SJ WorldNews - шаблон joomla Авто

ဆေးဖက်ဝင်တဲ့ ဗာဒံစေ့

Thursday, 31 October 2019 10:15 Written by  font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ၏  ဒေသတော်တော်များများတွင်   ဗန်ဒါပင်(ဗန်ဒါသီး)ဟု ခေါ်ဆိုမှုများသည်။  ဗာဒံပင်က အကြီးမြန်ပြီး  အရွက်အခက်များမှာလည်း ဝေဝေဆာဆာ  တစ်ဆင့်ပြီးတစ်ဆင့် အတက်မြန်လှသဖြင့် မြန်မာနိုင်ငံမှာ အရိပ်ရပင်အဖြစ် စိုက်ပျိုးလေ့ရှိကြသည်။  ရှေးယခင်က လမ်းဘေး အရိပ်ရပင်မှရသော ဗာဒံအစေ့အဆန်၏ ကျန်းမာရေး တန်ဖိုးကို သတိမမူမိကြပေ။ ပေါပေါများများ မြင်တွေ့ရသော လမ်းဘေးအပင်ဖြစ်၍ ၎င်းအပင်အစေ့အဆန်၏ ကျန်းမာရေး အာနိသင်ကို အထင်မကြီးကြခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

ဗာဒံစေ့နှင့် နိုင်ငံတကာ စားသောက်ပုံ

ယနေ့ခေတ်  နိုင်ငံတကာတွင်  ဗာဒံစေ့နှင့်  ၎င်းမှရသောအဆီကို တန်ဖိုးထားစားသုံးနေကြပါပြီ။ ဗဟုသုတအနေဖြင့် မျှဝေရပါလျှင် ဂရိနိုင်ငံ၏ မင်္ဂလာဆောင်များတွင်  ဗာဒံစေ့ကို Wedding Sweets အဖြစ် အထူးတလည် ဧည့်ခံကြသည်။ အီရန်နိုင်ငံတွင် New Year ပါတီပွဲကဲ့သို့ ထူးထူးခြားခြား နှစ်ပတ်လည် ဧည့်ခံပွဲများတွင် ပင်လယ်မှဆားဖြင့် အငန်ဖောက်ထားသော  ဗာဒံစေ့လှော်နှင့် ဧည့်ခံလေ့ရှိကြောင်း  လေ့လာမှတ်သားရသည်။ မော်ရိုကိုနိုင်ငံ၏ အရေးကြီး အခမ်းအနားများတွင်လည်း ဗာဒံစေ့မှုန့် ရောထားသော နွားနို့က မပါလျှင် မပြည့်စုံနိုင်ပေ။ Pasandastyle ခေါ် အိန္ဒိယရိုးရာ ဟင်းလျာတွင်လည်း ဗာဒံစေ့ကို ဟင်းခတ်အမယ်အဖြစ် ထည့်ချက်လေ့ရှိသည်။ ဗာဒံစေ့က ခန္ဓာကိုယ်တွင်း အေးမြစေသော အစွမ်းသတ္တိရှိသဖြင့် ပူပြင်းခြောက်သွေ့သော ပါကစ္စတန်နိုင်ငံ၏ နွေရာသီကာလတွင် ဗာဒံစေ့ဖြင့် ဖော်စပ်ထားသော Almond Sherbet (ဗာဒံစေ့ရှာလပတ်ရည်) ဖျော်ရည်ကှို Summer Drink အဖြစ် အထူးတလည် သောက်သုံးကြသည်။

