SJ WorldNews - шаблон joomla Авто

AIDS ရောဂါပျောက်ဆေး ထုတ်နိုင်ရန် နောက်တစ်ဆင့်နီးစပ်လာပြီ

Monday, 25 November 2019 09:03 Written by  font size decrease font size decrease font size increase font size increase font size

ကျန်းမာရေး

လူသားနှင့်ဆိုင်သော ကိုယ်ခံအားကျဆင်းစေသည့်ဗိုင်းရပ်ဖြစ်သော  HIV ဗိုင်းရပ်ကြောင့် ခုခံအားကျဆင်းမှု ကူးစက် ရောဂါ လကဏာစု AIDS ဖြစ်ပွားပြီဆိုလျှင် ကုရာနတ်္ထိ ဆေးမရှိပင်ဖြစ်သည်။

အမြဲတမ်းပြောင်းလဲနေပြီး သနေ်္ဓပြောင်းလဲ မှုမြန်ဆန်သည့် HIV ဗိုင်းရပ်ကို ၁၉၈၃ ခုနှစ်တွင် စတင်တွေ့ရှိခြင်းဖြစ်သည်။ ထိုအချိန်မှ စ၍ သုတေသနပညာရှင်များက ထိုဗိုင်းရပ်ကိုအမြစ်ပြတ်ချေမှုန်းနိုင်ရန် အောင်မြင်နိုင် မည့်နည်းလမ်း ပေါင်းစုံကို ကြိုးစားရှာဖွေမှုများ လုပ်ဆောင် နေဆဲဖြစ်သည်။

ကုလသမဂ၏ ထုတ်ပြန်ချက်အရဆိုလျှင် ကမာတစ်ဝန်း၌ HIV ဗိုင်းရပ်ကူးစက် ခံထားရပြီး အသက်ရှင်နေထိုင်သူ ၃၇ ဒသမ ၈ သန်း ရှိကာ ထိုအထဲကမှ ၁ ဒသမ ၇ သန်းက၂၀၁၈ ခုနှစ်အတွင်းကူးစက်ခံရခြင်းဖြစ်သည် ဟုသိရသည်။ AIDS ရောဂါဖြင့် သေဆုံးသူ အရေအတွက်မှာမူ ၃၅ သန်းခန့်ရှိသည်။

လက်ရှိ ထုတ်လုပ်ထားဆဲဖြစ်သော ဗိုင်းရပ် ဆန့်ကျင်ဆေးများသည် HIV ဗိုင်းရပ် ကူးစက်ခံထားရသူများကို ထိုဗိုင်းရပ် ကူးစက် ခံထားလျက်ဖြင့်ပင်  အသက်ရှင် နေထိုင်နိုင်စေမည်ဖြစ်သည်။ ထို့ပြင် ထိုသူများထံမှ တခြားသူများသို့ ဗိုင်းရပ် ကူးစက်မှု ကိုလည်းလျော့ကျစေသည်။ သို့သော် HIV ဗိုင်းရပ်ကိုအမြစ်ပြတ် သတ်နိုင်သည့် ဆေးဝါးကိုတော့ မထုတ် လုပ်နိုင် သေးပေ။

ထို့ကြောင့် HIV ဗိုင်းရပ်ကိုကာကွယ် နိုင်စွမ်းရှိသည့်အပြင် လူတိုင်းတတ်နိုင်သော ဆေးဝါးကိုထုတ်လုပ်ရေးသည် လူထု ကျန်းမာရေးကို အဓိကခြိမ်းခြောက်နေသည့် ဗှီု ရောဂါကိုတိုက်ဖျက်နိုင်ရေးလုပ်ဆောင် နေသောသုတေသနပညာ ရှင်များ၏ ထိပ်တန်း ဦးစားပေးကိစဖြစ်သည်။

စခရစ်သုတေသနဌာနမှ  ပါမောကရစ်ချတ်ဝိုင်ယတ်ဦးဆောင်သော သုတေသနအဖွဲ့တစ်ဖွဲ့က အမျိုးမျိုးသော HIV ဗိုင်းရပ် ဗီဇများကို အသက်မဲ့စေသည့် ပဋိပစည်းများ ကိုတွေ့ရှိထားသည်။ bnAbs ဟုအမည် ပေးထားသည့် ပဋိ ပစည်းများသည် ဗိုင်းရပ်ရှိ အရေးပါသောနေရာများကို ကန့်သတ်လိုက် ခြင်းဖြစ်သည်။

ထို့ကြောင့် သနေပြောင်းနှုန်းအလွန် မြင့်မားမြန်ဆန်သည့် အမျိုးမျိုးသော HIV ဗိုင်းရပ်ဗီဇများကို ဘညဗဘျ  ပဋိပစ်္စည်း များက ထိန်းချုပ်ထားနိုင်သည်ဟူသောသတင်းသည် နောင်တစ်ချိန်တွင် ဗှီု ရောဂါပျောက်ဆေးရရှိရေးအတွက် အရေးပါသော သတင်း တစ်ခုပင်ဖြစ်သည်။

အဆိုပါ သုတေသန အဖွဲ့သည် bnAbs ပဋိပစည်း ပါဝင်သော ၎င်းတို့၏ ဆေးဝါးကို HIV ဗိုင်းရပ်ကူးစက်ခံထားရသည့် ယုန် ၁၂ ကောင်တွင်စမ်းသပ်သည်။ ထို့နောက် ရလဒ်များကို  နှိုင်းယှဉ် လေ့လာမှုများလုပ် ဆောင်သည်။

ထိုသို့နှိုင်းယှဉ်လေ့လာရာတွင်   သုတေသနအဖွဲ့က တွေ့ရှိသည်မှာ   ၎င်းတို့၏ ဆေးဝါးက ယခင်ဆေးဝါးများထက် ပိုမို

အကျိုးသက် ရောက်မှု ရှိသည်ကို တွေ့ရှိသည်။

အစမ်းသပ်ခံယုန်ငါးကောင်တွင် ပဋိပစည်းများ ထွက်ပေါ်လာပြီး ထိုပဋိပစည်းများက သီးခြားစီ ဖြစ်တည်နေသည့်   HIV ဗိုင်းရပ် အများအပြား၏ စွမ်းရည်များကိုလျော့ပါးစေသည်ကို ၀မ်းမြောက်ဖွယ်တွေ့ရှိရသည်။

AIDS ရောဂါတိုက်ဖျက်ရေးအတွက် ဆေးဝါးတီထွင်သူများအဓိကကြုံရသည့် စိန်ခေါ်မှုမှာ  HIV ဗိုင်းရပ် ကူးစက်ခံထား ရသူ၏ ကိုယ်ခံအားစနစ်က bnAbs ပဋိ ပစည်းများကို ဖန်တီးရန် အားပေး လှုံ့ဆော်ပေးမည့် နည်းလမ်းများကို   ရှာဖွေ ရန်ဖြစ်သည်။

ယခုအခါ   ၀ိုင်ယတ် ဦးဆောင်သော သုတေသန အဖွဲ့က အဆိုပါ နည်းလမ်းကို ရှာဖွေ တွေ့ရှိပြီဟု ဆိုရမည်ဖြစ်သည်။  ထိုသို့ တွေ့ရှိမှုကြောင့် မဝေးတော့သော အနာဂတ်တွင် AIDS ရောဂါပျောက်ဆေးများ ထွက်ပေါ် လာနိုင်တော့ မည်ဖြစ်သည်။

Ref: IE

..............

Read 37 times
Rate this item
(0 votes)
Last modified on Monday, 25 November 2019 09:05