SJ WorldNews - шаблон joomla Авто

လက်တွေ့အသုံးချဆေးနည်းတို(ဆေးမြီးတို)များ (၁၁၁)

Sunday, 24 May 2020 10:05 Written by  font size decrease font size decrease font size increase font size increase font size

 

လက်တွေ့အသုံးချဆေးနည်းတို(ဆေးမြီးတို)များ (၁၁၁)

မေး။     ။ မင်္ဂလာပါဆရာ။ ကျွန်တော်ထိပ်ကပ်နာဝေဒနာရှင်တစ်ယောက်ပါခင်ဗျ။ ထိပ်ကပ်နာဖြစ်လို့ ၂ဝ၁၅ ခုနှစ်ကလည်း ခွဲစိတ်ပြီးပါပြီဆရာ။ခွဲတာကလည်း နှာပိတ်တာပါဆရာ။ အသားပိုကြီးလို့ဆိုပြီး ခွဲတာပါဆရာ။အဲကတည်းက အနံ့မရတာလည်းပါတယ်ဆရာ။ ခွဲပြီးမကြာပါဘူး နှာခေါင်းအနံ့က ပြန်မရဘူးခင်ဗျ။ ခုက အေးတော့ နှာပိတ်နေပြန်ပါတယ်။ အဲဒါ ဘယ်လိုဆေးများသုံးဆောင်ရမယ်။ ပြီးတော့ စားချဉ့်ပြန်တဲ့ ရောဂါလည်း ရှိတယ်ဆရာ။ ထိပ်ကပ်နာနဲ့ အစာအိမ်အူလမ်းကြောင်းနဲ့ ရောသက်ဆိုင်မှုရှိပါသလားဆရာ။ ထိပ်ကပ်နာဖြစ်ရင် ဘယ်လိုတွေ ခံစားရလဲဆိုတာလည်း  ကျေးဇူးပြု၍ ပြောပြပေးပါခင်ဗျ။  စိုးရိမ်ရတဲ့လက္ခဏာတွေကရော ဘယ်လိုလက္ခဏာတွေလဲဆိုတာ  ရှင်းပြပေးပါဆရာ။ ထိပ်ကပ်နာကြောင့် ပျို့တာအန်တာဖြစ်တတ်လားဆရာ။ ဝမ်းလေကြောင့် နှာပိတ် နှာစေးတွေရော ဖြစ်တတ်လားဆရာ။  ခံတွင်းအရသာတွေလည်း မကောင်းဖြစ်နေတာဆရာ။

ဖြေ။     ထိပ်ကပ်နာခွဲစိတ်ပြီးရင် နှာခေါင်းအာရုံကြောလေးတွေထိခိုက်လို့အနံ့မရဖြစ်တဲ့သူတွေ များစွာ တွေ့ဖူးပါတယ်။ အနံ့ပြန်ရအောင်လုပ်ဖို့ကတော့ မလွယ်ကူပါ။ အစာအိမ်ကတော့ အအေးပတ်လို့ နှာပိတ်လို့ဆေးတွေအသောက်များရာက အစာအိမ်ထိတယ်လို့ထင်ပါတယ်။ ဆန်ပြုတ်ကို ခုနစ်ရက် လောက်ဆက်သောက်ပါ။ အစာမာတာမစားရင် အစာအိမ်ပြန်ကောင်းနိုင်ပါတယ်။ ပူ၊ စပ်၊ ချဉ်အရသာ များလည်း ရှောင်စားပါ။နှာခေါင်းပိတ်၊ ထိပ်ကပ်နာ ရေရှူပါ။ မျက်နှာသစ်ပြီးနောက် ရေကိုလက်ခုပ်နဲ့ ရှူသွင်းပါ။ နှာခေါင်းပိတ်ရင်ပွင့်တဲ့အပေါက်ကနေ ငယ်ထိပ်ပေါက်အောင် ရှူသွင်းပါ။ အကျင့်ရရင် ရှူသွင်းတတ်လာပါလိမ့်မယ်။ ချင်းတက်ပါးပါးလှီး ရေနွေးမတ်ခွက်တစ်လုံးမှာစိမ်ထားပါ။ ရေနွေးကြမ်း သောက်သလို တစ်နေကုန်သောက်နေပါ။ မှိုင်းရှူဆေးရှူပေးပါ။ တိုင်းရင်းဆေးအမှတ်(၄၃) အကင်း ဆယ်ပါးမှုန့်ဝယ်   မီးခဲပေါ်ဖြူးရှူပေးပါ။ထိပ်ကပ်နာ(နှပ်ပုပ်စော်နံရင်)အဆင့်ဆိုရင်တော့ မုရိုးပင် ခေါ် ငဖြူကြီးပင်အရွက်တွေကိုအခြောက်လှန်း မီးရှို့ရှူပေးရင်  ပျောက်နိုင်တယ်လို့ အာယုဗေဒဆေးကျမ်း များမှာပါပါတယ်။ နှပ်ပုပ်စော်နံရင် သံပရာသီးစိတ်အရည်ကို  နှာခေါင်းမော့ညှစ်ထည့်ပါ။ အစေ့မပါ ပါစေနဲ့။  တစ်နေ့ သုံးကြိမ်ထည့်ပါ။

