SJ WorldNews - шаблон joomla Авто

သွေးထွက်လွန်ခြင်း သွေးကုန်ဆုံးခြင်း

Sunday, 17 November 2019 15:41 Written by  font size decrease font size decrease font size increase font size increase font size

မြန်မာလူမျိုးတွေ ပရဟိတပြည့်ဝတာကတော့ ငြင်းစရာမလိုပါဘူး။ မြို့နယ်အလိုက်၊ လမ်းအလိုက်၊ အပိုင်းအလိုက် ပရဟိတအဖွဲ့တွေရှိတတ်ကြတယ်။ အချို့ ဝါသနာပါကြ သူတွေမှာ ရှေးဦးသူနာပြု စောင့်ရှောက်ခြင်းလောက် မသင်ထား၊ မတတ်မြောက်ထား တော့ တကယ့်ကျဉ်းထဲ ကျပ်ထဲရောက်ရင် ကိုယ့်ရဲ့ပရဟိတက သဲထဲရေသွန်ဖြစ်ခဲ့ ရတယ်။ တစ်လောက အမြန်လမ်းမတော်တဆမှုတစ်ခု ခြေထောက်ပြတ်ပြီး သွေးထွက် လွန်လို့ လူတစ်ဦး အသက်ဆုံးရှုံးခဲ့ရတယ် ကြားခဲ့ရတယ်။ ခြေထောက်ပြတ်နေရာကို ကြိုးတစ်ချောင်းနဲ့ ခိုင်အောင်စည်းနှောင်ထားရင် အသက်သေဆုံးမှုရှိဖို့ မမြင်ဘူး။ အနည်းဆုံး ဆေးရုံရောက်တဲ့အခါ ကုသမှုခံယူရုံပဲဖြစ်တယ်။ ပရဟိတလုပ်သူတိုင်း ရှေးဦးသူနာပြုစုခြင်းအသိ သင်ကြား တတ်မြောက်ထားဖို့တော့ လိုအပ်လာပြီ။

လက် သို့မဟုတ် ခြေထောက်ကို အချိန်အကြာကြီးဖိမိထားပါက ထုံကျဉ်ခြင်း ဖြစ်လာပါ မယ်။ လက်မောင်းကို ခေါင်းအုံး အိပ်မိလို့ဖြစ်ဖြစ်၊ ခြေထောက်များတင်ကာ အထိုင် ကြာရင်ဖြစ်ဖြစ် အချိန်ကြာလာတာနဲ့အမျှ ထုံကျဉ်လာတယ်။ သွေးကြောတို့ လွတ်လပ် စွာ  ပုံမှန်စီးဆင်းခွင့် မရတာကြောင့်ပဲဖြစ်တယ်။ သွေးဟာပုံမှန်မှာ ခန္ဓာကိုယ်တစ် လျှောက် လွတ်လပ်စွာစီးဆင်းကာ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တို့အပြင် မလိုအပ် တဲ့စွန့်ပစ်ပစ္စည်းကိုပါ တစ်ပါတည်း သယ်ဆောင်လာတယ်။ စီးဆင်းမှုကို ဖိအားတစ်ခုခု က  ဖြတ်တောက်ထားလိုက်ရင်   ဆဲလ်တွေရဲ့ အကျိုးသက်ရောက်မှု နည်းပါး သွားစေ တယ်။

အာရုံကြောဆဲလ်တွေရဲ့လုပ်ငန်းတွေ လျော့သွားစေတယ်။ အာရုံကြောဆဲလ်တွေမှာ အရေပြားအတွင်းရှိ ထိတွေ့မှု ကိရိယာနဲ့ ချိတ်ဆက်ထားတယ်။ ဒါကြောင့် ဖိအားကြာ လာတဲ့အခါ အဖိခံ၊ အချည်နှောင်ခံရတဲ့ ခြေလက်တွေထုံကျဉ်ကာ မလှုပ်နိုင်မရှား နိုင်ဖြစ်လာခြင်းပဲဖြစ်တယ်။  သွေးစီးဆင်းမှု နှေးကွေးစေပါတယ်။

ဖိနှိပ်ထားတာ၊ ချည်နှောင်ထားတာ ဖယ်လိုက်ရင်သွေးကြောများ အတွင်းရှိ     သွေးများ ပုံမှန်အတိုင်း ပြန်လည်စီးဆင်းမှာဖြစ်တယ်။ လုပ်ငန်းစဉ်များပြန်လည် လည်ပတ်လုပ် ဆောင်လာပြီး သွေးလှည့်ပတ်မှု အပြည့်အဝပြန်လည် ရရှိလာခြင်းက ခံစားနေရတဲ့ ထုံကျဉ်ခြင်းဝေဒနာတွေ တဖြည်းဖြည်းလျော့ပါးကာ ပုံမှန်အနေအထား   ပြန်လည်ရရှိ နိုင်မှာပဲဖြစ်တယ်။

