Print this page

နိုဗယ်ကိုရိုနာဗိုင်းရပ်ထက်ကြောက်စရာကောင်းတဲ့ သမိုင်းတစ်လျှောက် ကူးစက်ရောဂါပျံ့နှံ့မှုများ

Sunday, 09 February 2020 14:39 Written by  font size decrease font size decrease font size increase font size increase font size

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်ပိုင်းကနေ  ဒီနေ့အချိန်ထိ ကမ်္ဘာ့နိုင်ငံများကို ထိတ်ထိတ်ပျာပျာဖြစ်သွားစေတဲ့ ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကတော့ ၂၀၁၉ နိုဗယ်ကိုရိုနာဗိုင်းရပ်ဖြစ်ပါတယ်။ ဒီဗိုင်းရပ်က တောရိုင်းတိရစ်္ဆာန်ကနေ ကူးစက်တယ်ဆိုပေမယ့် လူအချင်းချင်းလည်းကူးစက်နိုင်တာကြောင့် အလွန်စိုးရိမ်စရာကောင်းတဲ့ ဗိုင်းရပ်ပါ။ အခုချိန်ထိ ဗိုင်းရပ်ကြောင့် သေဆုံးသူအရေအတွက် ၅၆၃ ဦးရှိပြီး ကူးစက်ခံထားရသူ  ၂၈၀၁၈ ဦးအထိရှိပါတယ်။

ဒါပေမဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်ထက် ပိုပြီးကြောက်စရာကောင်းတဲ့၊ လူအသေအပျောက်ပိုများတဲ့၊ နိုင်ငံတကာအနေနဲ့ ထိန်းမနိုင်သိမ်းမရဖြစ်ရတဲ့ ကူးစက်ရောဂါပျံ့နှံ့မှုတွေအများကြီးရှိပါတယ်။ အဲဒီထဲကမှ နိုင်ငံတကာကို ကိုင်လှုပ်ခဲ့တဲ့ ကူးစက်ရောဂါပျံ့နှံ့မှုတချို့ကို ဖော်ပြပေးလိုပါတယ်။

 

အီဘိုလာ (၂၀၁၃-၂၀၁၆)

၂၀၁၃ ခုနှစ်  ဒီဇင်ဘာလက အနောက်အာဖရိကဒေသမှာ အီဘိုလာရောဂါကူးစက်ပျံ့နှံ့မှုဖြစ်ပါတယ်။ အဲဒီကူးစက်ပျံ့နှံ့မှုက အချိန်အားဖြင့် နှစ်နှစ်ကြာမြင့်ပြီး လူပေါင်း ၁၁၃၀၀ ကျော်သေဆုံးပါတယ်။ အဓိကအားဖြင့် ဂီနီ၊ လိုက်ဘေးရီးယားနဲ့ ဆီယာရာလီယွန်နိုင်ငံတို့မှာ အများဆုံးသေဆုံးခဲ့တာပါ။

၁၉၇၆ ခုနှစ်မှာစတင်တွေ့ရှိတဲ့ အီဘိုလာရောဂါက တခြားဗိုင်းရပ်ရောဂါတွေနဲ့ယှဉ်ရင် တစ်ဦးနဲ့တစ်ဦး ကူးစက်ခံရနိုင်မှု နည်းပေမယ့်    လူသေဆုံးနိုင်ခြေများပါတယ်။ အီဘိုလာရောဂါကူးစက်ခံထားရသူတွေထဲက ၄၀ ရာခိုင်နှုန်း သေဆုံးသွားပါတယ်။ အီဘိုလာဗိုင်းရပ်က ၂၀၁၈ ခုနှစ် သြဂုတ်လမှာ ကွန်ဂိုသမ်္မတနိုင်ငံအရှေ့ပိုင်းမှာ   ပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ လူ ၂၂၀၀ ကျော် သေဆုံးပါတယ်။

ဝက်တုပ်ကွေး (၂၀၀၈-၂၀၁၀)

၂၀၀၉ ခုနှစ် မတ်လက မက်္ကဆီကိုနဲ့ အမေရိကန်နိုင်ငံတို့မှာစတင်တွေ့ရှိတဲ့ ၀က်တုပ်ကွေး(H1N1) ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် လူ ၁၈၅၀၀ သေဆုံးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)က ပြော ပါတယ်။ ဒါပေမဲ့ လန်းစက်ကျန်းမာရေးဂျာနယ်ရဲ့  ဖော်ပြချက်အရတော့    သေဆုံးသူအရေအတွက်  ၁၅၁၇၀၀ နဲ့ ၅၇၅၄၀၀ ကြားရှိတယ်လို့ သိရပါတယ်။

ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့မှုအတွက်  သတိပေးချက်ထုတ်ပြန်တာက ၂၀၀၉ ခုနှစ် ဇွန် ၁၁ ရက်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် သြဂုတ် ၁၀ ရက်မှာတော့ အဲဒီသတိပေးချက်ကို ရုပ်သိမ်းလိုက်နိုင်ပါတယ်။ အဲဒီအချိန်မှာ တော့ (H1N1) ဗိုင်းရပ်ကြောင့် သေဆုံးသူပမာဏက ဖြစ်စတုန်းကထက် နည်းသွားပါတယ်။

(H1N1)  ဗိုင်းရပ်အတွက် ကာကွယ်ဆေးကို အလျင် အမြန်ထုတ်ဝေနိုင်ခဲ့ပေမယ့်လည်း နှစ်စဉ်ဖြစ်ပွားနေတဲ့   တုပ်ကွေးရောဂါအမျိုးမျိုးကြောင့်   သေဆုံးသူအရေ အတွက်က နှစ်သိန်းခွဲနဲ့ငါးသိန်းကြားရှိနေဆဲဖြစ်လို့   ဥရောပ ဒေသတွင်းနိုင်ငံတွေနဲ့   ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ချုပ်တို့ ပြစ်တင်ဝေဖန်ခြင်းကိုခံနေရပါတယ်။

ဆား(စ်) (၂၀၀၂-၂၀၀၃)

ကူးစက်မြန်ပြင်းထန်အဆုတ်ရောင်ရောဂါဖြစ်တဲ့ ဆား(စ်)ရောဂါက ၂၀၀၂ ခုနှစ် နိုဝင်ဘာလမှာ တရုတ် နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်ကနေ စတင်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၀၃ ခုနှစ် နှစ်လယ် ပိုင်းကျမှသာ တစ်ကမ္ဘာ့လုံးက  အထိတ်တလန့်ဖြစ်ရတာပါ။ အထူးသဖြင့် အာရှတိုက်ကို အထိတ်တလန့် ဖြစ်စေပါတယ်။

ဆား(စ်)ရောဂါကြောင့် ၇၇၄ ဦးသေဆုံးပြီး သူတို့ထဲက  ငါးပုံလေးပုံက  တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင်ဒေသတို့က ဖြစ်ပါတယ်။   ကူးစက်မှုဖြစ်ရတာကလည်း မြင်းခွာပုံလင်းနို့တွေကနေ အမျိုးသားတစ်ဦး ဆီကို စတင်ကူးစက်တာပါ။ အဲဒီရောဂါက နိုင်ငံပေါင်း ၃၀ လောက်ကိုပျံ့နှံ့ပြီး   သေဆုံးမှုပမာဏကလည်း  ၉ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိပါတယ်။

အေအိုင်ဒီအက်(စ်) (၁၉၈၁-ယနေ့)

၂၀ ရာစုအတွင်းနဲ့ ၂၁ ရာစုအတွင်းမှာ လူအသေ အပျောက်များပြီး ကာကွယ်ဆေးမရှိသေးတဲ့ရောဂါ ကတော့ အေအိုင်ဒီအက်(စ်)(ခုခံအားကျဆင်းမှုရောဂါ လက္ခဏာစု)ရောဂါဖြစ်ပါတယ်။ လူ၏ ကိုယ်ခံအား စနစ် အပေါ်သက်ရောက်ပြီး  ကူးစက်ခံရသူ အနေနဲ့ ကိုယ်ခံ အားကျဆင်းလာတဲ့အတွက် တခြားရောဂါတွေ ရဲ့ကူးစက်မှုကို အလွယ်တကူခံရနိုင်ပါတယ်။

ကုလသမဂ္ဂ ရဲ့ထုတ်ပြန်ချက်အရဆိုရင် အဲဒီရောဂါ ကြောင့်  လက်ရှိအချိန်ထိ သေဆုံးသူ အရေအတွက် ၃၂  သန်း ၀န်းကျင် ရှိတယ်လို့  သိရပါတယ်။  ဒီနေ့ အချိန်မှာတော့ လူ ၂၄ သန်းခွဲလောက်က အေအိုင် ဒီအက်(စ်) ရောဂါထိန်းချုပ်ဆေးတွေ ရရှိနေပြီဖြစ်ပါ တယ်။

ဟောင်ကောင်တုပ်ကွေး (၁၉၆၈-၁၉၇၀)

၁၉၆၈ ခုနှစ် နှစ်လယ်ပိုင်းကနေ ၁၉၇၀ ပြည့်နှစ် အစောပိုင်းအထိ  ကမ္ဘာ တစ်ဝန်းကို ကူးစက်ပျံ့နှံ့တဲ့  ဟောင်ကောင် တုပ်ကွေးကြောင့်   လူတစ်သန်းနီးပါး သေဆုံးတယ်လို့ အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာနရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။

