SJ WorldNews - шаблон joomla Авто

နွေကာလအပူလျှပ်ခြင်း ခရမ်းလွန်ရောင်ခြည်သင့်ခြင်းနှင့်ပြဿနာများ

Saturday, 21 March 2020 09:58 Written by  font size decrease font size decrease font size increase font size increase font size

နွေရာသီမှာ ပူပြင်းလွန်းတာနဲ့အမျှ ရေအရင်း အမြစ်ဆုံးရှုံးမှုများတယ်။ ခန်းခြောက်လာတယ်။ အပူ ပိုင်းဒေသတွေမှာပါဝင်တဲ့မြန်မာနိုင်ငံအနေနဲ့ နွေရာသီ မှာ  အပူချိန်မြင့်မားတဲ့ဒေသတွေမှာ နေထိုင်ရတဲ့ ပြည်သူတွေ  အပူချိန်လွန်ကဲမှုကြောင့် ဖြစ်ပေါ်နေတဲ့  ကျန်းမာရေးအန္တရာယ်တွေက   ကြိုတင်ကာကွယ် ထားဖို့လိုတယ်။

ပူပြင်းတဲ့နွေရာသီမှာ လိုက်လျောညီထွေရှိတဲ့ အဝတ် အစား ပွပွချောင်ချောင် ပေါ့ပေါ့ပါးပါး ဝတ်ဆင်ရမယ်။ နေရောင်ခြည်ကိုစုပ်ယူတဲ့ အနက်ရောင်၊ အနီရောင် စတဲ့ အရောင်ရင့်ရင့်အဝတ်အစားမဝတ်သင့်ဘူး။ နေရောင်ခြည်ကိုပြန်စေတဲ့ အရောင်နု၊ အရောင် ဖျော့ ပွပွချောင်ချောင်ဝတ်ဆင်သင့်တယ်။ ရေများများ သောက်ရမယ်။ အရက်၊ ဘီယာသောက်ခြင်း ရှောင် ကြဉ်ရမယ်။ အရက်၊ ဘီယာဟာ ခန္ဓာကိုယ်ရဲ့အပူချိန် ထိန်းညှိခြင်းကိုထိခိုက်စေသလို ခန္ဓာကိုယ်အတွင်း ရေဓာတ် ညစ်နွမ်းစေလို့ ရေများများသောက်ဖို့လိုလာတယ်။ ရေဆာရင်ရေပဲသောက်သင့်တယ်။ အချိုရည်လည်း မသောက်သင့်ပါဘူး။ ချွေးထွက်များရင် နေပူပြင်း လွန်းရင် ကြွက်တက်ခြင်း၊ နုံးခွေခြင်းတို့ဖြစ်နိုင်လို့ ဓာတ်ဆားရည်ဖျော်ပြီး သောက်သင့်ပါတယ်။ နေ့ တစ်နေ့ရဲ့ အပူဆုံး နံနက် ၁ဝ နာရီမှ ညနေ ၄ နာရီ အထိ အပြင်ထွက်ခြင်းမပြုသင့်ပါဘူး။ နေပူထဲထွက်ရင် ထီး သို့မဟုတ် ဦးထုပ်ဆောင်းပြီးထွက်ရမယ်။

