SJ WorldNews - шаблон joomla Авто

ကျောင်းနေအရွယ်ကလေးများနှင့်မျက်စိမှုန်ခြင်းအကြောင်း သိမှတ်ဖွယ်ရာအဖြာဖြာ

Saturday, 09 November 2019 17:14 Written by  font size decrease font size decrease font size increase font size increase font size

ကျောင်းနေအရွယ် ကလေးငယ်များ ထူးချွန်ထက်မြက်စွာ ပညာသင်ကြား နိုင်ရေး အတွက် ကောင်းမွန်သည့် အမြင်အာရုံရှိရန် အရေးကြီးပေသည်။ အောက်ဖော်ပြပါ အခြေအနေများကိုဖတ်ရှု၍ သင့်ကလေးတွင် မျက်စိမှုန်ခြင်း အန္တရာယ်မှ ကင်းဝေးစေ ရန် နှင့်သင့်ကလေး၏ အမြင်အာရုံချို့တဲ့မှုကို မျက်မှန်တပ်ခြင်းဖြင့် ကုသဖို့လိုအပ် လာပါက အချိန်မဆိုင်းသင့်ပါကြောင်း အကြံပြု ရေးသားလိုပါသည်။

ပုံမှန်မျက်စိဖွံ့ဖြိုးမှုနှင့် အမြင်အာရုံ

မွေးကင်းစမှ အရွယ်ရောက်သည်အထိ မျက်စိအရွယ်အစား၊ မျက်ကြည်လွှာနှင့် မှန် ဘီလူးတို့သည် အသက်အရွယ်နှင့် လိုက်လျောညီထွေ ကြီးပွားဖွံ့ဖြိုးလာကာ ပုံမှန်ကြည် လင်သော မြင်ကွင်းကို ရရှိသည်။ ပုံမှန်ကျန်းမာသော မျက်စိအမြင် အာရုံတွင် ကြည့်ရှု သည့် အရာဝတ္ထု၏ အလင်းတန်းများသည် အမြင်လွှာ (Retina)ပေါ်သို့ ကျရောက်ပြီး ပုံမှန်ကြည်လင်သော မြင်ကွင်းကိုရရှိသည်။

မျက်စိမှုန်ခြင်း

ပုံမှန်မဟုတ်သည့် အောက်ဖော်ပြပါ အခြေအနေများတွင် မျက်စိမှုန်ခြင်း ဖြစ်ပေါ်စေ တတ်သည်။

     မျက်စိအရွယ်အစား ပုံမှန်ထက်ကြီးနေခြင်း။

     မျက်ကြည်လွှာ မျက်နှာပြင်အခုံးမညီခြင်း။

     မျက်စိတွင်းရှိ မှန်ဘီလူးပါဝါနည်းနေခြင်း သို့မဟုတ် များနေခြင်း။

ပုံရိပ်စောင်းခြင်း၊ ထပ်ခြင်း

မျက်ကြည်လွှာ မျက်နှာအခုံးမညီညာခြင်းနှင့် ပုံသဏ္ဌာန် မမှန်သော မှန်ဘီလူးတို့ ကြောင့် အရာဝတ္ထုများကို ကြည့်ရှုရာတွင် ပုံရိပ်များမှုန်ဝါးခြင်း၊ စောင်းခြင်း၊ ထပ်ခြင်းများ ဖြစ်ပေါ်သည်။

အနီးမှုန်ခြင်း

အနီးမှုန်ခြင်းတွင် ကြည့်ရှုသည့် အရာဝတ္ထု၏ အလင်းတန်းများသည် အမြင်လွှာ (Retina) ၏အနောက်ဘက်သို့ ကျရောက်ပြီး အနီးရှိမြင်ကွင်းမှာ မှုန်ဝါးစွာ တွေ့ရသည်။ အနီးမှုန်ခြင်း၏ လက္ခဏာများမှာ -

     စာရေး၊ စာဖတ်သည့်အခါ  ကောင်းစွာမမြင်နိုင်ခြင်း။

     အနီးရှိပစ္စည်းများကို ကောင်းစွာမမြင်နိုင်ခြင်း။

     နာရီများစွာ စာဖတ်ပါက မျက်လုံးညောင်းကိုက်ခြင်း။

     မျက်စိစွေလာနိုင်ခြင်း။

အဝေးမှုန်ခြင်း

အဝေးမှုန်ခြင်းတွင် ကြည့်ရှုသည့်အရာဝတ္ထု၏ အလင်းတန်းများသည် အမြင်လွှာ (Retina)၏ အရှေ့ဘက်တွင် ကျရောက်သည်။ အနီးရှိ အရာဝတ္ထုများကို ကြည်လင် စွာမြင်နိုင်သော်လည်း  အဝေးရှိ မြင်ကွင်းမှာ မှုန်ဝါးစွာ တွေ့ရသည်။  အဝေးမှုန်ခြင်း၏ လက္ခဏာများမှာ-