မေး။     ။ ဆရာခင်ဗျ ကျွန်တော် ညဘက်ရောက်ရင် ဘယ်ဘက်နှာခေါင်းတစ်ဖက်ပိတ်နေတတ်တယ်။ ဘာကြောင့်များဖြစ်နိုင်လဲခင်ဗျ။

ဖြေ။     ဒေသနာနယဆေးပညာအရ အပူနာ၊ အအေးနာဆိုပြီး နှစ်မျိုးရှိပါတယ်။ အပူနာရှိရင် ဘယ်ဘက်ခြမ်းတင်းပြီး ဘယ်နှာခေါင်းပိတ်တတ်ပါတယ်။ ရေချိုးသတိထားပါ။ အအေးမပတ်အောင် နေပါ။ အပူအစပ်၊အရက်ရှောင်ပါ။ ညအိပ်ခါနီး ဒူးအထက်မှအောက် ရေလောင်းခြေဆေးအိပ်ပါ။

မေး။     ။ ဆရာခင်ဗျ ကျွန်တော့်သားလေးက ၁ဝ လသားရှိပါပြီ။ အခုရက်ပိုင်းအတွင်း ငါးမိနစ်ခြား တစ်ခါလောက် ဆီးသွားနေပါတယ်။ အဲဒါဘာဖြစ်လို့ပါလဲခင်ဗျ။ ကလေးကနေကောင်းပါတယ်။ မကြာခဏ ဆီးသွားတာကလွဲလို့ပေါ့။

ဖြေ။     စိတ်ပူစရာမရှိပါ။ ဗိုက်မှာလေပွရင် ဆီးအိမ်ကိုတွန်းပြီး ဆီးခဏခဏသွားတတ်ပါတယ်။ မိခင်က လေပွစာတွေရှောင်ပါ။ ဗိုက်ကို မုန်ညင်းဆီမီးနွှေးပြီး လက်ယာရစ်လိမ်းပေးရင် လေကျပါတယ်။ ရာသီဥတုသိပ်အေးရင်လည်း ဆီးသွားတတ်ပါတယ်။

မေး။     ။ ဆရာရှင့် ကျွန်မရဲ့ချက်ညာဘက်ခြမ်းမှာ အလုံးတစ်ခု အထက်အောက်ပြေးနေသလို   ခံစား နေရပါတယ်။   စမ်းကြည့်လိုက်ရင်လည်းမာတာတာဖြစ်နေပါတယ်။ ဆေးခန်းပြတော့လည်း ဗိုက်ထဲမှာ ဘာမှမရှိဘူးလို့ပြောပြီး လေကြောင့်ဖြစ်မယ်ဆိုပြီး ဝမ်းနှုတ်ဆေးနဲ့လေဆေးပေးပါတယ်။ ဗိုက်ထဲက အလုံးလေးကလည်း မပျောက်သွားဘဲ ဖြစ်လာလိုက်၊ပျောက်သွားလိုက်ဖြစ်နေလို့ ဆရာကြီးရဲ့ အကူအညီတောင်းခံရခြင်းဖြစ်ပါတယ်ရှင့်။ လေးစားရပါသောဆရာကြီးကျန်းမာပါစေ။ ကျွန်မအသက်က ၆၈ နှစ်ရှိပါပြီရှင့်။

ဖြေ။     ထောပတ်ထမင်းသုံးရက်ချက်စားကြည့်ပါ။ လေလုံးဆို ပျောက်ဖူးပါတယ်။ မုန်ညင်းဆီထဲ ကွမ်းရွက်ခြေထည့် မီးနဲ့အပူပေးပြီး ချက်တိုင်ပတ်လိမ်းပေးပါ။ တိုင်းရင်းဆေးအမှတ်(၂) လေမျိုး ရှစ်ဆယ်ဆေးကိုဝယ်ပါ။ အမှုန့်ကော်ဖီဇွန်းနှစ်ဇွန်းကို ရှောက်ရည်နဲ့ဖျော်သောက်ပါ။

