SJ WorldNews - шаблон joomla Авто

ကိုဗစ်၊ ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးနှင့် မိုးရာသီ ကာလရောဂါများ

Friday, 26 June 2020 10:55 Written by  font size decrease font size decrease font size increase font size increase font size

ယခုဖြစ်နေဆဲ COVID-19 ရောဂါကို  ၂ဝ၂ဝ ပြည့်နှစ် မတ် ၁၁ ရက်မှာ ကမ္ဘာ့ကပ်ရောဂါ (World  Panarmic Disease)  အဖြစ် ကြေညာခဲ့တယ်။

COVID-19 ရောဂါဟာ   မြန်မာနိုင်ငံမှာ ၂ဝ၂ဝ ပြည့်နှစ် မတ် ၂၃ ရက်မှာ ပိုးတွေ့လူနာနှစ်ဦးနဲ့ စတင်တွေ့ရှိခဲ့ပြီး အသွားအလာ ကန့်သတ်ခြင်း (Quarantine) ပြုလုပ်ကာ အိမ်ထဲမှာနေ (Stay at  Home) ကြေညာခဲ့ပြီး  လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂ဝ ကျော်ကြာ  ခဏခဏဆေးကြောခိုင်းခဲ့တယ်။ လူတိုင်းအပြင်ထွက်ရင် လုံလောက်တဲ့ အကွာအဝေးရှိရမှာဖြစ်ပြီး နှာခေါင်းစည်း (Surgical Mask) တပ်ဆင်သွားလာရမယ်။ ဇွန် ၂၅ ရက်ထိ ကိုဗစ်ပိုးတွေ့ ၉၃၉၄၉၆၄ သန်း၊ သေဆုံး ၄၈ဝ၆၂၇ ဦး ဖြစ်တယ်။ မြန်မာနိုင်ငံမှာ  ဇွန် ၂၅ ရက်အထိ COVID-19 ရောဂါတွေ့ရှိလူနာ ၂၉၃  ဦးတွေ့ရှိကာ ပျောက်ကင်း ၂ဝ၈ ဦး၊  သေဆုံးခြောက်ဦး ရှိတယ်။

COVID-19 ရောဂါဟာ   တရုတ်နိုင်ငံမှာ လင်းနို့ငှက်စွပ်ပြုတ် မကျက်တကျက် စားသောက်ရာမှ ကူးစက်ခဲ့ပြီး လူအချင်းချင်း အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် ကူးစက်ခဲ့တယ်။  လူတို့ချောင်းဆိုး၊ နှာစေးတဲ့အခါ၊ စကားကျယ်လောင်စွာ ပြောတဲ့အခါ၊ ကြမ်းပြင်၊ စားပွဲ၊ လှေကားလက်ကိုင်၊ ဓာတ်လှေကားခလုတ်၊  တီဗွီရီမုတ်၊  အဲယားကွန်းရီမုတ်တို့မှာ ကပ်တွယ်နေပြီး အဆိုပါနေရာ ကိုင်မိပါက  ကိုင်မိသူရဲ့လက်မှာ ကပ်ပါသွားပါတယ်။   ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတပ်ခြင်း၊ လက်ကိုဆပ်ပြာ၊  ရေတို့နှင့်စက္ကန့် ၂ဝ ကျော်ကြာ စနစ်တကျဆေးကြောခြင်းက ကာကွယ်နိုင်ပါတယ်။ COVID-19 ရောဂါဖြစ်စမှာ လက္ခဏာမပြတတ်ပါဘူး။ အချို့လက္ခဏာမပြဘဲ ကောင်းသွားတတ်ပါတယ်။ ရောဂါအစပျိုးရက် ငါးရက်မှ  ၁၄ ရက်အထိ ကြာတတ်ပါတယ်။ သွေးဖောက်စစ်တဲ့အခါ ကိုဗစ်ပေါ့စတစ် (Covid Positive) တွေ့ရင်  ရောဂါရှိကြောင်း ပိုးတွေ့လူနာအဖြစ်   သတ်မှတ်ပါတယ်။