ဗာဒံစေ့နှင့် မြန်မာ့ဈေးကွက်

မြန်မာနိုင်ငံတွင်း ဗာဒံစေ့၏ ဆေးဖက်ဝင်ပုံကို လူအများက သိရှိလက်ခံ လာကြပြီဖြစ်ရာ  ဗာဒံစေ့ စားသုံးသူဦးရေ များပြားလာသဖြင့် ဝယ်လိုအား မြင့်တက်လာသည့်အလျောက်  ရောင်းချသူများလည်း စီးပွားဖြစ်နေကြသည်။ ယခုနှစ် စက်တင်ဘာလကုန်၊ အောက်တိုဘာလဆန်းမှစ၍ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ဗာဒံသီး သုံးတင်းဝင် အိတ်တစ်အိတ်လျှင် ငွေကျပ်ငါးထောင်ဖြင့် ဈေးပေါက်နေသည်။ တစ်ဆင့် ပြန်လည်ရောင်းချသူ တချို့ကလည်း ဗာဒံသီးခြောက်များကို ကိုယ်တိုင်ကားဖြင့် သွားရောက်ဝယ်ယူကြပြီး အစေ့ထုတ်ကာ ရောင်းချကြသည်။ အစေ့ထုတ်ရာတွင် တူဖြင့်ထုကာ ဗာဒံစေ့မပျက်စေရန် ပြုလုပ်ကြရသည်။ ဗာဒံစေ့ဘူးငယ် တစ်ဘူးလျှင် ငွေကျပ် ၂၅ဝဝ နှုန်းဖြင့် ရောင်းချကြသည်။ ဗာဒံစေ့ထုရာတွင် မိသားစုလိုက်ပြုလုပ်ကြရပြီး လူတစ်ဦးလျှင် ၁ဝ ဘူးခန့် ရရှိသည်။ ဗာဒံစေ့ဖောက်သည် သွင်းပါက တစ်ဘူးလျှင် ငွေကျပ် ၁၅ဝဝ မှ ၁၈ဝဝ အထိရရှိသည်။ အများစုမှာ ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင် သွားရာလမ်းဘေးရှိ ဗာဒံစေ့ ထုရောင်းသူထံ တိုက်ရိုက်လာရောက် ဝယ်ယူကြကြောင်း သိရသည်။

ဆေးဖက်ဝင်တဲ့ ဗာဒံစေ့

ဗာဒံစေ့သည် အရသာ ကောင်းမွန်သည့်အပြင် ကျန်းမာရေးအတွက် အကျိုးများစွာရှိသည်။ ကမ္ဘာ့အသိအမှတ်ပြု USDA ၏ ဓာတ်ခွဲစမ်းသပ်ချက်များအရ ၁ဝဝ ဂရမ် အလေးချိန်ရှိသော ဗာဒံစေ့ထဲတွင် လူသားတို့ ကျန်းမာရေးကို ကောင်းကျိုးဖြစ်စေသော ခွန်အား ၅၇၆ ကယ်လိုရီ၊ ကစီဓာတ် ၂၁ ဒသမ ၆၉ ဂရမ်၊ ကော်ဓာတ် သုည ဒသမ ၇၄ ဂရမ်၊ သကြား ၃ ဒသမ ၈၉ ဂရမ်၊ ချေဖျက်လွယ်သော အမျှင်ဓာတ် ၁၂ ဒသမ ၂ဝ ဂရမ်၊ အဆီဓာတ် ၄၉ ဒသမ ၄၂ ဂရမ်၊ ပရိုတင်း ၂၁ ဒသမ ၂၂ ဂရမ်၊ လိုင်စင်း သုည ဒသမ ၅၈ ဂရမ်၊ ရေဓာတ် ၄ ဒသမ ၇ ဂရမ်၊ ဗီတာမင်အေ 1 IU ၊ သီအာမင် ခေါ်  ဗီတာမင်ဘီ(၁) ၁၈ ရာခိုင်နှုန်း၊ ရီဘိုဖလာဗင် ခေါ် ဗီတာမင်ဘီ(၂) ၈၅ ရာခိုင်နှုန်း၊ နီအာစင်း ခေါ်  ဗီတာမင်ဘီ(၃) ၂၃ ရာခိုင်နှုန်း၊ ဗီတာမင်ဘီ(၅) ၉ ရာခိုင်နှုန်း၊ ဗီတာမင်ဘီ(၆) ၁၁ ရာခိုင်နှုန်း၊ ဖောလိပ် ခေါ်  ဗီတာမင် ဘီ(၉) ၁၃ ရာခိုင်နှုန်း၊ ချိုလင်း ၁၁ ရာခိုင်နှုန်း၊ ဗီတာမင်အီး ၁၇၅ ရာခိုင်နှုန်း၊ ကယ်လ်စီယမ် ၂၆ ရာခိုင် နှုန်း၊ သံဓာတ် ၂၉ ရာခိုင်နှုန်း၊ မဂ္ဂနီစီယမ် ၇၅ ရာခိုင်နှုန်း၊ မဂ္ဂနီးစ် ၁ဝ၉ ရာခိုင်နှုန်း၊ ဖော့စဖောရပ် ၆၉ ရာခိုင်နှုန်း၊ ပိုတက်စီယမ် ၁၅ ရာခိုင်နှုန်း နှင့် ဇင့်  ၃၂ ရာခိုင်နှုန်း စသည်ဖြင့် အသီးသီးပါရှိကြသည်။

