SJ WorldNews - шаблон joomla Авто

သွေးလွန်တုပ်ကွေးဆိုသည်မှာ

Thursday, 04 June 2020 10:18 Written by  font size decrease font size decrease font size increase font size increase font size

သွေးလွန်တုပ်ကွေးရောဂါရဲ့ အဓိကတရားခံဟာ ခြင်ကျားများဖြစ်ပါတယ်။

ရေအိုင်များ၊ အိုးခြမ်းပဲ့များ၊ ဘက်ထရီအိုးဟောင်းတွေမှာ မိုးရွာပြီးနောက် မိုးရေတင်ကျန်ခဲ့ပြီး နေထွက်လာတဲ့အခါ ပိုးလောက်လမ်းတွေပေါက်လာကာ ၎င်းမှတစ်ဆင့် ခြင်ကျား ခေါ်   ခြင်ပုန်းတွေဖြစ်လာပါတော့တယ်။ အဲဒီခြင်ပုန်းတွေက ပေါက်ပွားမှု မြန်ဆန်ပြီး မိုးဦးကျစကျောင်းဖွင့်ချိန် လူဦးရေထူထပ်သော    မူကြိုကျောင်း၊ စာသင်ကျောင်းများ၊ တရားစခန်းများမှာ သွေးစုပ်ရန်    ကျက်စားလာကြပါတယ်။ ခြင်ဆိုးများဟာ လူတစ်ဦးဆီမှ နောက်တစ်ဦးဆီသို့ မတူညီသော သွေးများကို သယ်ဆောင်သွေးစုပ်ခြင်းဖြင့် သွေးလွန်တုပ်ကွေးအစ ဖြစ်ပေါ်လာရပါတယ်။ ရှေးကာလများမှာ  အသက်သုံးနှစ်နှင့် ၁၅ နှစ်အရွယ် ကလေးတွေမှာ အဖြစ်များကြပြီး  အခုနောက်မှာတော့ တစ်နှစ်အောက် ကလေးများသာမက အသက် ၁၅ နှစ်အထက် ၂၅ - ၃ဝ နှစ် အရွယ်တွေလည်း   ဖြစ်လာကြပါတယ်။

ယခုလိုမိုးဦးကျ ဇွန်လမှစ၍  ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာမှာ အဖြစ်အများဆုံးမို့ သတိနှင့်ကြိုတင် ကာကွယ်တတ်ဖို့ အရေးကြီးပါတယ်။

သွေးလွန်တုပ်ကွေးရောဂါသည် ရောဂါပျိုးရက် တစ်ရက်မှ လေးရက်အတွင်း စတင်ဖြစ်ပွားပြီး ရောဂါလက္ခဏာသည် ရုတ်ခြည်းဖြစ်ပေါ်နိုင်သည်။

ဖြစ်ပေါ်နိုင်သည့်ရောဂါလက္ခဏာများ  

ရောဂါလက္ခဏာများမှာ    အပူချိန် ၁ဝဝ ဒီဂရီနှင့်အထက်   အဖျားကြီးခြင်း၊ ကိုယ်အပူချိန် ၁ဝ၅  ဒီဂရီဖာရင်ဟိုက်လောက်အထိ    ရုတ်တရက် ဆောင့်တက်လာခြင်း၊  ခေါင်းအရမ်းကိုက်ခဲခြင်း၊ နားထင်နာကျင် ကိုက်ခဲခြင်း၊     အရိုး၊ ကြွက်သား၊ အရိုးအဆစ် စသည့်ကိုယ်လက်ကိုက်ခဲခြင်း၊    ဗိုက်နာဗိုက်အောင့်ပြီး  ဗိုက်ကိုအထိမခံနိုင်ခြင်း၊ ခိုက်ခိုက်တုန် ခြေဖျားလက်ဖျား အေးစက်ခြင်း၊ အရေပြားပေါ် အနီရောင် အစင်းကြောင်းများပေါ်လာခြင်း၊  မျက်နှာနီအန်းခြင်း၊ ပင်ပန်းနွမ်းနယ်ကာ အချိန်ပြည့်မှိန်းနေတတ်ပြီး  အစာစားချင်စိတ်မရှိခြင်း၊   အစားအသောက် အရည်ဝင်တာနဲ့တစ်ပြိုင်နက်  အန်ထွက်ခြင်း၊ လည်ချောင်းနာခြင်း၊  လက်မောင်းမှာ သွေးပေါင်ချိန်တိုင်း ကိရိယာနဲ့ တိုင်းကြည့်ရင် Hess Test Positive ဖြစ်နေခြင်း စသည်တို့ဖြစ်ပါတယ်။(အချို့သူများမှာ ချောင်းဆိုး၊ နှာစေး၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်တတ်ပါတယ်။)

သွေးလွန်တုပ်ကွေးအတွက် အိမ်တွင်းကုထုံး

(၁)     တမာပင်အရွက်နှင့်   တမာပင်အဆီတို့ဟာ သွေးသန့်စေလို့ တမာပြုတ်ရည်ဖြင့်   ရေဖတ်တိုက်ပါ သို့မဟုတ် တမာဆီလူးပေးပါ။