လက္ခဏာတွေကဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ နှာမွှန်ခြင်း၊ အနံ့မရခြင်း၊ ကိုယ်လက်မအီမသာ ဖြစ်ခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းတို့ဖြစ်တယ်။  သွေးတိုး၊ ဆီးချို၊ ပန်းနာရောဂါရှိသူများ၊ ဆေးလိပ်သောက်သူများ၊ ခုခံအားလျော့နည်းသူများ၊ ကလေးငယ်နှင့် အသက်ကြီးဘိုးဘွားတွေမှာ ရောဂါကူးစက်လွယ်ပြီး သေဆုံးသည်အထိ ပြင်းထန်စွာဖြစ်တတ်ပါတယ်။ သေဆုံးသူတို့၏ အဆုတ်မှာ ဆိုးရွားစွာ ပျက်စီးကာ သွေးဆိပ်တက်ခြင်း၊   သတိလစ်ခြင်း၊ ကိုယ်အင်္ဂါအားလုံး ပျက်စီးခြင်းဖြစ်ကာ သေဆုံးကြရပါတယ်။ ရောဂါကာကွယ်ဆေး ကုသဆေးအဖြစ် ဂျပန်နိုင်ငံက အေဗီဂန်ဆေးဝါးနဲ့ အမေရိကန်က ရမ်ဒီစီဗာ ကာကွယ်ဆေး တီထွင်စမ်းသပ်လျက်ရှိရာ    ရလဒ်ကောင်းမွန်ပါတယ်။

ယခုအခါ မိုးရာသီအစဝင်ရောက်ပြီဖြစ်လို့ အအေးမိခြင်းနဲ့ ရာသီတုပ်ကွေး (A /H1N1) ရောဂါဖြစ်လာနိုင်တယ်။ ဖျားခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း ဖြစ်လာပါက မိသားစု ဆရာဝန်နဲ့ပြသကာ ကုသမှုခံယူသင့်ပါတယ်။ ရာသီတုပ်ကွေးမှာ ကာကွယ်ဆေး (A/H1N1) ဗိုင်းရပ်ကာကွယ်ဆေးရှိပါတယ်။   တုပ်ကွေး ကာကွယ်ဆေးကို ကျောင်းသား၊ မိဘ၊  ဆရာ၊ ဘိုးဘွားများလည်းထိုးနှံထားသင့်ပါတယ်။ ၂ဝ၁၈ ခုနှစ်မှာ ရာသီတုပ်ကွေးကြောင့်  မြန်မာနိုင်ငံမှာ လူ ၃၆ ဦး၊ ၂ဝ၁၉ ခုနှစ်မှာ  ပိုးတွေ့လူနာ ၈၂ ဦး သေဆုံးခဲ့တာကြောင့် မပေါ့ဆသင့်ပါဘူး။ COVID-19 ရောဂါ ရေရှည်ဖြစ်သွားနိုင်တာကြောင့်  အခြားရောဂါနဲ့ ခွဲခြားနိုင်ဖို့ခက်ခဲတာကြောင့် တုပ်ကွေးကာကွယ်ဆေး ထိုးနှံတာ အကောင်းဆုံးဖြစ်တယ်။

လူနာအများစုမှာ  တုပ်ကွေးရောဂါ လက္ခဏာများ တစ်ပတ်အတွင်း   ပြန်လည်ကောင်းမွန်နိုင်ပါတယ်။ အချို့လူနာများမှာ  နာတာရှည်လူနာများ၊ သက်ကြီးရွယ်အိုများ၊     ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်တို့မှာ  တုပ်ကွေးရောဂါကြောင့် ရောဂါလက္ခဏာ ပြင်းထန်နိုင်ပြီး အသက်သေဆုံးတဲ့ထိ ဖြစ်နိုင်ပါတယ်။

လူစုလူဝေးများဖြစ်တဲ့ ကျောင်းများ၊  ဆေးရုံများ၊ အားကစားကွင်းများ၊ ရုံးလုပ်ငန်းများ၊ ဈေးများဘာသာရေး အဆောက်အအုံများမှာ  လူစုလူဝေး အဖြစ်နိုင်ဆုံး၊ ရောဂါကူးစက်မှု  အများဆုံးနေရာတွေဖြစ်တယ်။