     အဝေးသို့ကြည့်လျှင် အမြင်မှုန်ဝါးပြီး အနီးသို့ ကြည့်လျှင် ကောင်းစွာမြင်ခြင်း။

     ကျောက်သင်ပုန်း သို့မဟုတ် White Board ပေါ်ရှိ စာလုံးများနှင့် အဝေးမှ အရာဝတ္ထုများကို ကောင်းစွာမမြင်ရခြင်း။

     အဝေးရှိ  အရာဝတ္ထုများအား  ကြည့်ရှုပါက မျက်မှောင်ကြုတ်၍ ကြည့်ရှုရခြင်း။

     စာဖတ်လျှင်  စာအုပ်ကို မျက်နှာအနီးသို့ ကပ်၍ကြည့်ခြင်း။

     အချိန်ကြာကြာစာဖတ်ပါက မျက်ရိုးကိုက်ခြင်း၊ မျက်လုံးအောင့်ခြင်း။

     မျက်ခွံမကြာခဏရောင်တတ်ခြင်း။

     မျက်စိနာခြင်း။

     ဝမ်းနည်းနေခြင်းမျိုး မဟုတ်ပါဘဲလျက် မျက်ရည်ကျခြင်း။

     မျက်စိပူခြင်း။

     အမြဲတစေ မျက်စိညောင်းနေသောကြောင့် မျက်စိများကို အမြဲပွတ်နေခြင်း၊ မကြာခဏ မျက်တောင်ခတ်ခြင်း။

     မကြာခဏ  ခေါင်းကိုက်တတ်၍  ညနေပိုင်းတွင် ပိုမိုဆိုးရွားလာတတ်ခြင်း။

ကုသခြင်း 

မျက်မှန်တပ်ခြင်းသည် အကောင်းဆုံးကုသမှုပင် ဖြစ်သည်။ မျက်မှန်တပ်ခါစတွင်    ကလေးများ ငြင်းဆန်နိုင်သော်လည်း  မျက်မှန်တပ်ခြင်းကြောင့် ကြည်လင်စွာ မြင်ရ သည်ကိုသိရှိလာလျှင်  နှစ်သက်လာပါလိမ့်မည်။ ငယ်စဉ်မှစ၍ မျက်မှန်မတပ်ပါက အားနည်းသော မျက်စိ၏ အမြင်ကို ဆိုးရွားစွာ ထိခိုက်စေသည်သာမက  ရာသက်ပန် အမြင်ချို့ယွင်းသည်အထိ ထိခိုက်နိုင်သည်။ မျက်စိအရွယ်အစား ကြီးထွားမှု ပေါ်မူ တည်၍ မျက်မှန်ပါဝါမှာလည်း ပြောင်းလဲသွားနိုင်သည်။ ဆိုလိုသည်မှာ ကလေးများ တွင် အသက်အရွယ်ကြီး လာသည်နှင့်အတူ မျက်စိအရွယ်အစား ကြီးထွားလာမှုအပေါ် မျက်မှန်ပါဝါ ပြောင်းလဲနိုင်သဖြင့်  နှစ်စဉ်မျက်စိ စစ်ဆေးခြင်း၊  မျက်မှန်ပါဝါ စမ်းသပ် ခြင်း ပြုလုပ်ရန် လိုအပ်သည်။ အသက်ငါးနှစ် အောက်ကလေးများတွင် ခြောက်လ ပြည့်လျှင် တစ်ကြိမ်နှင့် နောက်ပိုင်းတွင် နှစ်စဉ်မျက်စိစစ်ဆေးခြင်းနှင့် မျက်မှန်ပါဝါ စမ်းသပ်ခြင်းတို့ကို ပြုလုပ်ပေးရန် လိုအပ်သည်။  ကလေးအိပ်ချိန်နှင့် ရေချိုးချိန်မှအပ မျက်မှန်ကို တောက်လျှောက်တပ်ထားရန်လိုအပ်သည်။

အချုပ်အားဖြင့်ဆိုသော် မိဘအုပ်ထိန်းသူများ အနေဖြင့် မိမိကလေးငယ်၏ အမြင်အာရ ကို အမြဲဂရုစိုက် စစ်ဆေးပေးသင့်သည်။ အထက်ဖော်ပြပါ လက္ခဏာများအနက် တစ်ခု ခုတွေ့ရှိသည်နှင့် မျက်စိအထူးကု ဆရာဝန်နှင့် ချက်ချင်း စမ်းသပ်စစ်ဆေး ကုသရန် လိုအပ်သည်။ သို့ပါ၍ မိမိရင်သွေးငယ်အား မျက်မှန်တပ်ရန် လိုအပ်ခြင်း ရှိ/မရှိ  အမြဲ ဂရုစိုက်စစ်ဆေးပေးရန် လိုအပ်ကြောင်း တိုက်တွန်းလိုက်ရပါသည်။  

ပေါက်ပေါက်

Read 62 times
Rate this item
(0 votes)
Last modified on Saturday, 09 November 2019 17:26