မေး။     ။ ဆရာရှင့် အာရုံကြောအားနည်းပြီး မကြာခဏခေါင်းတစ်ခြမ်းကိုက်ပါတယ်။ နို့တိုက်မိခင်မို့ ဆေးအရမ်းမသောက်ရဲလို့ပါ။ သက်သာအောင် လမ်းညွှန်ပေးပါဦးရှင့်။

ဖြေ။     နနွင်းမှိုင်းရှူပေးပါ။ ချင်းတက်ပါးပါးလှီး နားထင်နှစ်ဖက်မှာကပ်ထားပေးပါ။ ငါးကြင်းခေါင်းကို  ဟင်းချိုချက်သောက်ပါ။ ဟင်းချက်စားပါ။ပဲရာဇာဟင်းချိုချက်သောက်ပါ။ ဦးခေါင်းအအေးမပတ်အောင် ခေါင်းမှာတဘက်ပတ်ထားရင် ခေါင်းကိုက်သက်သာပါတယ်။

မေး။     ။ ဆရာရှင့် ကျောက်ကပ်ဆေးနေရတဲ့သူတစ်ယောက်အတွက်ဘာဓာတ်စာတွေစားသင့်လဲ သိချင် လို့ပါ ဆရာရှင့်။

ဖြေ။     ကျောက်ဖရုံသီးဟင်းချို နေ့စဉ်သောက်ပါ။ ကန်စွန်းရိုးနီမန်ကျည်းမှည့်နဲ့ပြုတ် ဟင်းချိုချက် သောက်ပါ။ မြင်းခွာရွက်သုပ်စားပါ။ ပဲရာဇာဟင်းချိုချက်သောက်ပါ။ မုန်လာဥနဲ့ ငါးကြင်းခေါင်း ချဉ်ရည်ဟင်းချက်စားပါ။ ဖီးကြမ်းငှက်ပျောသီး၊ နွားနို့နဲ့ပြုတ်ကျွေးပါ။ ရှောက်သီး၊ သံပရာသီး၊ လိမ္မော်သီး၊ ကမ္ဗလာသီး၊ ကျွဲကောသီးများများကျွေးပါ။ ဖျော်ရည်လုပ်တိုက်ပါ။ မုန်လာဥအဖြူနဲ့ မုန်လာဥအနီကိုလည်း များများကျွေးပါ။ ခြေလေးချောင်းသား၊ အနီရောင်ရှိသောအသားများ လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။ အုန်းသီးအနုအုန်းစိမ်းရည်  နံနက်ရေမချိုးမီနေ့စဉ်သောက်ပေးခြင်းဟာလည်း ကျောက်ကပ်အတွက်ကောင်းတယ်လို့ဆိုပါတယ်။ ရေအေးသောက်ခြင်းထက် ရေနွေး၊   ရေကျက်အေး သောက်ခြင်းက ပိုကောင်းပါတယ်။ ကနဖော့ရွက်ပြုတ်သုပ်ကျွေးခြင်း၊ ကနဖော့ရွက်ပြုတ်ရည်နဲ့ ရေချိုးပေးခြင်းများဟာလည်း ကျောက်ကပ်ဖောရောင် ရောဂါအတွက်ကောင်းတယ်လို့ ဆေးကျမ်း များက ဆိုပါတယ်။

မေး။     ။ အတက်ရောဂါနဲ့ဝက်ရူးပြန်အတွက်   ဆေးနည်းလေးရှိရင်ပြောပြပေးပါဆရာ။

ဖြေ။     ဥနှဲရွက်လက်တစ်ဆုပ် ထန်းဖိုထန်းလျက်ခဲသုံးခဲနှင့် ရေနွေးမတ်ခွက်တစ်လုံးနဲ့ ကျိုတိုက်ပါ။ နေ့စဉ် တစ်လခန့်စွဲတိုက်ပါ။ သို့မဟုတ်ဥနှဲရွက်အခြောက်လှန်း  လက်ဖက်ခြောက်ကဲ့သို့  ရေနွေးဆူဆူ တွင် ခပ်သောက်နိုင်သမျှ သောက်ပါ။ ဝက်ရူးအတက်က တက်နေချိန် ပါးစပ်မှအမြှုပ်များထွက်တတ် ပါတယ်။  ရိုးရိုးအတက်က အမြှုပ်မထွက်ပါ။ဝက်ရူးမှန်လျှင် ဝက်သည်းခြေကိုအခြောက်လှန်း အမှုန့် ပြုလုပ် ရွေးစေ့ခန့်ထန်းလျက်နှင့်လုံး နေ့စဉ်တိုက်ပေးပါ။