ထို့ကြောင့် ဗာဒံစေ့ကို နေ့စဉ်ပုံမှန်စားသုံးပါက ဆီးချိုရောဂါ အမှတ်-၂ ကို သက်သာ ပျောက်ကင်းစေသည်။   နှလုံးကို ကျန်းမာစေကာ သွေးတွင်းကောင်းမွန်သော HDL ကိုလက်စထရောကို မြှင့်တင်ပေးပြီး မကောင်းသော LDL ကိုလက်စထရောကို ကျဆင်းစေသည်။  အသားအရေကို ပြန်လည်နုပျိုစေခြင်း၊ ဆံပင်နက်မှောင်ခြင်း၊ သွားများ ခိုင်မာခြင်း၊ မှတ်ဉာဏ်စွမ်းအားများ ကောင်းစေခြင်း စသည့် ကျန်းမာရေး အကျိုးအာနိသင်များကြောင့်  ကျား၊ မ အရွယ်သုံးပါး အားလုံး ဗာဒံစေ့စားသုံးပေးကြရန် USDA က အကြံပြုထားသည်။

ထို့ပြင် ဗာဒံစေ့ငါးစေ့ခန့်ကို နေ့စဉ်ပုံမှန်စားသုံးခြင်းဖြင့် အောက်ဖော်ပြပါ ကျန်းမာရေး အကျိုးကျေးဇူးများကိုလည်း မလွဲမသွေ ရရှိနိုင်သည်။

အူသန့်၍ အသားအရေ လှပခြင်း

ဗာဒံစေ့က အူသိမ်၊ အူမများနှင့် အတွင်းပိုင်းအကျဆုံး  အူများအားလုံးကို သန့်စင်စေသည်။ လူတစ်ယောက်၏ အသားအရေသည်  မိမိစားသုံးလိုက်သော အစာချေဖျက် အင်္ဂါအဖွဲ့အစည်း၏ အလုပ်လုပ်နိုင် စွမ်းအားနှင့် တိုက်ရိုက် အချိုးကျနေသည်။ အကယ်၍ အစာချေဖျက် အင်္ဂါများ အားနည်းလာပါက ဝမ်းချုပ်ခြင်းကိုဖြစ်စေပြီး ဝက်ခြံစို၊ ဝက်ခြံခြောက်များ ထွက်လာကြသည်။ ဗာဒံစေ့ကို မှန်မှန်စားပေးခြင်းဖြင့် အစာအိမ်ထဲရှိ အကျိုးပြု ဗက်တီးရီးယားများကို လှုံ့ဆော်ပေးနိုင်၍ အစာချေဖျက်မှုကို အားပေးကာ ဝမ်းပုပ်များ သက်စေပြီး အစာခြေအင်္ဂါ အဖွဲ့အစည်းမှာလည်း သန့်စင်သွားသည်။ ထိုအခါ အသားအရေ ညစ်ညမ်းမှုကို မဖြစ်စေနိုင်တော့ပေ။

ဗီတာမင်အီးကြွယ်ဝခြင်း

ဝက်ခြံစို၊ ဝက်ခြံခြောက်၊ ဆားဝက်ခြံအမျိုးမျိုးနှင့် မျက်နှာပေါ်ရှိ အမည်းစက်များ၊ အမာရွတ်များ စသည့် အသားအရေ ကျန်းမာလှပရေး အတွက် သီးသန့်ဖော်စပ်ထားသော ဗီတာမင်အီး ဆေးတောင့်များနှင့် ဗီတာမင်အီးဓာတ် ပါသော ဆေးများအားလုံးကို Alpha-Tocopherol ဓာတ်ပစ္စည်းဖြင့် ပြုပြင် ဖန်တီးထားသည်။ ၎င်းဆေးစားခြင်းဖြင့် အသားအရေကို ကြည်လင်ဝင်းမွတ်တောက်ပလာစေနိုင်သည်။ ဗာဒံစေ့သည် ဗီတာမင်အီးကြွယ်ဝရာ အရင်းအမြစ်ဖြစ်၍ ဝက်ခြံပေါက်သူများသာမက အရေပြားရောဂါရှိသူများလည်း မဖြစ်မနေစားသင့်သည်။

