SJ WorldNews - шаблон joomla Авто

COVID-19 အပူဒဏ်ကြောင့် သတိလစ်ခြင်းနှင့် အအေးမိခြင်း

Tuesday, 26 May 2020 08:00 Written by  font size decrease font size decrease font size increase font size increase font size

COVID-19 အပူဒဏ်ကြောင့် သတိလစ်ခြင်းနှင့် အအေးမိခြင်း

COVID-19 ရောဂါဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက စတင်ဖြစ်ပွားခဲ့တဲ့ အသက်ရှူလမ်းကြောင်း မှ တစ်ဆင့်ကူးစက်ရောဂါဖြစ်တယ်။   ကိုဗစ်အမည်နာမဟာ ကိုရိုနာဗိုင်းရပ်(Corona Virus Disease 2019) ကို အတိုကောက်ခေါ်ယူတဲ့ နာမည်ဖြစ်တယ်။ ဆားကိုဗွီတူးဗိုင်းရပ် (SARS Cov-2) Virus ကြောင့်ဖြစ်တဲ့ရောဂါဖြစ်တယ်။ ကိုရိုနာမှာ သရဖူလို့အဓိပ္ပာယ်ရတယ်။ဗိုင်းရပ်ရဲ့ပုံသဏ္ဌာန်မှာ သရဖူလို အချွန်အတက်တို့ပါဝင်နေလို့ ခေါ်ဆိုခြင်းဖြစ်တယ်။ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်ပိုးတို့ဟာ အသွင်အမျိုးမျိုး  ပုံစံအမျိုးမျိုးနဲ့ရှိနှင့်ပြီးပဲဖြစ်တယ်။ ဆားရောဂါဖြစ်စေတဲ့ (SARS Cov-2) ဗိုင်းရပ်၊ မားစ်ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်များဖြစ်ပေါ်ခဲ့တုန်းကလည်း ကိုရိုနာဗိုင်းရပ်ပိုးပဲဖြစ်တယ်။ ပိုးအမျိုးအစား ကိုလိုက်ပြီး ရောဂါဖြစ်ပွားပုံကွဲပြားရခြင်းပဲဖြစ်တယ်။ ဆိုရရင် COVID-19 ကို လူသားတွေအနိုင်ရသွား ရင် နောက်ကိုရိုနာဗိုင်းရပ်လာပါဦးမယ်။

ယခုဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်ပိုးမှာ ကမ္ဘာပေါ်မှာ တစ်ကြိမ်မှ ပေါ်ပေါက်ခဲ့ခြင်း မရှိသေးပေမယ့် ဆားရောဂါ (SARS Cov-1)က ၂၀၀၂ ခုနှစ်မှာ တရုတ်နိုင်ငံကပဲ ဖြစ်ပွားဖူးပြီး ကြောင်ကတိုးကောင် အသားချက်စားရာမှ ဆားရောဂါပါရရှိခဲ့ပါတယ်။   ယနေ့ COVID-19 မှာလည်း တရုတ်နိုင်ငံဝူဟန်မြို့မှ လင်းနို့စွပ်ပြုတ် မကျက်တကျက်ချက်စားရာမှ ကူးစက်ခံရခြင်းပဲဖြစ်တယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စတင်ဖြစ်ပွားခဲ့လို့ COVID-19 လို့ခေါ်ဆိုခြင်းဖြစ်တယ်။မူလကတရုတ်နိုင်ငံဟူဘေးပြည်နယ်မှ ဝူဟန် မြို့ကြီးမှာဖြစ်ပွားခဲ့တယ်။ သည့်နောက် ဟူဘေးပြည်နယ် တစ်ခုလုံး နောက်တရုတ်နိုင်ငံ တစ်နိုင်ငံလုံး ပျံ့နှံ့သွားတယ်။ ဝူဟန်ဗိုင်းရပ်သီဝရီ နှစ်ရပ်ရှိရာမှာ ဒုတိယသီဝရီက ဝူဟန်မြို့ဓာတ်ခွဲခန်းတစ်ခုမှ ဓာတုပိုးမွှားတစ်ခု စမ်းသပ်ရာမှ တစ်မုဟုတ်ချင်း ပေါက်ကွဲပျံ့နှံ့ခဲ့တယ်လို့ဆိုတယ်။ ဖြစ်နိုင်ခြေရှိတာက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဝူဟန်ဗိုင်းရပ်ကမ္ဘာ အနှံ့ပျံ့နှံ့ကူးစက်စေခဲ့တဲ့ တရုတ်နိုင်ငံ ဆီမှ အမေရိကန်ဒေါ်လာ ၁၃၀ ထရီလီယံ လျော်ကြေးတောင်းခံလာသလို ကမ္ဘာ့တောင်ဝင်ရိုးစွန်း (အန္တာတိက) မှအပ အနှံ့အပြားဖြစ်ပွားခဲ့ခြင်းပဲဖြစ်တယ်။ ပထမကလင်းနို့မှလူ နောက်တော့လူလူချင်း ကူးစက်နိုင်ကြောင်းတွေ့ရှိကာ နှာခေါင်းစည်းများတပ်ကာ   ကြိုတင်ကာကွယ်လာတယ်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၀ရက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က COVID-19 ဗိုင်းရပ်ဟာ ကမ္ဘာကြီးမှာ ဖြစ်ပွားနေကြောင်း သတိပေးကြေညာခဲ့ပါတယ်။ ထိုအချိန်မှာ ဗိုင်းရပ်က ဥရောပ ရောက်နေပါပြီ။ ဇန်နဝါရီ ၁၅ ရက်မှာ အမေရိကန်၊ ဇန်နဝါရီ ၂၀မှာ တောင်ကိုရီးယား၊ ဇန်နဝါရီ ၃၁ ရက်မှာ စပိန်နှင့်အီတလီနိုင်ငံတို့ထံ ကူးစက်ပျံ့နှံ့သွားခဲ့ပါပြီ။ ရောဂါဖြစ်ပွားမှု အလွန်လျင်မြန်လာရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ၂၀၂၀ ပြည့်နှစ် မတ် ၁၁ ရက်မှာ ကမ္ဘာ့ကပ်ရောဂါ Pandermk Disease လို့ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံကို ၂၀၂၀ ပြည့်နှစ် မတ် ၂၃ရက်မှာ လူနာပိုးတွေ့ နှစ်ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး မေ၂၄ ရက်အထိ ပိုးတွေ့လူနာ ၂၀၁ ဦး၊ သေဆုံးခြောက်ဦးရှိခဲ့ပါပြီ။ ကမ္ဘာပေါ်မှာ မေ ၂၄ ရက်အထိ ဗိုင်းရပ်ကူးစက်ခံရသူစုစုပေါင်း ၅၄၃၅၉၈၄ ဦးရှိပြီး သေဆုံးသူစုစုပေါင်းမှာ ၃၄၄၅၁၃ ဦးဖြစ်ပါတယ်။ ရောဂါဖြစ်စက လင်းနို့ငှက်ကတစ်ဆင့်  ကူးစက်ကြောင်း  သံသယရှိခဲ့ပြီး နောက်ပိုင်းမှာ လူလူချင်း အသက်ရှူလမ်းကြောင်းမှတစ်ဆင့်  ကူးစက်ကြောင်း သိရှိလာခဲ့ကြတယ်။ လူတို့ချောင်းဆိုး၊ နှာစေးတဲ့အခါ စကားကျယ်လောင်ပြောတဲ့အခါ၊ တံတွေးထွေးတဲ့အခါ COVID-19 ဗိုင်းရပ်ကပ်ပြီး ပါလာပါတယ်။ အဆိုပါဗိုင်းရပ်ပိုးဟာ ကြမ်းပြင်၊ စားပွဲ၊ လှေကားလက်ကိုင်၊ ဓာတ်လှေကားခလုတ်၊ တီဗွီရီမု၊ အဲယားကွန်းရီမုတို့မှကပ်တွယ်နေပြီး အဆိုပါနေရာကိုင်မိပါက ကိုင်မိသူရဲ့လက်မှာကပ်ပါ သွားပါတယ်။မသန့်တဲ့လက်နဲ့ ပါးစပ်၊နှာခေါင်းတို့ကိုင်မိတဲ့အခါ၊အစားအစာများစားမိတဲ့အခါ ဗိုင်းရပ်ဟာ လူ့ခန္ဓာကိုယ်တွင်း ရောက်ရှိသွားပါတယ်။

ရောဂါပိုးရောက်ခါစမှာ လက္ခဏာတစ်စုံတစ်ရာမပြသေးပါဘူး။ အစပျိုးရက် ၅-၁၄ ရက်ထိကြာတတ်ပါ တယ်။ အချို့တစ်လထိလက္ခဏာမပြဘဲ သွေးဖောက်စစ်ဆေးကြည့်မှ COVID-19 Positive ဖြစ်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ အချို့မှာ လက္ခဏာတစ်စုံတစ်ရာမပြဘဲ ပျောက်ကင်းသွားခဲ့ကြောင်းသိရပါတယ်။ COVID-19 ဗိုင်းရပ် လက္ခဏာတွေက ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ နှာမွှန်ခြင်း၊ အနံ့မရခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊  ြွကက်သားများ နာကျင်ကိုက်ခဲခြင်းတို့ပဲဖြစ်တယ်။ မူလက သွေးချို၊ ဆီးချို၊ ပန်းနာရောဂါ ရှိသူများ၊ ဆေးလိပ် သောက် သူများ၊ ခုခံအားလျော့နည်းသူများ၊ ကလေးငယ်နဲ့ အသက်ရွယ်ကြီး ဘိုးဘွားတွေမှာ ရောဂါ ကူးစက် လွယ်ပြီး သေဆုံးတဲ့အထိပြင်းထန်စွာဖြစ်ပွားတတ်တယ်။ သေဆုံးသူတို့မှာ အဆုတ်ဆိုးရွားစွာ ပျက်စီးကာ သွေးဆိပ်တက်ခြင်း၊ ကိုယ်အင်္ဂါအားလုံးပျက်စီးကာ သေဆုံးကြရတယ်။ ရောဂါကာကွယ် ဆေးကုသဆေးစမ်းသပ်ဆဲဖြစ်တယ်။ ကုသဆေးအဖြစ် ဂျပန်က (Avigan) ဓာတ်ဆားနဲ့အမေရိကန်က   ရမ်ဒီစီဗာကာကွယ်ဆေးတီထွင်ခဲ့ပြီး ရလဒ်ကောင်းမွန်တယ်လို့သိရပါတယ်။ ကိုဗစ်ရောဂါကာကွယ် ရေးမှာ မကြာခဏ လက်ဆေးခြင်း၊ လက်သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ နှာချေ ချောင်းဆိုးတဲ့အခါ တစ်ရှူးနဲ့ကာခြင်း၊ လက်တံတောင်ဆစ်ကွေးနဲ့ကာခြင်း၊ လူတစ်ဦးနဲ့တစ်ဦး အနည်းဆုံး ခြောက်ပေ ခွာခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ကိုယ့်အိမ်မှာပဲနေခြင်း ဆောင်ရွက်သင့်ပါတယ်။

ယခုအခါအပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်းဖြစ်စေကာ ဂနာမငြိမ်ဖြစ်ခြင်း၊  ခေါင်းမူးခေါင်းနောက် ခြင်း၊ ခေါင်းကိုက်ခြင်း၊ တစ်ကိုယ်လုံးနုံးချည့်ခြင်း၊ ြွကက်တက်ခြင်း၊ ချွေးအလွန်ထွက်ခြင်းကြောင့် ခန္ဓာကိုယ်အရေပြားအေးလို့ စိုစွတ်ခြင်း၊ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်း၊ သတိလစ်ခြင်းတို့ဖြစ်စေတယ်။ အပူဒဏ်ကြောင့်သတိလစ်ခြင်းမှာ ခန္ဓာကိုယ်အပူချိန်အလွန်အကျွံ မြင့်တက်လာခြင်း၊ အရေပြားပူကာ ခြောက်သွေ့ခြင်း သို့မဟုတ် ချွေးခန်းခြောက်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊  သတိလစ်ခြင်း၊ တက်ခြင်းဖြစ်တတ်ပါတယ်။ အရေးပေါ်ရှေးဦး သူနာပြုစုခြင်းအဖြစ် လူနာကိုအရိပ်ရပြီးအေးမြတဲ့ နေရာရွှေ့သင့်ပါတယ်။ လေပန်ကာ၊ လေအေးစက် ဖွင့်ထားပေးရမယ်။ယပ်ခတ်ပေးနိုင်တယ်။လူနာရဲ့ ခြေရင်းဘက်မြှင့်ထားကာပက်လက် ခေါင်းတစ်စောင်းအနေအထားနဲ့ အသက်ရှူစေသင့်တယ်။ လူနာရဲ့ အဝတ်အစားကိုချွတ်ပြီး လူနာရဲ့လည်ပင်းအထိ ချိုင်းနှစ်ဖက်တို့ကို ရေဖတ်တိုက်ပေးသင့်ပါတယ်။ အပူဒဏ်ကြောင့် သတိလစ်ခြင်းဖြစ်ပွားမယ့် လက္ခဏာများပေါ်ပေါက်လာပါက အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။ သည်နေရာမှာ ကိုဗစ်လက္ခဏာနဲ့ ခွဲမရတာကြောင့် အပူဒဏ်ကြောင့် သတိလစ်ခြင်း လူနာနဲ့ COVID-19 လူနာနှစ်မျိုးစလုံး ဆေးရုံတင်သင့်တယ်။

ယခုအခါမိုးရာသီအစ အအေးမိခြင်း၊ တုပ်ကွေးရောဂါဖြစ်လာနိုင်ပါတယ်။ နှာစေး၊ ချောင်းဆိုး၊ ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းဖြစ်ပါက  မိသားစုဆရာဝန်နဲ့ပြသကာ ကုသမှုခံယူသင့်ပါတယ်။ ရာသီတုပ်ကွေး ကာကွယ်ဆေး A/H1N1 ထိုးနှံထားသင့်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ  တုပ်ကွေးကြောင့် မြန်မာနိုင်ငံမှာ ၃၆ ဦး၊  ၂၀၁၉ ခုနှစ်မှာ ၈၂ ဦး သေဆုံးခဲ့တာကြောင့် မပေါ့ဆသင့်ပါဘူး။   COVID-19 ကပ်ရောဂါက ရေရှည် ဖြစ်သွားနိုင်တာကြောင့် အခြားရောဂါနဲ့ ခွဲခြားနိုင်ဖို့ခက်ခဲလာလို့  တုပ်ကွေးကာကွယ်ဆေးထိုးနှံတာ အကောင်းဆုံးပဲဖြစ်ပါတယ်။  

ဒေါက်တာလွင်သန့်

Read 20 times
Rate this item
(0 votes)