SJ WorldNews - шаблон joomla Авто

ကိုရိုနာကိုတိုက်ခိုက်ပေးမယ့် ဗီတာမင်-ဒီ

Monday, 25 May 2020 07:51 Written by  font size decrease font size decrease font size increase font size increase font size

ကိုရိုနာကိုတိုက်ခိုက်ပေးမယ့် ဗီတာမင်-ဒီ

ကိုရိုနာဗိုင်းရပ်(လုံးဝ) ပျောက်ကွယ်သွားဖွယ်မရှိနိုင် ““ကိုရိုနာဗိုင်းရပ်  လုံးဝပျောက်ကွယ်သွားဖွယ် မရှိပါဘူး။ ဘယ်သူတစ်ဦးတစ်ယောက်မျှ COVID-19 ရောဂါ ပျောက်ကွယ်သွားမယ့်အချိန်ကို ဟောကိန်းမထုတ်နိုင်ပါဘူး။ ထို့အတူ HIV ဗိုင်းရပ်ဟာလည်း လုံးဝပျောက်ကွယ်မသွားပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အဲဒီဗိုင်းရပ်ကို လက်ခံထားရတာပါပဲ”” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ အရေးပေါ် ကိစ္စပ်များဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာမိုင်ရိုယ်ယန်က မေလဒုတိယပတ်တွင် သတိပေး ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ကာကွယ်ဆေးတွေ့ခဲ့လျှင်လည်း ကိုရိုနာဗိုင်းရပ်ကို ထိန်းချုပ်ရေး အတွက် အလွန်ကြီးမားကျယ်ပြန့်သည့် ကြိုးစားအားထုတ်မှုလိုအပ်မည်ဟု တည့်သွင်းပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် မေ ၂၄ ရက်အထိ လူပေါင်း၃၄၄၅၁၃ ဦးသည် ကိုရိုနာဗိုင်းရပ်ကြောင့်  သေဆုံးခဲ့ပြီးဖြစ်ကာ ကူးစက်ခံထားရသူဦးရေသည် ၅၄၃၅၉၈၄ ဦးရှိနေပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကုလသမဂ္ဂအဖွဲ့ (UN)ကလည်း အဆိုပါကပ်ရောဂါသည် အထူးသဖြင့် စိတ်ကျန်းမာရေး ပြုစု စောင့်ရှောက်မှု ကဏ္ဍတွင် ရင်းနှီးမြုပ်နှံထားခြင်း မရှိသည့်နိုင်ငံများ၌ စိတ်ရောဂါနှင့် စိတ်သောက ရောက်မှုများ ကျယ်ပြန့်စွာဖြစ်ပွားလျက်ရှိသည်ဟု သတိပေးခဲ့သည်။ ကမ္ဘာ့နိုင်ငံများ၏  အစိုးရများ အနေဖြင့် စိတ်ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်ချက်များအား တုံ့ပြန်ဆောင်ရွက်နေမှုအားလုံးထဲတွင် ထည့်သွင်းစဉ်းစားသင့်သည့် အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ဆောင်ရွက်ရန်လည်း ကုလသမဂ္ဂအဖွဲ့ က တိုက်တွန်းထားသည်။

