ ဘာမီတွန်ထိုးဆေးထိုးနှံပြီးမှ  ကုသပေးနိုင်ပါတယ်။  နောက်တစ်ကြိမ်   တည့်မတည့်မကြိုးစားသင့်ဘူး။)

ဓာတ်မတည့်သူတွေအဖို့ လက္ခဏာတွေပေါ်ပေါက်လာပါက သက်သာစေဖို့၊ ကိုယ့်အစားအသောက်၊ အ၀တ်အစား၊ အနေအထိုင်တို့ ခေတပြုပြင် ထိန်းသိမ်းရုံနဲ့ သက်သာသွားတာရှိတယ်။ စိတ်ဖိစီးမခံရအောင် စိတ်ညစ်ညူး စရာများ၊ ပူပင်သောကများ၊ ထူးထူးခြားခြားကြုံတွေ့လာရင် စိတ်ကို ခဏပြေပျောက်ဖို့ အဝေးကိုပို့ထားပြီး စိတ်ဖြေသိမ့်ခြင်းမျိုး၊  ခရီးထွက် ခြင်းမျိုးပြုသင့်ပါတယ်။ ဘာသာတရားလိုက်စားသင့်ပါတယ်။ ဓာတ်မတည့်ခြင်းကြောင့် အသည်းအသန် နှာချေခြင်း ဟာ လူတိုင်း ဖြစ်နိုင်သလို နှာခေါင်းထဲမှာ အတက် သို့မဟုတ် အသားပို  သို့မဟုတ်  လေအိတ်အပိုပါလာရင် နှာချေနိုင်လို့ နား၊ နှာခေါင်း၊   လည်ချောင်း ဆရာဝန်ကြီးနဲ့ ကုသပေးဖို့လိုမယ်။ ဓာတ်မတည့်သူတွေကတော့ ကိုယ်နဲ့ ဓာတ်မတည့်တဲ့ အစားအစာ၊ ဆေးဝါး၊ အသုံးအဆောင်၊ ပစည်းများသေချာမှတ်သားကာ အနံ့မရှူမိ၊ မစားမိသင့်ပါဘူး။

နေ့စဉ် နာရီဝက်မှ တစ်နာရီကို အားကစားတစ်ခုခုလမ်းလျှောက်၊ အပြေး၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူးလုပ်ပေးသင့်ပါ တယ်။ လူတို့၏ နေထိုင်မှုပုံစံပြောင်းလဲကာ အထိုင်များလာတာကြောင့် ခနာကိုယ်ထဲ ပိုလျှံတဲ့ကယ်လိုရီတွေက ချွေးအဖြစ် မထွက်လာဘဲ အဆီအဖြစ်စုဝေးကာ လူကိုဝလာစေပါတယ်။ ကိုယ်အလေးချိန်တက်ခြင်း၊ သွေးတိုးရောဂါ၊ နှလုံး သွေးကြောရောဂါ၊ ဆီးချိုရောဂါ စတာတွေဟာ နေထိုင်မှုပုံစံမဆင်ခြင် လို့ဖြစ်တယ်။ ခန်္ဓာကိုယ်အတွက် ကြံ့ခိုင်မှု ရှိစေဖို့  နေ့စဉ်လေ့ကျင့်ခန်း နာရီဝက်ပုံမှန်လုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက ကယ်လိုရီတွေ ချွေးအဖြစ် လောင်ကျွမ်းသွားစေလို့ အ၀လွန်ခြင်း၊ အသွင်းပြောင်းရောဂါစု များကင်းဝေးစေပြီး အသည်းအသန်နှာချေခြင်းကိုလည်း သက်သာစေပါ တယ်။  

ဒေါက်တာ လွင်သန့်

Read 57 times
Rate this item
(0 votes)
Last modified on Tuesday, 22 October 2019 10:32