SJ WorldNews - шаблон joomla Авто

မြေပဲဆီနှင့်ကျန်းမာရေး

Saturday, 23 May 2020 10:29 Written by  font size decrease font size decrease font size increase font size increase font size

မြေပဲဆီနှင့်ကျန်းမာရေး

 

မေး။ ။ မြေပဲဆီထဲမှာ မှိုဆိပ်တွေပါတတ်တယ်လို့ကြားဖူးပါတယ်ဆရာ။ အဲ့ဒါနဲ့ပတ်သက်လို့လည်း ရှင်းပြ ပေးပါဆရာ။

ဖြေ။ ။ မြေပဲဆီစားသုံးသူတွေ အထူးသတိပြုရမှာက မြေပဲဆီထဲမှာ ပါဝင်လာလေ့ရှိတဲ့ Aflatoxin ခေါ် မှိုဆိပ်တစ်မျိုးဖြစ်ပါတယ်။ အဲ့မှိုဆိပ်ဟာမှိုတက်နေတဲ့မြေပဲတွေကို ကြိတ်ရာမှတစ်ဆင့် ပါလာတာဖြစ်ပြီး စားသုံးသူကိုကျန်းမာရေးပြဿနာများပေးနိုင်ပါတယ်။ Aflatoxin မှိုဆိပ်ထုတ်ပေးတဲ့ မှိုအမျိုးအစားကို   Aspergillus လို့ခေါ်ပါတယ်။ အဲဒီမှိုမှာ မျိုးစိတ်ပေါင်း ခုနစ်ခုရှိတဲ့အထဲမှ Aspergillus Flavus မျိုးစိတ်မှထုတ်တဲ့မှိုဆိပ်ဟာ အဆိုးဆုံးဖြစ်ပါတယ်။ Aflatoxin လို့ခေါ်ရခြင်းမှာလည်း ဆိုတာက Aspergillus ကိုရည်ညွှန်းပြီးတော့ Fla က Flavus ကိုရည်ညွှန်းတာဖြစ်ပါတယ်။ Toxin ကတော့အဆိပ်လို့ အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့် Aflatoxin ရဲ့အဓိပ္ပာယ်က Aspergillus Flavus မှိုမျိုးစိတ်က ထုတ်တဲ့အဆိပ်လို့ ဆိုလိုတာဖြစ်ပါတယ်။

အဲ့မှိုတွေက မြေပဲအပင်ဘဝမှာ တက်လေ့မရှိဘဲ မြေပဲကိုနုတ်ယူပြီး လေထဲရောက်မှသာ စတင် တွယ်ကပ်လာတာ ဖြစ်ပါတယ်။ မြေပဲကို မြေကြီးထဲကဖော်ခါစမှာအစိုဓာတ်က ၂၀ ရာခိုင်နှုန်း အထက် ရှိနေခြင်း၊ ပြင်ပရာသီဥတုအပူချိန်က ၂၅ ဒီဂရီစင်တီဂရိတ်မှ ၃၅ ဒီဂရီစင်တီဂရိတ်အတွင်း ရှိနေခြင်း၊ ထားသိုရာမှာလည်း လေဝင်လေထွက်မကောင်းခြင်းတို့ကြောင့် မှိုပေါက်ပွားဖို့ အခြေအနေကိုဖြစ်စေ ပါတယ်။ ဒါကြောင့် သုံးရက်လောက်ကြာတဲ့အခါ မြေပဲဆန်ထဲမှာမှိုတွေပေါက်လာပြီး ဗူ်အေသထငည အဆိပ်တွေထုတ်ပါတယ်။ အဲဒီအဆိပ်တွေက ဆီမှာပျော်ဝင်တဲ့အဆိပ်တွေဖြစ်တဲ့အတွက်ကြောင့် မြေပဲ အသားထဲမှာရှိတဲ့ ဆီထဲကိုပျော်ဝင်သွားပါတော့တယ်။ အဲဒီမြေပဲကို ဆီအဖြစ်ကြိတ်လိုက်တဲ့အခါ မြေပဲဆီထဲမှာမှိုဆိပ်တွေဆက်လက်ပါရှိလာတာဖြစ်ပါတယ်။