(၂)     ခန္ဓာကိုယ်တွင်းရေဓာတ် ဆုံးရှုံးမှုကို ပြန်လည်အစားထိုးရန်နှင့် အပူရှိန် လျှော့ချနိုင်ရန်အတွက် ရေများများသောက်ပါ။ 

(၃)     အဖျားလုံးဝ ကျတဲ့အထိ အဖတ်လုံးဝမစားဘဲ အရည်စစ်သောက်ပါ။

(၄)     နံနံပင်အရွက်များက  အဖျားကျစေရုံသာမက သွေးလွန်တုပ်ကွေးကြောင့် ကုန်ဆုံးသွားသော အားများကို ပြန်လည်ဖြည့်တင်း ပေးပါတယ်။

(၅)    ပင်စိမ်းရွက်ကလည်း   သွေးလွန်တုပ်ကွေး ဖျားနာခြင်းအတွက် အကောင်းဆုံး ဆေးတစ်ခွက်ဖြစ်လို့ ပင်စိမ်းရွက် ၁၅ ရွက်ခန့်ဝါးစားပါ သို့မဟုတ် ပင်စိမ်းရွက်အစိုကို ရေနွေးကြမ်း ခတ်သောက်ပါ။

(၆)    သင်္ဘောသီးနှင့်   သင်္ဘောစေ့တို့ကို တုပ်ကွေးဖျားနာခြင်းအတွက်  သဘာဝ ဓာတ်စာအဖြစ် ယုံကြည်စိတ်ချစွာ စားပါ။ သင်္ဘောရွက်ထဲတွင် ပါရှိသော အင်ဇိုင်းဓာတ်များက ကိုယ်အပူချိန် ကျစေရုံမျှမက သွေးလွန်တုပ်ကွေးကြောင့် အစာမကြေ ဗိုက်နာခြင်းအတွက် အားကိုးဆေး တစ်ခွက်ပါ။

(၇)    မဲဇလီပင်အမြစ်က တုပ်ကွေးအဖျားကျစေသလို ချက်ချင်း အားပြည့် လာစေပါတယ်။

(၈)    ပဲနံ့သာပင်ရွက်ကို လက်ဖက်ရည်ကြမ်း ခတ်သောက်ခြင်းက အဖျားကျစေသလို  ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်ကို ကောင်းစွာ လည်ပတ်စေပါတယ်။

(၉)    တလည်းသီးနှင့်  အနက်ရောင်စပျစ်သီးတို့က သွေးဆဲလ်များကို တိုးပွားလာစေပါတယ်။

(၁ဝ)  လိမ္မော်ရည်က အစာခြေအားကောင်းခြင်း၊   ဆီးသွားခြင်း၊ လန်းဆန်းစေခြင်းတို့ကို ပေးစွမ်းနိုင်ပါတယ်။

(၁၁)  ကြက်သွန်နီကို ထက်ခြမ်းခြမ်း၍ ဖန်ပုလင်းထဲထည့်ကာ ရှာလကာရည်မြုပ်အောင်  တစ်ညသိပ်စိမ်၍  အဖုံးလုံအောင်ဖုံးပါ။ထမင်းစားသည့် အခါတိုင်း   ထည့်စားပေးခြင်းဖြင့်

သွေးလွန်တုပ်ကွေးမဖြစ်အောင်  ကြိုတင်ကာကွယ်ရာ ရောက်ပါတယ်။

ကြိုတင်ကာကွယ်ရန်   လိုက်နာဆောင်ရွက်ရမည့် အချက်များ

အာဟာရကို လိုအပ်သလောက် ပြည့်ဝစွာ စားသုံးပါ။ ထမင်း၊ အသား၊ အဆီနှင့် အသီးအရွက်အစုံ စားသုံးပါ။ ရေလုံလောက်စွာ သောက်ပါ။ ဗီတာမင်စီဓာတ် ပါဝင်သော အသီးအရွက်၊ အသီးအနှံ အစားအစာများ(ဥပမာ-ဆီးဖြူသီး၊ ဒန့်သလွန်သီး၊ ဖန်ခါးသီး၊စောင်းလျားသီး၊ မရန်းသီး၊ မာလကာသီး၊ ချဉ်ပေါင်ရွက်၊ ကင်ပွန်းချဉ်ရွက်၊ မန်ကျည်းရွက်၊  ဆူးပုပ်ရွက်၊ တမာရွက်)နှင့် ဗီတာမင်အေဓာတ် ပါဝင်သော အသီးအရွက်၊ အသီးအနှံ၊ အစားအစာများ(ဥပမာ-မုန်လာဥနီ၊ ကန်စွန်းဥ၊ ငရုတ်သီးစိမ်း၊ ဒန့်သလွန်ရွက်၊ မဲဇလီရွက်၊ မြင်းခွာရွက်၊ မုန်လာရွက်၊ ဘူးညွန့်၊ဖရုံညွန့်၊ ပေါက်ပန်းဖြူရွက်၊ ဟင်းနုနယ်ရွက်နှင့်အသည်းအမျိုးမျိုး)။လေဝင်လေထွက် ကောင်းပြီး လေကောင်း လေသန့် ရသည့်နေရာတွင် နေထိုင်ရန်၊ အိပ်ရေးဝအောင် အိပ်ပါ။(တစ်နေ့ ၆ နာရီမှ ၈နာရီ)။ အဆုတ်ကိုထိခိုက်မိပြီး   ရောဂါဝင်လွယ်သဖြင့် ဆေးလိပ်၊ ကွမ်း၊ အရက် ရှောင်ကြဉ်ရန်။ လူတစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံရာတွင် အနည်းဆုံး ၆ ပေခန့်အကွာမှနေ၍ ပြောဆိုဆက်ဆံရန်။

