SJ WorldNews - шаблон joomla Авто

လက်သည်းကိုခွန်အားဖြစ်စေသော အစားအစာလေးများ

Sunday, 22 March 2020 11:53 Written by  font size decrease font size decrease font size increase font size increase font size

လက်သည်းခွံအကြောင်း သိကောင်းစရာ

လက်ချောင်းတွေ အသုံးပြုလိုက်တိုင်း လက်သည်းလေးတွေကလည်း ဝန်ဆောင်မှုအပြည့်အဝ ပေးနေရသည်။ ဥပမာ ကွန်ပျူတာခလုတ်၊ ဖုန်းခလုတ်များ နှိပ်နေစဉ်၊ အဝတ်များကို ကြေး ညှော်စင်အောင်ကုတ်၍ လျှော်ဖွပ်နေစဉ်၊ ခြင်ကိုက်သဖြင့် အယားဖြေနေစဉ်စသည်ဖြင့်  ကိစ္စကြီး ငယ်မရွေး လက်သည်းပါမှ ကိစ္စပြီး မြောက်နိုင်ပေလိမ့်မည်။ 

လက်သည်းခွံလေးများ အကြောင်းကို  စေ့စေ့စုံစုံ လေ့လာကြည့်မည်ဆိုပါလျှင် အရွယ်ရောက် ပြီး ကျန်းမာရေး ကောင်းသူတစ်ဦး၏ လက်သည်းများသည် ပျမ်းမျှတစ်လလျှင် ၃ ဒသမ၅ မီလီမီတာ ခန့်ရှည်ထွက်လေ့ရှိသည် (သို့သော် နာမကျန်းသူများနှင့် အာဟာရချို့တဲ့သူတွေကို မဆိုလိုပါ) အကယ်၍ လက်ချောင်းတစ်ချောင်းပေါ်ရှိ လက်သည်းခွံသည်  အကြောင်းတစ်ခု ခုကြောင့် ကျွတ်ထွက်သွားသည်ဆိုပါစို့။ ထိုလက်သည်းခွံလေး မူလပကတိအရှည်သို့ ပြန် လည် ရောက်ရှိစေဖို့အတွက် ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး ၃ - ၅ လ အထိစောင့် ဆိုင်းရပါလိမ့်မည်။

လက်သည်းကိုများများ အသုံးပြုရသော သူများနှင့်ပူအိုက်သော နွေရာသီတို့တွင် အရှည်မြန် ဆန်တတ်ကြောင်း လေ့လာမှတ်သားရသည်။ ဆံပင်မွေးနှင့်ခြေသည်း၊ လက်သည်းတွေကို တူညီသော ပရိုတင်းဓာတ်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ ထိုပရိုတင်း၏ အမည်မှာ keratin ဖြစ်သည်။ ယေဘုယျအားဖြင့် အမျိုးသားများ၏ လက်သည်းမှာ အမျိုးသမီးတွေ ထက်ပို၍ အရှည်မြန်ဆန်သည်။ သို့သော် ကိုယ်ဝန်ဆောင် အမျိုးသမီးများ၏ လက်သည်းက အမျိုးသားထက်ပို၍ အရှည်မြန်လေ့ရှိသည်။

အကြောင်း တစ်ခုခုကြောင့် ခြေသည်းလက်သည်း ပိုးစားတယ်ဆိုပါစို့။ ထိုပိုးစားနေသော ခြေသည်း၊ လက်သည်းခွံများကို ကုန်စင်အောင် ညှပ်ပစ်ပေးရပါမည်။ အရောင်မပါသော ခြေ သည်း၊ လက်သည်းဆိုးဆေးအဆီကို ဆိုးထားသင့်သည်။ လူတစ်ဦးနှင့်တစ်ဦး   လက်သည်းခွံ အထူအပါး၊ အပျော့အမာ မတူညီနိုင်ကြပေ။ မျိုးရိုးဗီဇကြောင့် ဖြစ်ပါသည်။