ကလေးအများစုကို သေဆုံးစေတဲ့  ဟောင်ကောင် တုပ်ကွေးက  ဟောင်ကောင်ဒေသမှာစတင်ဖြစ်ပွားပြီး  အာရှတိုက် တစ်ဝန်းကို ပျံ့နှံ့ပါတယ်။  ၁၉၆၈  ခုနှစ် နှောင်းပိုင်းမှာတော့  အမေရိကန်နိုင်ငံကိုရောက်ရှိပြီး  လပေါင်းများစွာအကြာ ၁၉၆၉ ခုနှစ်နှောင်းပိုင်းမှာ  ဥရောပဒေသကိုပါ ကူးစက်ပျံ့နှံ့သွားပါတယ်။ အာရှတုပ်ကွေး (၁၉၅၇-၁၉၅၈) အထူးသဖြင့်  သက်ကြီးရွယ်အိုတွေမှာ  ဆိုးရွားတဲ့ အဆုတ်ရောဂါကိုဖြစ်စေပြီး   တစ်ကမ္ဘာ လုံးမှာ  လူ  ၁ ဒသမ ၁ သန်းသေဆုံးစေတဲ့ရောဂါက အာရှ တုပ်ကွေး ဖြစ်ပါတယ်။ အဲဒီရောဂါက   ၁၉၅၇ ခုနှစ်  ဖေဖော်ဝါရီ လက  တရုတ်နိုင်ငံတောင်ပိုင်းမှာ စတင်ဖြစ်ပွားတာ ပါ။ လပေါင်းများစွာ ကြာပြီးမှ သာ  အမေရိကတိုက်နဲ့  ဥရောပတိုက်တို့ကို ပျံ့နှံ့သွားတာဖြစ်ပါတယ်။

စပိန်တုပ်ကွေး (၁၉၁၈-၁၉၁၉)

ပထမကမ္ဘာ စစ်ကြီးပြီးခါနီး ၁၉၁၈ ခုနှစ် စက်တင်ဘာလကနေ  ၁၉၁၉ ခုနှစ် ဧပြီလအထိ ခုနစ်လ အတွင်းမှာ စပိန်တုပ်ကွေးကြောင့်  လူပေါင်းသန်း ၅၀  နီးပါးသေဆုံးသွားရပါတယ်။  ဒါက  ကမ္ဘာ ပေါ်မှာ  အချိန်တိုအတွင်း ကူးစက်ရောဂါကြောင့် လူအများဆုံး သေဆုံးရမှုဖြစ်ပါတယ်။  ဒီပမာဏက  ပထမကမ္ဘာ စစ် အတွင်း သေဆုံးသူပမာဏထက် ငါးဆပိုများတယ်လို့ ဆိုပါတယ်။ ဒါတောင်မှ သူ့ရဲ့သေဆုံးနိုင်မှုနှုန်းက  ၂ ဒသမ ၅ ရာခိုင်နှုန်းကျော်ပဲရှိပါတယ်။   ပထမဆုံး ကူးစက်ခံရပြီး  သေဆုံးသူတွေကတော့  အမေရိကန် နိုင်ငံကဖြစ်ပြီး အဲဒီနောက်မှသာ ဥရောပနဲ့  ကမ္ဘာ တစ်ဝန်းကို ပျံ့နှံ့သွားတာဖြစ်ပါတယ်။

အထက်ပါဖြစ်စဉ်တွေကိုကြည့်မယ်ဆိုရင် လက်ရှိ ဖြစ်ပွားနေတဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်က  အလွန်စိုးရိမ် ထိတ်လန့်ရတဲ့ထဲမှာ  မပါဘူးလို့ဆိုနိုင်ပါတယ်။   ဘာ ကြောင့်လဲဆိုရင် နိုင်ငံတကာက အစိုးရတွေကိုယ်တိုင် က ဒီရောဂါကိုထိန်းချုပ်နိုင်ဖို့ ဖိဖိစီးစီးလုပ်ဆောင်နေ တာကြောင့်ဖြစ်ပါတယ်။ ဒါ့ပြင် တိုးတက်လာတဲ့နည်း ပညာတွေကလည်း ဒီရောဂါကို အချိန်မီထိန်းချုပ်နိုင် မှာဖြစ်ပါကြောင်း ဖော်ပြလိုက်ပါတယ်။      

   

ထက်မြတ်

Read 127 times
Rate this item
(0 votes)
ကေတု

Latest from ကေတု