အဲဒီမှိုဆိပ်ကို အဓိကလေးမျိုးခွဲခြားထားပါတယ်။ B1,B2 နဲ့ G1,G2ဆိုပြီးဖြစ်ပါတယ်။ ြ ဆိုတာက အပြာရောင် (Blue) ကို ကိုယ်စားပြုပြီးတော့ G ကအစိမ်းရောင် (Green) ကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။ မှိုဆိပ်ကို စတင်တွေ့ရှိချိန်တုန်းက အရောင်တွေနဲ့ခွဲခြားနိုင်တဲ့ အဏုကြည့်မှန်ဘီလူးနဲ့ ကြည့်တဲ့အခါ အပြာရင့်ရောင်တွေ့ရင် B1၊ အပြာနုရောင်တွေ့ရင် B2၊ အစိမ်းရင့်ရောင်တွေ့ရင် G1 နဲ့ အစိမ်းနုရောင်တွေ့ရင် G2 ဆိုပြီး ခွဲခြားခဲ့တာကြောင့်ဖြစ်ပါတယ်။  အဲဒီလေးမျိုးထဲမှ  B1 က အဆိပ်အပြင်းဆုံး ဖြစ်ပါတယ်။

မေး။ ။  အဲဒီမှိုဆိပ်တွေပါဝင်တဲ့   မြေပဲဆီကို များများစားရင် ဘာတွေများဖြစ်နိုင်ပါသလဲဆရာ။

ဖြေ။ ။ Aflatoxin မှိုဆိပ်ပါဝင်တဲ့မြေပဲဆီကိုရေရှည်စားသုံးပါက နာတာရှည်မှိုဆိပ်သင့်ခြင်းကို ခံစားရမှာ ဖြစ်ပြီး အောက်ပါလက္ခဏာများဖြစ်စေပါတယ်။

အဓိကဖြစ်တဲ့ရောဂါကတော့ အသည်းကင်ဆာဖြစ်ပါတယ်။ မှိုဆိပ်ပါဝင်တဲ့မြေပဲဆီကို ရေရှည်စားသုံး သူတွေမှာ မိသားစုလိုက်အသည်းကင်ဆာဖြစ်နိုင်ပါတယ်။

ခန္ဓာကိုယ်ခုခံအားစနစ်ကို ထိခိုက်စေပြီး အင်တီအောက်ဆီးဒင့်တွေ မထွက်အောင် ပိတ်ပင်ဟန့်တား ပါတယ်။ အဲဒီလူတွေမှာ   ကာကွယ်ဆေးတွေထိုးရင် ဥပမာ-ဘီပိုးကာကွယ်ဆေး) အောင်လေ့ မရှိပါဘူး။ တီဘီရောဂါအပါအဝင် ကူးစက်ရောဂါတွေ အလွယ်တကူဝင်ရောက်လေ့ရှိပါတယ်။

ကလေးတွေမှာ အာဟာရချို့တဲ့ပြီး ကြီးထွားမှုနှေးကွေး သွားလေ့ရှိပါတယ်။ မှိုဆိပ်သင့်နေတဲ့ ကလေးတွေက အစားအသောက် ခုံမင်လေ့မရှိပါဘူး။ ကိုယ်ဝန်ဆောင်မိခင်တွေ မှိုဆိပ်သင့်ရင် သန္ဓေသားကို ထိခိုက်နိုင်ပါတယ်။ မွေးလာတဲ့ကလေးက မွေးကင်းစကလေး အသားဝါရောဂါပါလာ တတ်တယ်။

မျိုးသမီးတွေမှာဖြစ်ရင် မျိုးပွားအင်္ဂါအဖွဲ့ကို အဆိပ်သင့်စေပြီး မမျိုးဥအိမ်တွေ ကြုံလှီသွားတတ်တယ်။ မီးယပ်သွေးမမှန်ခြင်း၊ သားသမီးမရဘဲ မြုံသွားခြင်းတွေဖြစ်နိုင်တယ်။ ခန္ဓာကိုယ်ဟော်မုန်းစနစ်တွေကို ထိခိုက်စေတယ်။