လက်သည်းခွံက အသက်ရှူနိုင်တာကြောင့် လက်သည်းခွံအတွက် အောက်ဆီဂျင်လိုတယ်ဟု လူအများက ထင်မှတ်မှား နေတတ်ကြသည်။ အမှန်စင်စစ် လက်သည်းခွံဆိုသည်မှာ ဆဲလ်အ သေဖြစ်၍ အောက်ဆီဂျင် လုံးဝမလိုအပ်ပေ။ လက်သည်းတွေ ရှည်ထွက်လာသော နေရာဖြစ် သည့် cuticles (ခေါ်) လက်သည်းပန်းကုံး နှင့် nail bed (ခေါ်) လက်သည်းခွံအောက် အရေပြားအသားတွေကသာ အောက်ဆီဂျင် လိုအပ်သည်။

လက်သည်းသည် ပူပြင်းသော ရာသီမှာ အရှည်မြန်လေ့ရှိပြီး အေးမြသောရာသီမှာ အရှည်နှေး ကွေးသွား တတ်သည်။ လက်သည်းကို ပါးစပ်ဖြင့်ကိုက်ဖဲ့ခြင်းက အားငယ်စိတ်၊ မိမိကိုယ်ကို ယုံကြည်မှု နည်းစိတ်၊ ယောက်ယက်ခတ်စိတ်တွေဖြင့် တိုက်ရိုက်ပတ်သက် ဆက်စပ်လျက်ရှိ သည်။ ခြေသည်းခွံ၊ လက်သည်းခွံတွေကို အရှည်ကြီး မထားသင့်ပေ။ အဘယ်ကြောင့် ဆိုသော်ရှည်လျားပြီး အသားနဲ့လွတ်နေသော ခြေသည်း၊ လက်သည်းခွံအောက်တွေမှာ အညစ်အကြေးများ၊ ဗက်တီးရီးယားမှိုပိုးများ အလွယ်တကူပေါက်ပွားနိုင်သည်။

ထို့ကြောင့် တစ်ကိုယ်ရေ သန့်ရှင်းမှုအတွက်ခြေသည်း၊ လက်သည်းတွေကို တိုတိုသာထားပါ။ လက်သည်းခွံ အရောင်ကိုကြည့်ပြီး ကျန်းမာရေးအခြေအနေကို အကဲခတ်ရ လွယ်ကူသည်။   ဥပမာ လက်သည်းခွံအရောင် ဖျော့တော့နေခြင်းက သွေးအားနည်းရောဂါ လက္ခဏာ၊ လက် သည်းခွံပေါ် ဒေါင်လိုက် အမဲအစင်းကြောင်းပေါ်နေခြင်းက အရေပြားကင်ဆာ လက္ခဏာ၊     လက်သည်းခွံ အရောင်ပြာနှမ်းနေခြင်း ကနှလုံးမှာ အောက်ဆီဂျင် မလုံလောက်သော လက္ခဏာများ ဖြစ်ကြသည်။

လက်သည်းခွံကျန်းမာရေး

ကျန်းမာကြံ့ခိုင်သော လက်သည်းဖြစ်စေဖို့အတွက် သင့်လျော်လျောက်ပတ်သည့် အစားအစာ များကို မှန်ကန်စွာ ရွေးချယ်သင့်ပေသည်။ သို့မဟုတ်ပါက လက်သည်း ခြောက်သွေ့အား နည်းလာပြီး အလွယ်တကူ ကွဲအက်ပဲ့ထွက်သွားနိုင်သည်။ အောက်ဖော်ပြပါ ခွန်အားပြည့်ဝ သော အစားအစာလေးများကို စားသုံးရင်း သင့်လက်သည်းကို ကောင်းစွာစောင့်ရှောက်ထား နိုင်ပါလိမ့်မည်။

ခရမ်းချဉ်သီး

ဗီတာမင်စီကို ခရမ်းချဉ်သီးထဲမှ အလုံအလောက်ရရှိနိုင်သည်။ ခရမ်းချဉ်သီးထဲရှိ လိုင်စိုပင်န်နှင့်   ဘိုင်အိုတင်တို့က လက်သည်းခွံများအတွက် ထူထဲမာကျောမှုကို ပေးစွမ်းနိုင်သည်။ ထို့ပြင် လက်သည်းများ ကွဲအက်ပဲ့ထွက်ခြင်း မဖြစ်စေနိုင်တော့ပေ။ လက်သည်းခွံ မျက်နှာပြင်ကို လည်း ပြောင်လက် ချောမွေ့စေပါသည်။ သို့သော် အနီရောင်ရဲရဲခ ရမ်းချဉ်သီးကို တစ်နေ့လျှင် နှစ်လုံးတိတိနေ့စဉ် အစိမ်းလိုက်ဝါးမှသာ ဖော်ပြပါ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါ လိမ့်မည်။

