SJ WorldNews - шаблон joomla Авто

နံနက်စာမစားမီလေ့ကျင့်ခန်းလုပ်ခြင်းကသာ အကောင်းဆုံးပါ

Monday, 18 November 2019 09:30 Written by  font size decrease font size decrease font size increase font size increase font size

ကျန်းမာရေး

ကိုယ်အလေးချိန်မြင့်တက်နေသူများ သို့မဟုတ်  အ၀လွန်နေသူများအနေဖြင့် ဆီးချိုအမျိုးအစားနှစ်နှင့် နှလုံးရောဂါ ဖြစ်နိုင်ခြေတို့ကို    လျှော့ချနိုင်ရန်အတွက်  လေ့ကျင့်ခန်းကို  မဖြစ်မနေ လုပ်ရမည်ဖြစ်သည်။

သို့သော် လေ့ကျင့်ခန်းလုပ်ရန် အတွက် အချိန်မပေးနိုင်သူ သို့မဟုတ် အချိန်အနည်းငယ်သာ ပေးနိုင်သူကများသည်။ ထို့ကြောင့် အချိန်တိုအတွင်း အထိရောက်ဆုံးလေ့ကျင့် ခန်းလုပ်ခြင်းဖြင့်   ကျန်းမာရေးအတွက် ကောင်းကျိုးများ မည်ကဲ့သို့ ရရှိနိုင်မည်ကို  နည်းလမ်းရှာဖွေခြင်းက   အရေးကြီးလာသည်။

ဤနေရာတွင် အင်ဆူလင်နှင့် ပတ်သက်၍ အနည်းငယ်ရှင်းပြလိုသည်။ အင်ဆူလင် ဆိုသည်မှာ ဟော်မုန်းတစ်မျိုးဖြစ်ပြီး သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းချုပ်ပေး သည်။

အစာစားပြီးနောက် ထွက်ရှိသည့် အင်ဆူ လင်၏ အဓိကအကျိုးသက်ရောက်မှုများ အနက်တစ်ခုမှာ သွေးတွင်းရှိ သကြားဓာတ်ကို ကြွက်သားများဆီသို့ ပေးပို့စေခြင်းဖြစ်သည်။ ထိုအခါ ကြွက်သားများက စွမ်းအင်အတွက် လောင်စာ အဖြစ် ထိုသကြားဓာတ် ကိုအသုံးပြုခြင်း သို့မဟုတ် သိုလှောင်ထားခြင်းကို လုပ်ဆောင်သည်။

လူများအနေဖြင့်   လုံလောက်သော လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းမရှိသည့် အတွက် ကိုယ်အလေးချိန်မြင့်တက်သည့် အချိန် သို့မဟုတ် အ၀လွန်လာသည့်အချိန် တွင်  စွမ်းအင်အတွက် လောင်စာအဖြစ် သကြားဓာတ်ကို  ပိုမိုအသုံးပြု နိုင်စေရန်  ၎င်းတို့၏ ခနာကိုယ်က အင်ဆူလင်ဟော်မုန်း ကိုပိုမိုထုတ်လုပ်ပေးသည်။

ထိုအချက်သည်  ကိုယ်အလေးချိန် မြင့်တက်နေသူများ သို့မဟုတ် အ၀လွန်နေ သူများအနေဖြင့် အဘယ်ကြောင့်  ဆီးချို

အမျိုး အစားနှစ်နှင့် နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်တက်ရသည်ဟူသော အဓိကအကြောင်းရင်း တစ်ချက်ဖြစ်သည်။

လေ့ကျင့်ခန်းလုပ်ခြင်း၏ အဓိကကျန်းမာ ရေးကောင်းကျိုးများအနက်တစ်ခုမှာ အင်ဆူလင်ကို အကောင်းဆုံး တုံ့ပြန်နိုင်စေခြင်းဖြစ် ပြီး သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းချုပ်နိုင်စေမည်ဖြစ်သည်။ ထို့ကြောင့် အစာစား သုံးခြင်းနှင့် လေ့ကျင့်ခန်းလုပ်ခြင်း တို့၏ဆက်စပ်မှုက  အင်ဆူလင်တုံ့ပြန်မှုအတွက် အရေးကြီးသော အရာဖြစ်လာသည်။