မျိုးသားတွေမှာမှိုဆိပ်သင့်ရင် မျိူးပွားအင်္ဂါတွေကို ထိခိုက်ကာ မြုံသွားနိုင်တယ်။ ကလေးမရနိုင်တော့ ပါဘူး။ ဝှေးစေ့အရွယ်အစားသေးသွားပြီး တက်စထရိုစတီရုန်းဟော်မုန်း ထုတ်လုပ်မှုကို လျော့နည်း စေတယ်။ ဒါကြောင့် မြေပဲဆီထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ထုတ်လုပ်ရောင်းချမယ့် မြေပဲဆီထဲမှာမှိုဆိပ်မပါစေဖို့ အထူးဂရုပြုကြရပါမယ်။ အဓိကအနေနဲ့မြေပဲကိုစတင်နုတ်တဲ့အချိန်မှာ ချက်ချင်းရေဆေးပြီး အခြောက်ခံဖို့လိုအပ်ပါတယ်။ အဲဒီလိုအခြောက်ခံလိုက်ရင် မှိုတွေမပေါက်နိုင် တော့လို့ မှိုဆိပ်လည်း မပါဝင်တော့ပါဘူး။ ပြီးမှ သေချာစွာသိုလှောင်သိမ်းဆည်းပြီး လိုအပ်တဲ့အချိန်မှာ ကြိတ်ခွဲနိုင်ပါတယ်။ မြေပဲဆီအသုတ်တိုင်းကို နမူနာတွေယူပြီး မှိုဆိပ်ပါဝင်မှုရှိ၊ မရှိစမ်းသပ်စစ်ဆေးဖို့ လိုပါတယ်။ အဲဒီလိုပြုလုပ်မှသာစားသုံးသူတွေကို အန္တရာယ်မရှိတဲ့ မြေပဲဆီတွေပေးနိုင်မှာဖြစ်ပြီး မိမိရဲ့ကုန်အမှတ်တံဆိပ်လည်း အောင်မြင်မှုတွေရရှိနိုင်ပါလိမ့်မယ်။ အဲဒီလိုမပြုလုပ်တဲ့အတွက် မြေပဲဆီထဲမှာ မှိုဆိပ်တွေပါဝင်နေရင် သက်ဆိုင်ရာ FDA မှ စစ်ဆေးတွေ့ရှိပြီး  သတင်းစာထဲစားသုံးရန် မသင့်သောဆီတွေလို့  ကြေညာခံရတဲ့အခါ   မိမိရဲ့လုပ်ငန်းတစ်ခုလုံး ပျက်စီးကျဆုံးနိုင်တာကြောင့် အဲဒီအချက်ကို အထူးဂရုပြုဖို့လိုအပ်ပါတယ်။

Aflatoxin မှိုဆိပ်က အပူကိုခံနိုင်တဲ့အတွက် မြေပဲဆီကို ဘယ်လိုပဲကြော်လှော်ချက်ပြုတ်စေကာမူ အာနိသင်ပျက်ပြယ်သွားလေ့မရှိပါဘူး။ ယခုအခါ ထူးခြားမှုအနေနဲ့ မြေပဲကို မျိုးဗီဇပြုပြင်ပြီး Aflatoxin ထုတ်လုပ်တဲ့မှိုတွေ မတွယ်ကပ်စေဖို့နဲ့ မှိုဆိပ်တွေ မထုတ်လုပ်နိုင်ဖို့ တီထွင်ထုတ်လုပ်တဲ့နေရာမှာ အောင်မြင်မှု ရနေပြီဖြစ်ကြောင်း ၂၀၁၇ ခုနှစ် နိုဝင်ဘာ၁ ရက်နေ့ထုတ် ကမ္ဘာ့သတင်းမှာ ဖော်ပြ ပါရှိခဲ့ပါတယ်။ အဲဒီမြေပဲမိုျးကို မြန်မာနိုင်ငံမှာ ဒီနေ့အထိအသုံးပြုတာမရှိသေးပါဘူး။

မေး။ ။  ကမ္ဘာပေါ်မှာ မြေပဲဆီထုတ်လုပ်မှုနဲ့ စားသုံးတဲ့နိုင်ငံပေါင်း ဘယ်လောက်ရှိတယ်ဆိုတာ ဗဟုသုတအဖြစ် သိပါရစေဆရာ။

ဖြေ။ ။ ကမ္ဘာပေါ်မှာ မြေပဲဆီထုတ်လုပ်တဲ့နိုင်ငံပေါင်း ၃၇ နိုင်ငံရှိကြောင်း အမေရိကန်နိုင်ငံ စိုက်ပျိူးရေး ဌာနရဲ့ထုတ်ပြန်ချက်အရ သိရတယ်။ ၂၀၁၈ ခုနှစ်အတွင်း မြေပဲစေ့တန်ချိန်ပေါင်း ၄၄ သန်းကျော် ထုတ်လုပ်ခဲ့ပြီး အများစုက စားသုံးဆီအဖြစ်ကြိတ်ခွဲပြီးကျန်အနည်းငယ်ကို အခြားစားစရာအဖြစ် အသုံးပြုခဲ့ပါတယ်။ မြေပဲဆီအများဆုံးထုတ်လုပ်တဲ့နိုင်ငံ ၁၀ နိုင်ငံလောက်ရှိပါတယ်။ အဲဒီ ၁၀ နိုင်ငံ ထဲမှာ မြန်မာနိုင်ငံက အဆင့်(၃) နေရာမှာရှိပြီး ၂၀၁၈ ခုနှစ်အတွင်း တန်ချိန်ပေါင်း ၂၇၀၀၀၀ ထုတ်လုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့မြေပဲဆီထုတ်လုပ်မှု နံပါတ်(၁) ဖြစ်တဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနဲ့ နံပါတ်(၂)ဖြစ်တဲ့ အိန္ဒိယနိုင်ငံတွေ အကြားတည်ရှိတဲ့အတွက် မြေပဲဆီထုတ်လုပ်ဖို့ အကောင်းဆုံး ရာသီဥတု အခြေအနေကို ပိုင်ဆိုင်ထားပါတယ်။ ယခုထက်ပိုမိုတိုးတက်ထုတ်လုပ်ဖို့လည်း အလားအလာအလွန်ကောင်းပါတယ်။