သောက်ရေသန့်

ခန္ဓာကိုယ်ကို အမြဲတစေ ရေဓာတ်ပြည့်ဝနေဖို့ လိုသည်။ ရေဓာတ်ချို့တဲ့ခြင်းက ဘက်စုံ ကျန်းမာရေးကို ကြီးစွာသောဒုက္ခ ပေးနိုင်သကဲ့သို့ လက်သည်းခွံများ အတွက်ကိုလည်း ဆိုးကျိုးဖြစ်စေသည်။ ရေ(အရည်) ဓာတ်ကလက်သည်းခွံ တစ်ပြင်လုံး၏ အောက်ခြေရှိ အသားလွှာ မျက်နှာပြင်ကို ကျန်းမာစေပြီး လက်သည်းများ ရှည်ထွက်လာစေဖို့အတွက် အထောက် အပံ့ကောင်း ဖြစ်သည်။

ကန်စွန်းဥ

ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော ဘီတာကယ်ရိုတင်း (ခေါ်) ဓာတ်တိုးဆန့်ကျင် ပစ္စည်း တစ်မျိုးကို ကန်စွန်းဥမှ အပြည့်အဝ ရရှိနိုင်ပါသည်။ ဘီတာကယ်ရိုတင်း ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားသောအခါ ဗီတာမင်အေအဖြစ် ပြောင်းလဲသွားပြီးနောက် ဆဲလ်များကို ကြီးထွား လာစေပြီး လက်သည်းများကိုလည်း ဖွံ့ဖြိုးလာအောင် အကူအညီပေးသည်။ အကယ်၍ လက်သည်းတွေ ကွဲအက်ခြောက်သွေ့နေခြင်းက ခန္ဓာကိုယ်ထဲမှာ ဗီတာမင်အေ ချို့တဲ့နေ သော လက္ခဏာဖြစ်သည်။

ရွှေဖရုံစေ့

ဇင့်ဓာတ်ကလက်သည်းများ ကြီးထွားဖွံ့ဖြိုးစေရန်အတွက် မရှိမဖြစ်ဓာတ်တစ်မျိုးပါ။ ဇင့်ဓာတ် အမြောက်အမြားကို ရွှေဖရုံစေ့ထဲမှ လုံလောက်စွာ ရရှိနိုင်သည်။ ရွှေဖရုံစေ့က ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းစွာ အလုပ်လုပ်စေပြီး ခန္ဓာကိုယ်ထဲတွင် ပရိုတင်း ထုတ်လုပ်မှုကို အကူအညီ ပေး၍ လက်သည်းများကို ကျန်းမာကြံ့ခိုင်စေသည်။ ထို့ပြင် လက်သည်းပေါ်ရှိ အဖြူရောင် အစက်အပြောက်တွေကို လျှော့ချပေးနိုင်သည်။ နေ့စဉ်ရွှေဖရုံသီး လက်တစ်ဆုပ်စာ   ပမာဏ ကိုစားပေးခြင်းဖြင့် ဖော်ပြပါ အကျိုးကျေးဇူးများကို ရရှိနိုင်ပါလိမ့်မည်။

ဗိုလ်စားပဲသီး

အစိမ်းရောင် ဗိုလ်စားပဲသီးထဲမှာ ပါရှိသော ဆီလီကွန်ဓာတ်ကလက်သည်းများကို မာကျော စေခြင်း၊ လက်သည်းခွံ သိပ်သည်းဆထူထဲခြင်း၊ လက်သည်းအရှည် မြန်ဆန်ခြင်းတို့ကို ကူညီ ထောက်ပံ့ပေးနိုင်သည်။