သာမန်ထိခိုက် ဒဏ်ရာရလို့ သွေးများထွက်လာရင် ခန္ဓာကိုယ်ထဲက သွေးများ ကုန်ဆုံး သွားမှာလား စိုးရိမ်မှု ဖြစ်တတ်ကြတယ်။ အကြီးစားဒဏ်ရာမဟုတ်ဘဲ သာမန်ထိခိုက် ဒဏ်ရာမျိုးမှာ သွေးဆုံးရှုံးမှု အခွင့်အလမ်း နည်းပါးပါတယ်။ အကြောင်းမှာအရွယ်ရောက် ပြီးသူတစ်ဦးရဲ့ ခန္ဓာကိုယ်မှာသွေးပမာဏ ငါးလီတာခန့်ရှိတယ်။ ခန္ဓာကိုယ်ပိုမိုကြီးမား သူတွေမှာ  သွေးပမာဏများပြီး ကလေးတွေမှာ ပမာဏနည်းပါတယ်။

ခန္ဓာကိုယ်တစ်လျှောက်မှာ သွေးတွေက သွေးလွှတ်ကြော၊ သွေးပြန်ကြော၊ ဆံခြည်မျှင် သွေးကြော စသည်ဖြင့်   အလွန်တရာ များပြားစွာ စီးဆင်းနေတယ်။

သွေးကြောတွေကို  အစအဆုံးဆန့်ကာတိုင်းတာ ကြည့်လျှင် လူတစ်ကိုယ်လုံးစာ မိုင် ပေါင်း ၆ဝဝဝဝ ခန့် (ကီလိုမီတာ ၈၅ဝဝဝ ခန့်)ရှည်လျားတာ အံ့သြဖွယ်ဖြစ်တယ်။  ခန္ဓာကိုယ်ကို ထိခိုက်မိရင်  သွေးထွက်လွယ်နိုင်ခြင်း သေချာပေါက် ရှိနိုင်ပါတယ်။

သွေးထွက်နေတဲ့ သွေးကြောမှသွေးသည် သွေးကို အမြန်ခဲစေတဲ့ အထူးဓာတ်တစ်မျိုး ရှိပါတယ်။ အဆိုပါဓာတ်က ပေါက်ပြဲသွားတဲ့ သွေးကြောတွေကို အလျင်အမြန်ပြုစု အစားထိုးပေးတဲ့အပြင် ခန္ဓာကိုယ်အတွင်းနဲ့ အပြင်ရှိ သွေးများဆုံးရှုံး မသွားအောင် ကာကွယ်ပေးတယ်။ သာမန်ဒဏ်ရာမျိုးရရှိပါက သွေးဆုံးရှုံးမှုပမာဏ အလွန်နည်းပါး ပါတယ်။ ပြင်းထန်တဲ့ မတော်တဆမှုတွေကြုံရရင် သွေးလွှတ်ကြောကြီးများ ထိခိုက် ဒဏ်ရာရမယ်ဆိုရင် အသက်သေစေလောက်တဲ့ အခြေအနေရှိပါတယ်။ ပြင်းထန်တဲ့ အနေအထားကိုလိုက်ကာ အရေးကြီး သို့မဟုတ် အန္တရာယ်ရှိတဲ့ အခြေအနေပဲ ဖြစ် တယ်။

သွေးလွှတ်ကြောတွေဟာ နှလုံးမှ ပြင်းထန်တဲ့အားနဲ့ ညှစ်ထုတ်လိုက်တဲ့ အောက်ဆီဂျင် အပြည့်နဲ့ သွေးများ သယ်ဆောင်လာခြင်းဖြစ်တယ်။ သွေးပြန်ကြောက ကာဗွန်ဒိုင် အောက်ဆိုက်နဲ့ အညစ်အကြေးများ ပြန်လည်သယ်ဆောင်လာပါတယ်။ သွေးလွှတ် ကြော(ဥပမာ-လက်ကောက်ဝတ် သွေးလွှတ်ကြော လှီးဖြတ်မိ သို့မဟုတ် ထိခိုက်မိပါက သွေးပြန်ခဲဖို့ မမီနိုင်တော့ ပါဘူး။)သွေးထွက်နှုန်းဟာ တစ်ကွာတ သို့မဟုတ် သည့် ထက်ပိုများသွားရင် ရှော့ရနိုင်တဲ့ အခြေအနေဖြစ်သွားကာ ဆုံးရှုံးသွားတဲ့ သွေးတွေကို  ပြန်လည်ဖြည့်တင်းပေးနိုင်မှသာ အသက်အန္တရာယ်မှ လွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။