တုပ်ကွေးရောဂါကို အနားယူခြင်း၊ ရေများများသောက်ခြင်း၊ ရေဖတ်တိုက်ခြင်း၊ရောဂါလက္ခဏာ သက်သာစေရေးအတွက် အကိုက်အခဲ ပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေးတို့   သောက်သုံးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ တုပ်ကွေးရောဂါကို တုပ်ကွေး ကာကွယ်ဆေး (A/H1N1) ထိုးပေးခြင်းနဲ့ ကာကွယ်နိုင်ပါတယ်။ နှစ်အလိုက် တုပ်ကွေးမျိုးစိတ် အသစ်များ ဖြစ်ပေါ်နေလို့ တုပ်ကွေး ကာကွယ်ဆေးဟာ တစ်နှစ်တာကာလပဲ ရှည်ကြာပါတယ်။ နောက်တစ်နှစ် ဥပမာ ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီမှ ဒီဇင်ဘာ ၃၁ ရက်ထိ ရာသီတုပ်ကွေး (A/H1N1) ကာကွယ်ဆေးက  အစွမ်းသတ္တိ ရှိနိုင်ပြီး ၂ဝ၂၁ ခုနှစ် တုပ်ကွေးရာသီမှာ အစွမ်းမဲ့ဖြစ်သွားလို့ ပြန်ထိုးနိုင်ဖို့ လိုပါတယ်။

တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဆောင်ရွက်ရမယ့် အချက်တွေက တုပ်ကွေးရောဂါဖြစ်ပွားမှု များပြားပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အကြောင်းကြားပြီး ရောဂါကုသမှု ချက်ချင်းခံယူသင့်ပါတယ်။

ချောင်းဆိုးခြင်း၊ နှာချေခြင်းပြုလုပ်ပါက လက်ကိုင်ပဝါ၊ တစ်ရှူးသုံးနိုင်တယ်။သုံးပြီးတစ်ရှူးကို စနစ်တကျ စွန့်ပစ်သင့်တယ်။တုပ်ကွေးရောဂါဖြစ်နေသူဟာ ကိုယ့်ထံမှ အခြားသူသို့မဖြစ်နိုင်စေဖို့ နှာခေါင်းစည်းသုံးသင့်ပါတယ်။  ရောဂါဖြစ်သူများ ထိတွေ့ကိုင်တွယ် အားပေးကူညီမှုပြီးပါက ရေဆပ်ပြာတို့နဲ့  စက္ကန့်  ၂ဝ ကျော်ကြာ လက်ဆေးသင့်ပါတယ်။

တုပ်ကွေးရောဂါကာကွယ်ဆေးဟာ  တုပ်ကွေးရောဂါဖြစ်ပွားမှုနဲ့ ရောဂါပြင်းထန်မှုကို လျော့နည်းစေပါတယ်။ တုပ်ကွေးရောဂါ ကာကွယ်ဆေး ထိုးသင့်သူတွေမှာ အသက်အရွယ်ကြီးရင့်သူများ၊  နာတာရှည်ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကျန်းမာရေး ဝန်ထမ်းများဖြစ်တယ်။

COVID-19 ရောဂါလက္ခဏာတွေဟာ   ရာသီတုပ်ကွေးနှင့် ဆင်ဆင်တူတဲ့ ကိုယ်ပူခြင်း၊ ဖျားခြင်း၊ နှာရည်၊ နှပ်ရည်ထွက်ခြင်း၊  ချောင်းဆိုးခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းဖြစ်တဲ့အတွက်  ရာသီတုပ်ကွေး (A/H1N1) ရောဂါနဲ့ ခွဲမရအောင် ဆင်တူနေတယ်။ မြန်မာနိုင်ငံမှာ ဇွန် ၂၄ ရက် နာရီအထ COVID-19 ဖြစ်ပွားသူ ပိုးတွေ့ ၂၉၃ ဦး၊ သေဆုံးသူခြောက်ဦးသာ ရှိတဲ့အချိန်မှာ တုပ်ကွေးရောဂါကြောင့် သေဆုံးသူမှာ ၂ဝ၁၉ ခုနှစ်က ပိုးတွေ့လူနာဦးရေ၏ ၇၄ ရာခိုင်နှုန်း ဖြစ်နေတယ်။ ဒီအတွက် တုပ်ကွေး ကာကွယ်ဆေးကို စီမံချက်ထားပြီး ထိုးနှံခြင်းက ရောဂါကာကွယ် ကုသရေးအတွက်  ပိုမိုအဆင်ပြေမှာဖြစ်ပါတယ်။