ကြက်ဥများ

လက်သည်းတွေကို သဘာဝအလျောက် keratin ပရိုတင်းတစ်မျိုးဖြင့် ဖွဲ့စည်းတည်ဆောက် ထားသည်။ ကြက်ဥ အကာရည်ကြည်ထဲမှာ အဆင့်အတန်းမီ ပရိုတင်းဓာတ်တွေ ပါရှိနေကြ သည်။ ကြက်ဥထဲရှိ ပရိုတင်းက ခန္ဓာကိုယ်ကို ကောင်းကျိုးပြုကာ လက်သည်းပရိုတင်း ကိုလည်း အားဖြည့်ပေးပြီး လက်သည်းများ ကျန်းမာကြံ့ခိုင်မှုကို ပေးစွမ်းနိုင်ပါသည်။

ငှက်ပျောသီး

ငှက်ပျောသီး တစ်နေ့နှစ်လုံးစားပါ။ ငှက်ပျောသီးမှည့်ထဲရှိ  ဇင့်နှင့်စီလီကာ သတ္တုဓာတ်များက လက်သည်းတွေကို ကြံ့ခိုင်စေသည်။ ထို့ပြင် ငှက်ပျောသီးထဲရှိ သဘာဝဗီတာမင်-၆ ဓာတ်က လည်း လက်သည်းခွံတွေကို ကျန်းမာစေဖို့ အထောက်အပံ့ပေးသည်။

အဆီများသောငါး

အဆီများသော ငါးတွေမှာ အိုမီဂါ-၃ ဖက်တီး အက်စစ်ကြွယ်ဝစွာ ပါရှိနေကြပြီး အက်စစ် ကခန္ဓာကိုယ်တစ်ခုလုံးအတွက် သွေးလည်ပတ်စီးဆင်းမှုကို တိုးတက်ကောင်းမွန်စေသည်။   ထို့ပြင် လက်သည်း တစ်ပြင်လုံးကို အာဟာရဖြစ်စေပြီး ကျန်းမာကြံ့ခိုင်စွာ လက်သည်း အရှည်မြန်စေသည်။ ငါးသေတ္တာငါး၊ မက်ကရယ်ငါးကဲ့သို့သော ပင်လယ်ငါးကြီးများ၊ တူနာငါး၊ ဆယ်လ်မွန်ငါးတို့က လက်သည်းကို အာဟာရဖြစ်စေ၍ ချောမွေ့စေခြင်း၊ အရောင်တောက်ပ ခြင်းဖြင့် ကောင်းကျိုးပြုသည်။

မုန်လာဥနီ

ဗီတာမင်အေကြွယ်ဝသော မုန်လာဥနီကိုအစိမ်းလိုက် ဝါးစားပေးပါ သို့မဟုတ် မုန်လာဥနီဖျော် ရည်သောက်ပါ။ မုန်လာဥနီက လက်သည်းများ ပျော့ခြင်း၊ ပဲ့ထွက်ခြင်း၊ ကျိုးခြင်းနှင့် ခြောက် သွေ့ခြင်းတို့မှ ကာကွယ်ပေးနိုင်သည်။

နွားနို့

ကယ်စီယမ် အရင်းအမြစ်ဖြစ်သော နွားနို့က လက်သည်းများအတွက် ခွန်အားဖြစ်စေခြင်း၊ အရှည်မြန်ဆန်ခြင်းဖြင့် ကောင်းကျိုးပြုသည်။ အကယ်၍ ခန္ဓာကိုယ်ထဲမှ ကယ်စီယမ်ဓာတ် အားနည်းနေပါက လက်သည်းတွေ ကြွပ်ဆတ်ပဲ့ထွက်၍ ခြောက်သွေ့လာပါလိမ့်မည်။ နွားနို့ကို နံနက်တစ်ကြိမ် ညတစ်ကြိမ် တစ်ခွက်စီ သောက်ပါ။ နွားနို့သောက်စဉ်မှာ ဗီတာမင်ဒီကြွယ်ဝ သော မှိုနှင့်ကြက်ဥတို့ တွဲဖက်၍ စားသောက်ပေးခြင်းက လက်သည်းတွေကို ပို၍မာကျောကာ အရှည်မြန်ဆန်စေသည်။