နွေရာသီမှာ အရေပြားပြောင်းလဲခြင်းရဲ့ အဓိက အကြောင်းရင်းက ခရမ်းလွန်ရောင်ခြည်ဖြစ်တယ်။ ခရမ်းလွန်ရောင်ခြည်ကို နေကရရှိတယ်။ ပုံမှန်ဆိုရင် ခရမ်းလွန်ရောင်ခြည်ကို အိုဇုန်းလွှာက ကာရံထား ပေးတယ်။ လူတို့ရဲ့ကပ်လျက်က ထရိုပိုစပီးယား၊ စထရာတိုစပီးယား၊  အိုဇုန်းလွှာပြီးမှ  အိုင်ယွန် နိုစပီးယား၊ နျူထရိုစပီးယား လေထုအလွှာ လေးလွှာ ရှိတယ်။ တောမီးလောင်ခြင်း၊ ရုပ်ကြွင်းလောင်စာ လောင်ကျွမ်းခြင်း၊ စက်ရုံမီးခိုးတိုင်များ၊ ဖျက်မင်း ရေမွှေး၊ ရေခဲသေတ္တာ၊   အဲကွန်းတို့မှ  ကလိုရို ဖလူရိုကာဗွန်တို့က   အိုဇုန်းလွှာကိုပါးလွှာစေကာ  ပေါက်ပြဲကုန်ပြီး ကမ္ဘာ့မြေပြင်ထက်  ခရမ်းလွန် ရောင်ခြည် ကျရောက်မှု များလာတယ်။  ခရမ်းလွန် ရောင်ခြည်ထိတွေ့မှုများတဲ့ မျက်နှာ၊ လက်၊ လည်ပင်း၊ ခြေထောက်တွေမှာ နေလောင်တာမျိုးအတွေ့ရများ တယ်။ ခရမ်းလွန်ရောင်ခြည် ဘီ ၂၉ဝ-၂၃ဝ နာနိုမီတာ သို့မဟုတ် အမှတ်(၁၂)ဟာ အရေပြားအပေါ်ယံလွှာ ရဲ့အောက်ပိုင်းအထိ  ထိုးဖောက်ရောက်ရှိပြီး ခရမ်းလွန် ရောင်ခြည် အေ ၃၂ဝ-၄ဝဝ နာနိုမီတာ သို့မဟုတ် အမှတ်(၁၄)က အရေပြားအောက်လွှာအထိ ထိုးဖောက် ရောက်ရှိနိုင်ပါတယ်။  နေမရှိတော့တဲ့ညဘက်မှာ ခရမ်းလွန်ရောင်ခြည်ထိတွေ့မှု သုညဖြစ်တယ်။ ခရမ်း လွန်ရောင်ခြည် အမှတ်(၁၄)က နေရောင်ခြည်ကြောင့် ဖြစ်တဲ့ အရေပြားပြောင်းလဲခြင်း၊ အရေပြားကင်ဆာဖြစ် ခြင်းတို့ဖြစ်စေပါတယ်။

နွေရာသီမှာ အပူချိန်မြင့်မားလို့ အသက်ငယ်ရွယ် လွန်းသူ၊ ကြီးလွန်းသူ၊ နာတာရှည်ရောဂါအခံရှိသူ၊ သွေးတိုး၊ သွေးချို၊ ဆီးချို၊ နှလုံး၊ အဆုတ်ရောဂါရှိသူ များ၊ အဝလွန်သူ၊ ဆီးဆေးသောက်နေရသူ၊ အစား အသောက်မှာ ဆားဓာတ်လျှော့စားနေသူတွေဟာ  နွေရာသီမှာအပူမြင့်မားခြင်းကြောင့် အပူလျှပ်ခြင်းဒဏ်ခံ ကြရပါတယ်။ အပူကြောင့်  ကြွက် တက်ခြင်း၊ ရေငတ် ခြင်း၊ ခြေထောက်၊ လက်၊ ဝမ်းဗိုက်၊ ကြွက်သားနာခြင်း၊ ကြွက်တက်ခြင်း စတာတွေခံစားရတယ်။ နေရိပ်မှာ သို့မဟုတ် အဲကွန်းအခန်းမှာနေကာ ဓာတ်ဆားပါတဲ့ ရေကို သောက်ပေးသင့်တယ်။

ဆားဓာတ်၊ ရေဓာတ်ပြန်လည်ဖြည့်တင်းခြင်းမပြု နိုင်ရင် အပူကြောင့်အားကုန်ခြင်းဖြစ်လွယ်တယ်။ နုံးခြင်း၊ ပျို့အန်ခြင်း၊ ခန္ဓာကိုယ်အပူချိန် ၁ဝ၂ ဒီဂရီ ဖာရင်ဟိုက် (၃၉ ဒီဂရီစင်တီဂရိတ်)အထိတက်လာခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ သတိလစ်ခြင်းတို့ဖြစ်နိုင် တယ်။ သွေးပေါင်ချိန်ကျခြင်း၊ နှလုံးခုန်မြန်ခြင်းနဲ့ အရေပြားအေးစက်ကာ ဖြူဖပ်ဖြူရော်ဖြစ်လာနိုင်တယ်။