ရောဂါပျိုးချိန်တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း မရှိသေးသည့်အတွက် ရောဂါရှိသူကို မသိရှိနိုင်ပါ။ ထို့ကြောင့် လူစုလူဝေးနေရာများ ရှောင်ရှားရန်၊ အထူးသဖြင့် ရောဂါဖြစ်ပွားပါက    ပြင်းထန်ပြီး သေဆုံးနိုင်ခြေများသည့်   အသက်အရွယ်ကြီးသူများ၊ဆီးချို၊ကင်ဆာ၊ နှလုံး၊ အဆုတ်နှင့် နာတာရှည် ရောဂါအခံရှိသောသူများ အနေဖြင့် ယခုကာလအတွင်း  တတ်နိုင်သမျှ အပြင်ထွက်သွားလာခြင်းကို ရှောင်ကြဉ်ရန်၊ မိမိနှင့်သင့်လျော်ရာ ကိုယ်လက်လှုပ်ရှား အားကစားခြင်းကို ဆောင်ရွက်ရန်၊ ရောဂါပိုးများ၏ သဘောသဘာဝအရ   အသက်ရှူလမ်းကြောင်းမှ တိုက်ရိုက်ကူးစက်ခြင်းထက် အရာဝတ္ထုများ၏ မျက်နှာပြင်တွင် တွယ်ကပ်နေနိုင်မှု ပိုများပြီး ထိုအရာဝတ္ထုများကို ထိတွေ့မိသော လက်မှတစ်ဆင့်   ပိုမိုကူးစက်နိုင်သဖြင့် အပြင်မှပြန်လာပြီးတိုင်း  လက်ကိုဆပ်ပြာနှင့် ရေဖြင့် စက္ကန့် ၂ဝ ကြာ ဆေးကြောသင့်ပေသည်။

ရောဂါဖြစ်လာမှကုသခြင်းထက် မဖြစ်အောင် ကြိုတင် ကာကွယ်ထားတတ်ဖို့လိုပါတယ်။ ဒါကြောင့်လည်း   ''ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမိုထိရောက်တယ်။

Precaution is better than Cure" လို့ ဆိုပါတယ်။ အရေးကြီးဆုံးကတော့  ခြင်ကိုက်မခံရစေဖို့ပါပဲ။ အင်္ကျီလက်ရှည်၊ ပုဆိုးရှည်ရှည် ဝတ်ဆင်ခြင်း၊    ခြင်ထောင်ဖြင့် အိပ်စက်ခြင်း၊ ရေစီးရေလာကောင်းပြီး ခြင်မပေါက်ပွားစေရန် ရေဆိုးမြောင်းများ ရှင်းလင်းခြင်း၊   လေဝင်လေထွက်ကောင်းပြီး ခြင်မခိုအောင်းနိုင်အောင် အိမ်တွင်းအိမ်ပြင် သန့်ရှင်းရေးပြုလုပ်ခြင်း၊   ခြံတွင်းခြံပြင် ချုံနွယ်ပိတ်ပေါင်းများ   ရှင်းလင်းခြင်း၊ကိုယ်ထူကိုယ်ထ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်း စသည်တို့ကို     မိမိအသိစိတ်ဓာတ်ဖြင့်  အိမ်ထောင်စု အသီးသီးတိုင်း တာဝန်ယူကြမယ်ဆိုရင် သန့်ရှင်း ကျန်းမာသော စံပြရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်မှသည် တစ်ပြည်လုံးအတိုင်းအတာအထိ သွေးလွန်တုပ်ကွေးရောဂါ ကျဆင်းလာမည်ဟု သုံးသပ်မိပါကြောင်းနှင့်  COVID-19 ရောဂါကာလတွင်  သွေးလွန်တုပ်ကွေး အန္တရာယ်ကိုလည်း မေ့မထားသင့်ဘဲ   အထူးသတိရှိကြစေလိုပါကြောင်း ရေးသားလိုက်ပေသည်။  

 

တင်ထက်ထက်ဇော်

 

Read 24 times
Rate this item
(0 votes)
Last modified on Thursday, 04 June 2020 10:22

Latest from ေကတု