ဘရိုကိုလီ (ခေါ်) ပန်းဂေါ်ဖီစိမ်း

သံဓာတ်သည် သွေးနီဥဆဲလ်များကို အာဟာရပြု၍ တစ်သျှူးထဲရှိ အောက်ဆီဂျင်ပမာဏကို တိုးပွားလာစေသဖြင့် သံဓာတ်က ခန္ဓာကိုယ်နှင့် လက်သည်းများ အတွက် မရှိမဖြစ်အရာမျိုးပါ။ ထို့ပြင် လက်သည်းများ အရောင်မွဲခြောက်ခြင်းနှင့် ကွဲအက်ပဲ့ထွက်ခြင်းမှလည်း ကာကွယ်ပေး နိုင်သည်။

ပရိုတင်းကြွယ်ဝသော အစားအစာများ

လက်သည်း ကျန်းမာကြံ့ခိုင်ရေးအတွက် မိမိစားသုံးသောတစ်နေ့စာ အာဟာရတွင် ပရိုတင်း ဓာတ်အလုံအလောက်ရနိုင်ဖို့ အရေးကြီးသည်။ ပရိုတင်းဓာတ်ကြွယ်ဝသော အစားအစာများမှာ အနီရောင်ခြေလေး ချောင်းသားများ၊ ကြက်၊ အဆီနည်းသော နို့ထွက်ပစ္စည်း အမျိုးမျိုး၊ ငါး၊ ကြက်ဥ၊ ဘဲဥနှင့် ဥအမျိုးမျိုး၊ တိရစ္ဆာန်အသည်း၊ ကောက်နှံအမျိုးမျိုး၊ အခွံမာသီးအစေ့ အဆန် များ၊ ပဲပိစပ်တို့ဖြစ်ကြသည်။

ကိုက်လန်

သဘာဝဟင်းသီးဟင်းရွက် အစိမ်းရောင်ကိုက်လန်ထဲမှာ ဗီတာမင်စီကြွယ်ဝစွာ ပါရှိနေသည့် အပြင် လက်သည်းများ ကျန်းမာကြံ့ခိုင်စေရန်အတွက် မရှိမဖြစ်လိုအပ်သောဗီတာမင်နှင့် သတ္တု ဓာတ်တွေကိုလည်း ကိုက်လန်မှ ရရှိနိုင်သည်။ ကိုက်လန် လတ်လတ်ဆတ်ဆတ်ကို အစိမ်း လိုက်ဝါးစားပါ။

ဘိုင်အိုတင်ကြွယ်ဝသော အစားအစာများ

ဘိုင်အိုတင် (ခေါ်) ဗီတာမင်ဘီဓာတ်သည် ကျိုးပဲ့လွယ်သော လက်သည်းတွေကို ကောင်းစွာ ကုသပေးကာ လက်သည်းများ   မာကျောခိုင်ခံ့စေသည်။ ထို့ပြင် လက်သည်းခြောက်သွေ့ခြင်း၊ လက်သည်း အရောင်မဲခြင်းတို့မှလည်း ကာကွယ်ပေးသည်။ ဘိုင်အိုတင် ကြွယ်ဝသော အစား အစာများမှာ ဗာဒံစေ့၊ မြေပဲ၊ ဆိတ်နို့၊ ဒိန်ချဉ်၊ ခရမ်းချဉ်သီး၊ ကြက်ဥ၊ ဘဲဥ စသည် တို့ဖြစ်ကြ သည်။

ဆာဖာဓာတ်ကြွယ်ဝသော အစားအစာများ

ဆာဖာဓာတ်က ခန္ဓာကိုယ်ထဲရှိအယ်ကာလီ အက်စစ်ကို မျှတစေရုံသာမက၊ လက်သည်းများ ကျန်းမာသန်စွမ်းစေဖို့အတွက်ကိုလည်း မရှိမဖြစ်အရာပါ။ ထို့ကြောင့် ဆာဖာဓာတ်ကြွယ်ဝ သော အစားအစာများ ဖြစ်ကြသည့်ငါး၊ အသား၊ ချိစ်၊ အခွံမာသီး အစေ့အဆန်များ နှင့်ကြက်ဥ၊ ဘဲဥစသောဥ အမျိုးမျိုးတို့ကို နေ့စဉ်အစားအစာအဖြစ် စားသုံးပါ။  

ပေါက်ပေါက်

Read 4 times
Rate this item
(0 votes)
Last modified on Sunday, 22 March 2020 11:55