COVID-19 အတွက် အရေးပါသော ဗီတာမင်-ဒီ

၂၀၂၀ ပြည့်နှစ် မေလ ပထမပတ်အတွင်း ဗြိတိန်နိုင်ငံ၌ ပြုလုပ်ခဲ့သော လေ့လာမှုတစ်ရပ်အရ ဗီတာမင်ဒီသည် ကိုရိုနာဗိုင်းရပ်အား ကောင်းစွာတိုက်ခိုက်နိုင်သည်ဟု တွေ့ရှိခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြခဲ့သည်။  ငါးနှင့်မှိုများစားသုံးပါက ဗီတာမင်-ဒီကို ရရှိနိုင်သည့်အပြင် အရေပြားနှင့် နေရောင်ခြည်ကို တိုက်ရိုက်ထိတွေ့လျှင်လည်း ရရှိလေ့ရှိသော ဗီတာမင်-ဒီ သည် ခန္ဓာကိုယ်အတွက် အရေးကြီးသည့် သက်စောင့်ဓာတ်တစ်မျိုးဖြစ်သည်။ လူငယ်တစ်ဦးအတွက် တစ်နေ့လျှင် ဗီတာမင်-ဒီ ၁၀ မိုက်ခရိုဂရမ်ရရှိရန် လိုအပ်သည်။ ဗြိတိန်အမျိုးသား ကျန်းမာရေးဌာနနှင့် အမေရိကန် သိပ္ပံပညာရှင်များ ပူးပေါင်းပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ရပ်ထဲတွင် အမေရိကန်နိုင်ငံအတွင်းရှိ ကိုရိုနာ ဗိုင်းရပ်ကူးစက်ခံရသူများအား ဗီတာမင်-ဒီ ကြွယ်ဝမှုအခြေအနေအပါအဝင် အခြေခံ၍ လေ့လာခဲ့ရာ ဗီတာမင်-ဒီ ကြွယ်ဝသူများသည် ကိုရိုနာဗိုင်းရပ်အား တိုက်ဖျက်ရာတွင် နာလန်ထမှု ပိုမိုမြန်ဆန် ကြောင်း တွေ့ရှိခဲ့သည်။ ထို့ပြင် နယ်သာလန်နိုင်ငံရှိ အမ်စတာဒမ်တက္ကသိုလ်မှ ပြုလုပ်ခဲ့သော လေ့လာမှုတစ်ရပ်အရ ဗီတာမင်-ဒီ ချို့တဲ့သူများသည် ကိုရိုနာဗိုင်းရပ်ကူးစက်ခံရပါက ၎င်းဓာတ်ကြွယ်ဝ သူများထက် သေဆုံးနိုင်ခြေ နှစ်ဆပိုမိုမြင့်မားသည်ဟုလည်း  အတည်ပြုခဲ့သည်။

ဗီတာမင်-ဒီ ၏ အစွမ်းသတ္တိများ

အစားအစာထဲတွင်ပါရှိသော ကယ်လ်စီယမ်ဓာတ်ကို ခန္ဓာကိုယ်မှ စုပ်ယူမှုအားကောင်းစေရန်၊ အရိုး သန်မာစေရန်၊ ဆဲလ်များကြီးထွားစေရန်၊ အာရုံကြောကြွက်သားများအားကောင်းစေရန်၊ ကိုယ်ခံစွမ်းအား ကောင်းမွန်စေရန်နှင့် ခန္ဓာကိုယ်ဖောရောင်ခြင်းမှ ကင်းဝေးစေရန် စသည်တို့အတွက် ဗီတာမင်-ဒီ က မရှိမဖြစ်ပါ။ ဗီတာမင်-ဒီဓာတ်က အရိုးအတွက် အရေးပါသော ကယ်လ်စီယမ်စုပ်ယူမှုကို အားပေးသဖြင့် အရိုးပျော့ရောဂါမှ ကာကွယ်ပေးသည့်အပြင် အရိုးနှင့်သွားများသန်မာမှုကို   အားကောင်းစေသည်။ အရွယ်ရောက်ပြီး သူတစ်ယောက်အတွက် တစ်နေ့တာ ဗီတာမင်-ဒီ လိုအပ်ချက်ပမာဏမှာ ၄၀၀ IU ဖြစ်သည်။ နံနက်ပိုင်း ၈ - ၁၀ နာရီအတွင်း နေရောင်ခြည်မှပါလာသော ဗီတာမင်-ဒီ ဓာတ်ကို အလုံအလောက်ရရှိနိုင်သည်။ ဗီတာမင်-ဒီ ကြွယ်ဝသော အစားအစာများ ငါးကြီးဆီ၊ ပင်လယ်ငါး အမျိုးမျိုး၊ ကမာကောင်၊ ငါးဥ၊  ကြက်ဥအနှစ်၊  နွားနို့နှင့် နို့ထွက်ပစ္စည်းများ၊ မှိုတို့မှလည်း  ဗီတာမင်-ဒီကို လုံလောက်စွာ ရရှိနိုင်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ လေ့လာမှုမှတ်တမ်းများအရ အစားအစာတစ်မျိုးချင်းစီ ထဲတွင်ပါရှိသော ဗီတာမင်-ဒီ ပမာဏကို အောက်ပါအတိုင်း လေ့လာတွေ့ရှိရသည်။