မေး။     ။ ကလေးကနှစ်နှစ်ကျော်ပါဆရာ။ အဖျားကြီးရင်တက်လို့ပါဆရာ။ နောက်ဖျားရင်မတက်အောင် အတက်ပျောက်တဲ့ဆေးနည်းလေးများရှိရင် လမ်းညွှန်ပေးပါဆရာ။ အားကိုးပါတယ်။

ဖြေ။     ကွမ်းရွက်မီးကင် အရည်ညှစ် အုန်းဆီနဲ့ရော ကလေးငယ်ထိပ်လိမ်းပေးထားလျှင် အတက် သက်သာပါတယ်။ ကိုယ်ပူကြီးလျှင် ကလေးခြေဖဝါးဆားပွတ်ပြီး ရေဖတ်တိုက်ပေး ကိုယ်ပူကျတယ်။ တိုင်းရင်းဆေးအမှတ်(၄၇) သူငယ်နာ(၇)ပါး  ဆေးဝါလေး(အုပ်ဆေး)နဲ့ ငယ်ထိပ်ကိုပွတ်ပေးရင်လည်း အတက်ပျောက်နိုင်ပါတယ်။

မေး။     ။ ဆရာကြီးရှင့် ကျွန်မအဖေက အသက် ၇၆ နှစ်ပါ။ စဖျားတော့သွေးစစ်တာ တိုက်ဖွိုက်ပိုးတွေ့ ပါတယ်ဆရာ။ အဖျားကျပြီး အစာမတောင်းတော့ပါ။ အခု သမားတော်နဲ့ပြည်မှာပြတော့ အကုန်စစ်ပါ တယ်။ အသည်းရောင်နေတယ်လို့ပြောပါတယ်။ ဆေးတွေလည်းသောက်နေပါတယ်။ အစာမစားချင် ဘူးတဲ့။ လူက အာဟာရပျက်လာပါတယ်။ ဘယ်လိုမျိုးကုရမလဲ လမ်းညွှန်ပေးပါဦးဆရာကြီးရှင့်။ ရိုသေ လေးစားပါတယ်ရှင့်။

ဖြေ။     ငါးဖယ်အောင်းမီးကင် ဆီဆမ်းကျွေးပါ။ ငါးရံ့ဆန်လှော်ဟင်းချက် ကျွေးရင်လည်း အစာ ပြန်တောင်းပါတယ်။ အစာစားပြီး ရှောက်ရည်နဲ့ ပျားရည်သောက်ပါ။ တိုင်းရင်းဆေးအမှတ်(၁) မက်လင်ချဉ်နဲ့ ဆေးကအသည်းရောင်အသားဝါအတွက် ကောင်းပါတယ်။ ငုရွက် သို့မဟုတ် ငုခေါက်ကို ထန်းလျက်နဲ့ပြုတ်ပြီး မတ်ခွက်တစ်ခွက်စာနေ့စဉ်တိုက်ပေးရင်လည်း အသားဝါရောဂါအတွက်ကောင်း ပါတယ်။

မေး။     ။ ဆရာရှင့် သမီးကအိမ်ထောင်သည်ပါရှင့်။ သမီးဆီးခုံတစ်ဝိုက်နဲ့ခါးနာနေလို့ ဆေးခန်းပြပြီး အာထရာဆောင်းရိုက်ကြည့်တာ ဆရာဝန်ကသားအိမ်နည်းနည်းရောင်နေတယ်လို့ပြောပါတယ်။  ဆရာရှင့်  သမီးဘာဆေးများသောက်ရမလဲရှင့်။ ညွှန်ကြားပေးပါဦးရှင့်။ ကျေးဇူးအထူးတင်ပါတယ်ဆရာရှင့်။

ဖြေ။     ပဲပင်ပေါက်နဲ့မျှစ်ချဉ် မစားရပါ။ မီးကွင်းဂမုန်းအရွက်ကို အသုပ်ပြုလုပ်စားပေးပါ။ ကနဖော့ ရွက်အသုပ်ပြုလုပ်စားရင်လည်း ကိုယ်ရောင်ကျတတ်ပါတယ်။ ကြမ်းတမ်းတဲ့အလုပ်၊ အထိုင်များတဲ့ အလုပ်များ ရှောင်ကြဉ်ပါ။ အပူအစပ်တွေရှောင်စားပါ။ ဝမ်းတွင်းသားစားမိရင် ပိုရောင်တတ် ပါတယ်။  

ကြည်လွင်မြင့်(မုဒြာ)

 

Read 28 times
Rate this item
(0 votes)