မေး။     မြန်မာနိုင်ငံရဲ့ မြေပဲဆီဈေးကွက်အခြေအနေကိုလည်း သိပါရစေရှင့်။

ဖြေ။ ။ မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းမှာထုတ်လုပ်တဲ့မြေပဲဆီတွေအားလုံးကို     နိုင်ငံခြားကိုမတင်ပို့ဘဲ ပြည်တွင်းမှာပဲ သုံးစွဲလျက်ရှိနေပါတယ်။ အမှန်တကယ်ဆိုရင် ပြည်တွင်းမှာ မြေပဲစိုက်ပျိူး ထုတ်လုပ်နိုင်မှုက ယခင်ကထက် သုံး၊ လေးဆပိုမိုထုတ်လုပ်နိုင်စွမ်းရှိပေမယ့် ဈေးကွက်မှာ စားအုန်းဆီနဲ့ဆီအတုတွေကြောင့် ယှဉ်ပြိုင်ရောင်းချနိုင်မှုနည်းပါးလာလို့ မြေပဲဆီထုတ်လုပ်မှုအတွက် ကြီးစွာသောကန့်သတ်မှုနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။

မြေပဲထုတ်လုပ်တဲ့တောင်သူတွေအနေနဲ့ မိမိတို့ရဲ့မြေပဲတွေမှိုမတက်စေဖို့နဲ့ အရည်အသွေးထိခိုက်မှု မရှိစေဖို့အတွက်  ရိတ်သိမ်းချိန်လွန်နည်းပညာကိုအသုံးပြုသင့်ပါတယ်။ ဆီစက်လုပ်ငန်းရှင်များကလည်း မှိုဆိပ်ပါဝင်မှုမရှိစေရေးအတွက် အရည်အသွေးထိန်းသိမ်းတဲ့အလုပ်ကို တိတိကျကျလုပ်ဆောင်ကြဖို့ လိုအပ် ပါတယ်။ အဲဒီလိုပြုလုပ်မှသာ ပြည်တွင်းစားသုံးသူတွေအနေနဲ့ မိမိတို့နိုင်ငံထုတ်မြေပဲဆီတွေကို ယခုထက်ပိုမိုလက်ခံအားပေးသုံးစွဲလာကြမယ်လို့   ယုံကြည်ပါတယ်။

မေး။ ။  အခုဆိုရင် မြေပဲဆီနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံသိရပါပြီ။ ဆရာ့အနေနဲ့ မြဝတီစာဖတ်ပရိသတ် တွေကို ဘာများပြောကြားချင်ပါသလဲရှင့်။

ဖြေ။ ။ ကျွန်တော်တို့မြန်မာလူမိုျးတွေဟာ မြေပဲဆီကိုကြိုက်နှစ်သက်မှုအများဆုံးလို့ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ  အသုံးအများဆုံးဆီဟာလည်း  မြေပဲဆီပဲဖြစ်ပါတယ်။   မြေပဲဆီရဲ့အနံ့အရသာဟာ   မွှေးပြီးနှစ်လိုဖွယ်ရှိတာကြောင့် ဆီကို အစိမ်းအတိုင်းဆမ်းစားရာမှာပဲဖြစ်ဖြစ်၊ မီးဖုတ်ပြီး ဆီဆမ်းရာမှာပဲဖြစ်ဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါတယ်။  ဒါ့အပြင်မြေပဲဆီဟာ ဆီအခိုးထွက် မှတ်မြင့်တာကြောင့် အစားအစာတွေကြော်ဖို့အတွက်လည်း သင့်လျော်ပါတယ်။ အထူးသတိပြုရမှာ ကတော့ မြေပဲဆီထဲမှာပါလာနိုင်တဲ့ Aflatoxin မှိုဆိပ်နဲ့  မြေပဲနဲ့ဓာတ်မတည့်တာတွေရှိတာကို  ဂရုပြု စေချင်ပါတယ်။ ဒါကြောင့် မိမိရဲ့ကျန်းမာရေးအတွက် စားသုံးဆီရွေးချယ်မှုမှာလည်းအရေးပါတာကြောင့် မှန်ကန်ကောင်းမွန်တဲ့ဆီတွေကို ရွေးချယ်အသုံးပြုတတ်ကြပါစေလို့ ပြောကြားရင်းနဲ့ နိဂုံးချုပ်အပ် ပါတယ်။  

မြဝတီ

Read 8 times
Rate this item
(0 votes)