ယခု သုတေသန တစ်ခုတွင် ကိုယ်အလေး ချိန်မြင့်တက်နေသော သို့မဟုတ် အ၀လွန်နေသော အမျိုးသားများကို  အုပ်စုနှစ်ခု ခွဲပြီး သီတင်းပတ်ခြောက်ပတ်ကြာလေ့ကျင့်ခန်း လုပ်ခိုင်းသည်။ လေ့ကျင့်ခန်းမှာ သီတင်း ပတ်တစ်ပတ်လျှင် သုံးကြိမ် စက်ဘီးစီးခြင်း ဖြစ်ပြီး တစ်ခါစီးလျှင်မိနစ် ၅၀ ကြာသည်။ပထမအုပ်စု(က)မှာ    နံနက်စာမစားမီ လေ့ကျင့်ခန်း လုပ်သည့် အုပ်စုဖြစ်ပြီး ဒုတိယ အုပ်စု(ခ)မှာ နံနက်စာစားပြီးမှ လေ့ကျင့်ခန်းလုပ်သည့် အုပ်စုဖြစ်သည်။

ထို့နောက် သုတေသနတွင် တွေ့ရှိရသည်မှာ အုပ်စု(က)မှ   အမျိုးသားများသည် လေ့ကျင့်ခန်းလုပ်ပြီးနောက် အင်ဆူလင်ကို အကောင်းဆုံး တုံ့ပြန်နိုင်ခြင်းဖြစ်သည်။

ထို့ကြောင့် အဆိုပါအမျိုးသားများ၏ ခနာ ကိုယ်သည် သွေးတွင်း သကြားဓာတ်ကို ထိန်းချုပ်ရန်အတွက် အင်ဆူလင် ဟော်မုန်းကို အနည်းငယ်သာ ထုတ်လုပ်တော့သည်။ ထိုအခါ  အဆိုပါအမျိုးသားများ လေ့ကျင့် ခန်းလုပ်ပြီးနောက် ဆီးချို အမျိုးအစား နှစ်နှင့် နှလုံးရောဂါကဲ့သို့ အ၀လွန်ခြင်းနှင့် ဆက်စပ်သည့် ရောဂါများဖြစ်ပွားနိုင်ခြေလျော့သွားသည်ကို  သိသိသာသာတွေ့ရှိရသည်။

နံနက်စာစားပြီးမှ လေ့ကျင့်ခန်းလုပ်သည့် အုပ်စု(ခ)မှအမျိုးသားများမှာမူ အုပ်စု(က)မှအမျိုးသားများကဲ့သို့  လေ့ကျင့်ခန်း လုပ် သည့်ပမာဏတူညီသော်လည်း အင်ဆူလင် ဟော်မုန်းကို  တုံ့ပြန်မှုနည်းပါးမြဲသာဖြစ်ကြောင်း တွေ့ရှိရသည်။

အုပ်စု(က)မှ အမျိုးသားများလေ့ကျင့် ခန်းလုပ်ချိန်တွင် အုပ်စု(ခ)မှ အမျိုးသားများထက် အဆီလောင်ကျွမ်းမှု ပမာဏ နှစ်ဆ များပြားသည်။ ထိုသို့အဆီလောင်ကျွမ်းမှု များပြားခြင်းကြောင့် အုပ်စု(က)မှ အမျိုးသားများတွင်    ကျန်းမာရေး အကျိုးကျေးဇူး ကောင်းများကို တွေ့ရှိရခြင်းဖြစ်သည်။

ထို့ကြောင့်   ယခုသုတေသနပြုတွေ့ရှိ ချက်အရ  နံနက်စာမစားမီလေ့ကျင့်ခန်းလုပ်ခြင်းသည် ကိုယ်အလေးချိန်မြင့်တက်

နေသူများ  သို့မဟုတ်  အ၀လွန် နေသူများအတွက်  အ၀လွန်ခြင်းနှင့် ဆက်စပ်သည့် ရောဂါများဖြစ်ပွား နိုင်ခြေကို အကောင်းဆုံး လျှော့ချပေးနိုင်ပေသည်။   

Ref: CAN

Read 46 times
Rate this item
(0 votes)
Last modified on Monday, 18 November 2019 09:31

Latest from စကားဝါ