သွေးနဲ့ပတ်သက်ပြီး ဘာကြောင့်နီတာလဲ - ဆိုရရင်သွေးအတွင်းရှိ ဟေမိုဂလိုဘင် ကြောင့်ဖြစ်တယ်။ ဟေမိုဂလိုဘင် ခေါ် ပရိုတိန်းဓာတ်တစ်မျိုးဟာ သံဓာတ် ပါဝင်ပြီး အဆိုပါ သံဓာတ်က ရဲစေပါတယ်။ အဆုတ်အတွင်းမှ အောက်ဆီဂျင်ကို  ခန္ဓာကိုယ် အတွင်း အခြားလိုအပ်တဲ့ နေရာတွေဆီ  သယ်ဆောင်ပေးပါတယ်။

ရံဖန်ရံခါမှာ သွေးရောင်ဟာ နီမနေဘဲ  နီညိုရောင်ရှိတယ်။  သွေးအတွင်းရှိ  အောက်ဆီ ဂျင်ဓာတ် ပမာဏအနည်း အများကြောင့်ဖြစ်တယ်။ အာထရီခေါ် သွေးလွှတ်ကြောငယ် များက အဆုတ်နဲ့နှလုံးမှ သွေးကို ခန္ဓာကိုယ် တစ်ခုလုံးဆီ သယ်ယူပို့ဆောင်ပေးပြီး အဆိုပါ သွေးမှာ အောက်ဆီဂျင် ဓာတ်အပြည့်အဝပါရှိတယ်။ အောက်ဆီဂျင်ဟာ ဟေမိုဂလိုဘင်နဲ့ ပေါင်းမိတဲ့အခါ တောက်ပနီရဲတဲ့ သွေးနီရောင်ရရှိလာတယ်။

အောက်ဆီဂျင် ဓာတ်နည်းပါက သွေးဟာ နီညိုရောင်ဖြစ်လာတယ်။ ခန္ဓာကိုယ်ထဲ ဗီတာမင်စီလျော့နည်းရင်၊ ဗီတာမင်ကေ လျော့နည်းရင် တော်ရုံနဲ့သွေးမတိတ်နိုင်တာ ရှိတယ်။ သွေးမတိတ်ရောဂါရှိသူများမှာလည်း သွေးမတိတ်တတ်ပါဘူး။ ထိပ်ဆုံးက ဗီတာမင်စီချို့တဲ့ခြင်းကို စဉ်းစားရပါတယ်။ သွားကြားထဲ အကြောင်းမရှိ သွေးယိုခြင်းမျိုး ရှိပါက ဗီတာမင်စီ ၂၅ဝ မီလီဂရမ်နှစ်လုံး သုံးကြိမ်သောက်ပေးသင့်ပါတယ်။ တစ်ကိုယ် ရေသန့်ရှင်းရေးနဲ့ သန်ချဆေးသောက်ဖို့ သန်ချဆေးကို နှစ်စဉ်နှစ်ကြိမ် မိုးဦးနဲ့မိုးနှောင်း ကာလတွေမှာ Albandazole 400 mg သောက်ပေးသင့်ပါတယ်။

ဗီတာမင်စီကြွယ်ဝတဲ့အစာတွေက  စိမ်းလန်းတဲ့ အသီးအနှံများ၊    အရည်ရွှမ်းတဲ့ အသီး အရွက်များ၊ ဆီးဖြူသီး၊ သံပရာသီး၊ လိမ္မော်သီး၊ သီဟိုဠ်သီး၊ မာလကာသီး၊  ကန်စွန်း ရွက်၊ ဒန့်သလွန်ရွက်တို့မှာ ပါဝင်တယ်။ မီးအပူပေးရင် ပျက်စီးတတ်လို့ ဈေးကွက်ထဲမှာ သစ်သီး၊ ဟင်းသီးဟင်းရွက်တွေ ဓာတုအကြွင်းအကျန် ပိုးသတ်ဆေးကင်းစေဖို့ ဆားငန် ရည်မှာ ၁၅ မိနစ်စိမ်ကာ ရေစင်စင်ဆေးပြီး အစိမ်းစားသင့်ပါတယ်။

ဗီတာမင်ကေကြွယ်ဝတဲ့အစားအစာတွေက ထောပတ်၊ ကြက်ဥ၊ အခွံမာအစေ့ အဆန် များ၊ ပဲအမျိုးမျိုး၊ နို့နှင့် နို့ထွက်ပစ္စည်း၊ အအေး၊ အသည်းများဖြစ်ကာ အူမကြီးအနာ ရှိသူများ ဗီတာမင်ကေ မစုပ်ယူနိုင်လို့ ချို့တဲ့စေတယ်။ ဗီတာမင်ကေ စားဆေး၊ ထိုးဆေး ရှိပါတယ်။ သေချာစမ်းသပ်ဖို့ လိုပါမယ်။ သွေးမတိတ် ရောဂါရှိသူများအား ဆရာဝန်နဲ့ သေချာပြသဖို့လိုတယ်။ သွေးသွင်း ကုသခြင်း စတာတွေလိုအပ်နိုင်ပါတယ်။ 

ဒေါက်တာလွင်သန့်

Read 29 times
Rate this item
(0 votes)
Last modified on Sunday, 17 November 2019 15:43