စားပွဲတင်ဇွန်း တစ်ဇွန်းစာပမာဏရှိသော ငါးကြီးဆီတွင် ဗီတာမင်-ဒီ ၁၁ ဒသမ ၃၀  မိုက်ခရိုဂရမ် ပါရှိသည်။

၃ အောင်စ အလေးချိန်ရှိသော ငါးသလောက်တွင် ဗီတာမင်-ဒီ ၄ ဒသမ ၆ မိုက်ခရိုဂရမ် ပါရှိသည်။

၃ အောင်စ အလေးချိန်ရှိသော ငါးသေတ္တာငါးတွင် ဗီတာမင်-ဒီ ၄ ဒသမ ၁ မိုက်ခရိုဂရမ် ပါရှိသည်။

၃ အောင်စ အလေးချိန်ရှိသော တီလားဗီးယားငါးတွင် ဗီတာမင်ဒီ ၃ ဒသမ ၁ မိုက်ခရိုဂရမ် ပါရှိသည်။

နွားနို့တစ်ခွက်တွင် ဗီတာမင်-ဒီ ၃ ဒသမ၂ မိုက်ခရို ဂရမ် ပါရှိသည်။

ဒိန်ချဉ်တစ်ခွက်တွင် ဗီတာမင်-ဒီ ၂ ဒသမ သုည မှ  ၃ ဒသမ သုည မိုက်ခရိုဂရမ် ပါရှိသည်။

ပဲနို့ရည်တစ်ခွက်တွင် ဗီတာမင်-ဒီ ၂ ဒသမ ၉ မိုက်ခရိုဂရမ် ပါရှိသည်။

လိမ္မော်ရည်တစ်ခွက်တွင် ဗီတာမင်-ဒီ ၂ ဒသမ ၅ မိုက်ခရိုဂရမ် ပါရှိသည်။

ထမင်းရည်တစ်ခွက်တွင် ဗီတာမင်-ဒီ ၂ ဒသမ ၄ မိုက်ခရိုဂရမ် ပါရှိသည်။

ကြက်ဥပြုတ်(ကျက်ကျက်) တစ်လုံးတွင် ဗီတာမင်-ဒီ ၁ ဒသမ ၁ မိုက်ခရိုဂရမ် ပါရှိသည်။

(မှတ်ချက်) ၁ မိုက်ခရိုဂရမ်သည် ၄၀ IU နှင့် ညီမျှသည်။

အချုပ်အားဖြင့်ဆိုသော် COVID-19 ရောဂါအတွက် ကာကွယ်ဆေးမပေါ်နိုင်သေးသမျှ ၎င်းရောဂါပိုး ဤကမ္ဘာပေါ်မှ  လုံးဝပျောက်ကွယ်သွားရန် ခက်ခဲနေဦးမည်ဖြစ်ပါသည်။ သို့သော် ပြည်သူလူထုအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပြီး  နှာခေါင်းစည်းကိုစနစ်တကျတပ်ဆင်ပြီးနောက်    စည်းကမ်းရှိစွာ စွန့်ပစ်ခြင်း၊ လက်ကိုဆပ်ပြာဖြင့် မကြာခဏ ဆေးကြောခြင်း၊ အိပ်ရေး၀၀ အိပ်စက်ခြင်း၊  နိစ္စဓူဝနေထိုင်မှုပုံစံကို ကျန်းမာရေးနှင့် ညီဩဩွတ်မျှတစွာနေထိုင်ခြင်း၊ ကိုယ်ခံအားပြည့်ဝစေမည့် အစားအစာများ စားသောက်ခြင်းနှင့် ယခုလို Coronavirus Disease COVID-19 pandemic ကာလတွင် ဗီတာမင်-ဒီ ကြွယ်ဝသော အစားအစာများကို ရွေးချယ်စားသောက်ကြခြင်းဖြင့် ဘုံရန်သူ ကိုဗစ်ကို ခုခံကာကွယ်နိုင်ကြပါရန် အကြံပြုလိုက်ရပါသည်။ 

ပေါက်ပေါက်

Read 21 times
Rate this item
(0 votes)