COVID-19 ရောဂါနဲ့ခွဲခြားရာမှာ အထောက်အကူဖြစ်လို့ (A/H1N1) ရာသီတုပ်ကွေး ကာကွယ်ဆေးကို  လူတိုင်းထိုးနှံပေးသင့်ပါတယ်။   ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကျန်းမာရေး ဝန်ထမ်းအားလုံး ထိုးနှံပေးသလို ပြည်သူတွေ အားလုံးကိုလည်း  ထိုးနှံပေးသင့်ပါတယ်။

မိုးဦးအစမှာ သွေးလွန်တုပ်ကွေးရောဂါ ခေါင်းထောင်လာပါတယ်။ မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူရဲ့ထက်ဝက်ခန့်ဟာ ရန်ကုန်တိုင်းဒေသကြီး ဖြစ်ပြီး မြို့ပြလူဦးရေ များပြားခြင်းက  သွေးလွန်တုပ်ကွေးတွေနဲ့ COVID-19 ရောဂါ  နှစ်မျိုးလုံးအတွက် ကူးစက်နိုင်စွမ်း  အမြင့်မားဆုံးဖြစ်စေနိုင်ကြောင်း သိရပါတယ်။ သွေးလွန်တုပ်ကွေးရောဂါကြောင့်  ၂ဝ၂ဝ ပြည့်နှစ်မှာ သေးဆုံးသူ ရှစ်ဦးရှိပြီး ရန်ကုန်တိုင်းဒေသကြီးမှာ အများဆုံးဖြစ်ကာ လေးဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇွန် ရက်က သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံရဲ့ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုဟာ ဇန်နဝါရီ ရက်မှ မေ ၁၆ ရက်အထိ ဖြစ်ပွားသူ ၁၂ဝ၈ ဦးရှိကာ သေဆုံးသူ ရှစ်ဦးထိရှိလာကြောင်း သိရပါတယ်။  ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊  စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တို့မှာ အများဆုံးဖြစ်တယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ အများဆုံးဖြစ်ပွားကာ ၃၂၅ ဦးဖြစ်ပြီး ကိုးဦးသေဆုံးခဲ့သည်။

သွေးလွန်တုပ်ကွေးဟာ    သွေးလွန်တုပ်ကွေး Dengue သယ်ဆောင်လာတဲ့  ခြင်ကျား (Aedes)ကိုက်ခြင်းကြောင့် ကူးစက်စေတယ်။   သွေးလွန်တုပ်ကွေးဟာ ခြင်ကိုက်ခံရလို့ဖြစ်စေတဲ့ ရောဂါဖြစ်ကာ နေ့ဘက်ကိုက်တဲ့ခြင်ကျားကြောင့်ဖြစ်တယ်။ ကုသဆေးကြိုတင် ကာကွယ်ဆေး မရှိသေးပါဘူး။ သွေးလွန်တုပ်ကွေး ရောဂါတွေက   ရုတ်တရက်ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ မျက်စိအောင့်ခြင်း၊ အန်ခြင်း၊ အန်ပါက ကော်ဖီရောင်ပါခြင်း၊ အနီစက်များ ထွက်ခြင်းတို့ဖြစ်ပြီး နှစ်ရက်မှ သုံးရက်အတွင်း အဖျားကြီးခြင်း၊ အလွန်အမင်း ဆက်တိုက်အန်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ ခြေဖျားလက်ဖျားများ အေးစက်နေခြင်း စတဲ့ လက္ခဏာများ ဖြစ်လာရင် မိသားစုဆရာဝန်သို့   ဆေးရုံသို့ သွားပြသင့်တယ်။ လူနာကိုဂရုစိုက်ပြီး အရည်များများဓာတ်ဆားရည် တိုက်သင့်ပါတယ်။  ကော်ဖီမတိုက်ရပါ။ အဖျားကြီးလွန်းပါက ရေချိုးချပြီး တဘက်ပွနဲ့ ပတ်ကာ ရေစင်အောင်သုတ်ပြီး အဝတ်ပွပွ ဝတ်စေသင့်တယ်။  ရေဝတ်ကိုတိုက်နိုင်ပါတယ်။ ပါရာစီတမော့အရည်နဲ့ ဓာတ်ဆားရည် တိုက်နိုင်ပါတယ်။ ကော်ဖီက အန်လာရင် အန်ဖတ်အရောင်နဲ့ ခွဲမရလို့ မတိုက်စေခြင်းဖြစ်တယ်။ အင်နယ်ဂျက်ဆင်၊ ဘာစပရိုအကိုက်ခဲဆေးများ မတိုက်သင့်ပါဘူး။