အရွယ်တင်နုပျိုစေခြင်း

ဗာဒံစေ့က အရွယ်တင်နုပျိုဆေးသဖွယ် အားကိုးထိုက်ပေသည်။ ဗာဒံစေ့စားသည့်အပြင် ၎င်းအဆီဖြင့်မျက်နှာကို အသာအယာ နှိပ်နယ်ပေးခြင်းဖြင့် အရွယ်မတိုင်မီ မျက်နှာအရေးအကြောင်းတွေ မဖြစ်စေနိုင်တော့ပေ။ အသားအရေလည်း  ပိုမိုညက်ညောလာသည်။   မျက်ကွင်းညိုသူများအတွက် မျက်လုံးအောက်ခြေတစ်ဝိုက်ကို ဗာဒံဆီမှန်မှန် လိမ်းပေးခြင်းဖြင့် ရက်အနည်းငယ်အတွင်း မျက်ကွင်းညိုများ သိသိသာသာ လျော့ပါးသွားစေသည်။ (မျက်လုံးထဲဆီမဝင်အောင် ဂရုတစိုက်လိမ်းပါ)နှလုံးနှင့် နှလုံးသွေးကြောကောင်းစေခြင်း ဗာဒံစေ့က နှလုံးရောဂါဖြစ်ခြင်းမှ အထူးကာကွယ်ပေးနိုင်သည်။ ဗာဒံစေ့ကို စားသုံးလိုက်သောအခါ ၎င်းတွင်ပါရှိသော သဘာဝ အမျှင်ဓာတ်များက အစာအိမ်နှင့်အူထဲရှိ အခြားသော အစားအစာထဲမှပါလာသော ပြင်ပအဆီစုပ်ယူခြင်းကို ပိတ်ပင်ဟန့်တားပေးလိုက်သည်။ ထို့ပြင် ဗာဒံစေ့ထဲတွင် ဗီတာမင်အီး၊ ပြည့်ဝဆီများ၊ မဂ္ဂနီစီယမ်နှင့် ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုးဆန့်ကျင်ပစ္စည်းများလည်း အလုံအလောက် ပါဝင်နေသဖြင့် နှလုံးသွေးလည်ပတ်စီးဆင်းမှု အားကောင်းစေသည်။ ထိုမျှမက သွေးထဲရှိ ကိုလက်စထရောပမာဏကို ချပေးသဖြင့် နှလုံးနှင့်ဆက်စပ်လျက်ရှိသော သွေးကြောများကို ကျန်းမာလာစေသည်။  နှလုံးနှင့်ပတ်သက်သော လေငန်းရောဂါမှလည်း ကြိုတင် ကာကွယ်ပေးနိုင်သည်။

မှတ်ဉာဏ်နဲ့ ကိုယ်ခံစွမ်းအားတိုးပွားခြင်း

အယ်လ်ဇိုင်းမား ခေါ် ဦးနှောက်ဇရာကြိုရောဂါ သက်သာဆေးများ၊ ကိုယ်ခံစွမ်းအားကောင်းဆေးနှင့် မှတ်ဉာဏ်ကောင်းဆေးများကို ရီဘိုဖလာဗင်၊ မဂ္ဂနီစီယမ်ဓာတ်တွေနှင့် ဖော်စပ်ထားခြင်းဖြစ်သည်။ ၎င်းဓာတ်များ အလုံအလောက် ပါရှိနေသော  ဗာဒံစေ့ကိုစားပေးခြင်းဖြင့် တစ်နေကုန် လန်းဆန်းလာစေသည်။ အယ်လ်ဇိုင်းမား ဝေဒနာရှင်များ အနေဖြင့် ဗာဒံစေ့ကိုဖြည့်စွက်စာ အားဆေးအဖြစ် မဖြစ်မနေစားပေးသင့်သည်။

ဝဖြိုးခြင်းမှ တားဆီးပေးနိုင်ခြင်း

ဗီတာမင်၊ သတ္တုဓာတ်၊ ကစီဓာတ်တွေနှင့် အာဟာရသိဒ္ဓိပြည့်ဝသော ဗာဒံစေ့ကိုစားသုံးခြင်းဖြင့် နောက်ထပ် အစာစားချင်စိတ်ကို ချိုးနှိမ်ပေးထားနိုင်၍ အချိန်တော်တော်ကြာသည့်တိုင်အောင် အဆာခံနိုင်သွားသည်။ ထို့ပြင် ဗာဒံစေ့ထဲတွင်ပါရှိသော အကျိုးပြုပြည့်ဝ ဆီများက ဗိုက်ခေါက် အဆီများကို ချပေးနိုင်သည်။ ထို့ကြောင့် ဝဖြိုးသူများနှင့် အဆီတွေ အိတွဲကျနေသူများအား ဗာဒံစေ့ကို စားပေးကြရန် USDA က အကြံပြုထားသည်။      

ပေါက်ပေါက်

Read 50 times
Rate this item
(0 votes)
Last modified on Thursday, 31 October 2019 11:26