မိသားစုဆရာဝန်ထံပြသကာ ကုသမှုခံယူရမယ်။ ဆရာဝန် က ဆားဓာတ်၊ ရေဓာတ်ရရှိဖို့ ဒရစ်(ချိုငန်)ချိတ်ကာ မူလအခြေအနေရောက်အောင် ဆောင်ရွက်ရမယ်။ ကုသမှုခံယူဖို့နောက်ကျရင် အပူကြောင့်လေဖြတ်ခြင်း ဖြစ်နိုင်တယ်။

ခန္ဓာကိုယ်မှ အပူချိန်ထိန်းညှိစနစ်ဟာ ဦးနှောက်မှာ ပျက်စီးလာပြီး ခန္ဓာကိုယ်အပူချိန် ၁ဝ၄ ဒီဂရီဖာရင်  ဟိုက်မှ ၁ဝ၆ ဒီဂရီဖာရင်ဟိုက် (၄ဝ ဒီဂရီစင်တီဂရိတ် မှ ၄၁ ဒီဂရီစင်တီဂရိတ်)အထိမြင့်တက်လာရင် အသက် အန္တရာယ်ရှိတဲ့ အရေးပေါ်အခြေအနေကို ရောက်နိုင် တယ်။  လူနာရဲ့အရေပြားဟာ  ချွေးမထွက်နိုင် တော့ရင်လည်း ခြောက်သွေ့နီရဲလာခြင်း၊  ပျို့အန်ခြင်း၊  ခေါင်းကိုက်ခြင်း၊ စကားပြောမူမမှန်ခြင်း၊ ကယောင် ချောက်ချားဖြစ်ခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း၊  အသက်ရှူမမှန်ခြင်း၊ နှလုံးခုန်မြန်လာခြင်းနဲ့မမှန်ခြင်း၊  သွေးလန့်ခြင်းတို့ဖြစ်နိုင်ပါတယ်။ ဆေးရုံကို အမြန် တင်ပို့ကုသမှုခံယူဖို့လိုပါတယ်။

ယင်းအပူချိန်ကိုအမြန်ဆုံးလျှော့ချခြင်းက ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်ပျက်စီးခြင်းက ကာကွယ်ပေးတယ်။ ဆေးရုံကိုမပို့မီ ရှေးဦးသူနာပြုစုခြင်းနဲ့ပြုစုကာ လူနာကို နေရိပ်မှာထားရမယ်။ ပန်ကာ၊ လေအေးစက်ရှိတဲ့ အခန်းမှာထားနိုင်တယ်။ လေဝင်လေထွက်ကောင်းမွန် ရမယ်။ လူနာသတိရရင် ဓာတ်ဆားရည်လုံလောက် အောင်တိုက်ရမယ်။ အဝတ်အစားချွတ်ပြီး ခန္ဓာကိုယ် အနှံ့ ရေအေးဝတ်(ရေဖတ်)တိုက်ပေးရတယ်။ လူနာရဲ့ လည်ပင်း၊ ချိုင်း၊ ပေါင်ခြံတို့မှာ ရေခဲ၊ ရေအေးစိမ် ထားတဲ့ မျက်နှာသုတ်ပဝါထားရမယ်။ ရေအေးစွတ် ထားတဲ့ တဘက်၊ အဝတ်၊ စောင်နဲ့လူနာကိုခြုံပေးရ မယ်။

ယခုနှစ် နွေဟာ ယခင်နှစ်တွေထက် ပိုမိုပူပြင်းကာ  နေ့ခင်းဘက် ခရမ်းလွန်ရောင်ခြည်ကျရောက်မှုလည်း မြင့်မားလျက်ရှိတယ်။ အပူဒဏ်ကြောင့် ချွေးထွက်လွန် ပြီး ခန္ဓာကိုယ်အတွင်းရှိ ရေနဲ့ဓာတ်ဆားတွေဆုံးရှုံးမှု များပြားတယ်။ ယင်းဆုံးရှုံးမှုတွေကြောင့် မိတ်နဲ့ယားဖု ထွက်ခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊ မူးမော်ခြင်း၊ ကြွက်တက် ခြင်း၊ ချွေးခြောက်ပြီး ကိုယ်အပူချိန်တက်ခြင်း၊ သတိလစ် ခြင်း၊ သေဆုံးခြင်းတို့ဖြစ်နိုင်တယ်။