ကလေးငယ်များ အဖျားကြီးလွန်း၊   မှိန်းလွန်းရင်၊ အစားအသောက်မဝင်ရင် ဆရာဝန်နဲ့ပြသသင့်တယ်။ ကလေးငယ် ဆေးရုံ၊ ဆေးခန်းပြသတဲ့အခါ အစားအသောက် သို့မဟုတ်  အရည်လုံးဝ လက်မခံပါ။

အန်ဖတ်အမည်းရောင်ပါကြောင်း၊  အဖျားကြီးပြီး တက်တတ်ကြောင်း၊  ခြေဖျားလက်ဖျား အေးကြောင်းမိဘက ပြောကြားသင့်တယ်။  သွေးလွန်တုပ်ကွေး ဖြစ်ကြောင်း  စမ်းသပ်နည်း   ကလေးငယ်ပုံမှန် သွေးပေါင်ချိန်ရဲ့ အထက်နဲ့အောက် သွေးအလယ်မှာ ငါးမိနစ်ကြာအောင်ထားပြီး  ဖြေလျှော့လိုက်တိုင်း စင်တီမီတာအတွင်း ၁ဝ စက်ပြပါက   သွေးလွန်တုပ်ကွေးဖြစ်ကြောင်း သတ်မှတ်ပြီး ဆေးရုံသို့ ကုသစေခြင်းဖြစ်တယ်။ ကာကွယ်ဆေးကုသဆေး မရှိပါ။

မိုးရာသီမှာအဖြစ်ဆုံး သွေးလွန်တုပ်ကွေး ရောဂါဟာ လူကြီးတွေမှာလည်းဖြစ်လာပြီး   ပိုမိုပြင်းထန်ကြောင်း တွေ့ရတယ်။  ခြင်မပေါက်ပွားအောင်  ရေအိုးများဖုံးခြင်း၊ သွန်ပစ်ခြင်း၊ ရေလဲပေးခြင်း၊ ရေစစ်နဲ့စစ်ယူခြင်း၊ ခြင်ဆေးဒီဒီတီ(DDT) မာလသီယွန်ဆေးမှုတ်ခြင်း၊ ဖျန်းခြင်း၊ ခြင်မကိုက်အောင် ဘောင်းဘီရှည်၊ အင်္ကျီရှည်ဝတ်ခြင်း၊ ခြင်ထောင်နဲ့ နေ့/ညအိပ်ခြင်းတို့ဖြင့် ကာကွယ်နိုင်ပါတယ်။ ခြင်ပေါက်ပွားရာ နေရာလုံးဝမရှိအောင် ဆောင်ရွက်ပါက သွေးလွန်တုပ်ကွေး ဖြစ်ဖို့ အကြောင်းမရှိတာကြောင့်  ခြင် လောက်လမ်းနှိမ်နင်းခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းဖြင့် ဆောင်ရွက်သင့်တယ်။    

 

ဒေါက်တာ လွင်သန့်

 

Read 12 times
Rate this item
(0 votes)
Last modified on Friday, 26 June 2020 10:56

Latest from ေကတု