အပူဒဏ်ကြောင့် မလိုလားအပ်တဲ့အကျိုးဆက်တွေ မဖြစ်ပေါ်စေနိုင်ရေး နံနက် ၁ဝ နာရီမှ ညနေ ၅ နာရီ အတွင်း လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေဆိပ်တို့မှာ ရေချိုးခြင်းမှ ရှောင်ကြဉ်ပါ။ အရိပ်ရအေးမြတဲ့နေရာမှာ ခိုနားပါ။ နေပူထဲမှာ ပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှား မှုမပြုလုပ်ပါနှင့်။ အရက်သောက်ခြင်းဟာ အပူဒဏ် အန္တရာယ်ဖြစ်ပေါ်လွယ်စေခြင်းနဲ့ ဖြစ်ပွားပါက ပြင်း ထန်စွာခံစားရခြင်းကြောင့် ရှောင်ကြဉ်သင့်ပါတယ်။ နေ့ခင်းဘက်အပြင်ထွက်တိုင်း ဦးထုပ်၊ ထီး၊ အဆောင်း အကာနဲ့သွားသင့်ပါတယ်။ အလင်းရောင်ပြန်တဲ့အဖြူ ရောင် သို့မဟုတ် အရောင်ဖျော့အဝတ်အထည်ဝတ်ဆင် ရမယ်။ ပွပွချောင်ချောင်ချည်ထည်ကိုဝတ်ဆင်ရမယ်။  ချွေးထွက်လွန်ရင် ကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆား ဆုံးရှုံးမှုကို  ပြန်လည်ဖြည့်တင်းနိုင်ဖို့ ဓာတ်ဆားရည် သောက်သင့်ပါတယ်။ ကိုယ်အပူချိန်တက်ပါက ရေအေး ဖတ်နိုင်နိုင်တိုက်ရမယ်။ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါအခံရှိသူတွေ၊ ကလေးသူငယ်နဲ့သက်ကြီး ရွယ်အိုတွေအနေနဲ့ နေ့လယ်နေ့ခင်းမှာ အရိပ်ရပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမျိုးမှာ အနားယူ သင့်ပါတယ်။ မိတ်ဖု၊ ယားဖုတွေထွက်ရင် ရေအေးဖတ် ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ပြုလုပ်သင့်တယ်။ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အပူ ချိန်တက်ခြင်း၊ အပူဒဏ်ကြောင့်သတိလစ်ခြင်းနဲ့ အတက် ရောဂါဖြစ်ရင် ဆေးရုံအရောက်နောက်ကျပါက အသက် ဆုံးရှုံးနိုင်လို့  ဆေးရုံကို အမြန်ဆုံးပြသဖို့လိုအပ် တယ်။

နေအပူချိန်များလှတဲ့ သည်နှစ်နွေရာသီမှာ အရိပ် ခိုရင် အဲကွန်းခန်းတွေမှာ အနားယူသင့်ပါတယ်။ နေပူပြင်းတဲ့ နံနက် ၁ဝ နာရီမှ ညနေ ၄ နာရီအထိ လွင်တီးခေါင်ပြင်များ၊ ရေချိုးဆိပ်များ၊ ကမ်းခြေတို့မှာ ရေကူးခြင်း၊ ရေကစားခြင်းရှောင်ကြဉ်သင့်တယ်။ အပူ ဒဏ်မှကာကွယ်နိုင်ရေး လိုက်နာဆောင်ရွက်သင့်ပါ တယ်။  

 

ဒေါက်တာလွင်သန့် 

Read 6 times
Rate this item
(0 votes)

Latest from ကေတု