SJ WorldNews - шаблон joomla Авто
ကေတု

ကေတု

ဟောင်ကောင်ရှိ ဈေးဝယ်စင်တာများ၌ နိုဝင်ဘာ ၁၀ ရက်တွင်ပြုလုပ်သော အသေးစားဆန္ဒပြမှုများသည် အကြမ်းဖက်မှု အသွင်သို့ ကူးပြောင်းသွားသည်။ ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များသည် ဟောင်ကောင်အနောက်ပိုင်းရှိ ဆူယန်ဝမ်ခရိုင်မှ အကြမ်းဖက် ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများ အသုံးပြု၍ ဖြိုခွင်းခဲ့ပြီး ဈေးဝယ်စင်တာများရှိ ဆန္ဒပြသူများကို   ငရုတ်ကောင်း  အရည်များ အသုံးပြု၍ လူစုခွဲကြောင်း သိရသည်။

နယူးတယ်ရီတိုရီဒေသရှိ နေရာများစွာ၌ အကြမ်းဖက်ဆန္ဒပြမှုများ ဖြစ်ပွားသည်။

ရဲတပ်ဖွဲ့ဝင်များသည် စီးတီးဝေါ့ဈေးဝယ် စင်တာအပြင်ဘက်ရှိ ဆန်္ဒပြသူရာပေါင်း များစွာကို လူစုကွဲစေရန်အတွက် မျက်ရည်ယိုဗုံးတစ်လုံး ပစ်ပေါက်ခဲ့ကြောင်းနှင့် ထိုဗုံးသည် ဒေသတွင်း Now  TV ရုပ်မြင်သံကြား သတင်းဌာနမှ သတင်းထောက်တစ်ဦး၏ လက်မောင်းကို ထိမှန်ကြောင်း သိရသည်။ အဆိုပါသတင်းထောက် အမျိုးသမီး၏ ဘယ်ဘက်လက်မောင်း၌ ရရှိသည့် ဒဏ်ရာကို ဆေးလိမ်းနေသည့် ပုံများကို Apple  Daily ရုပ်မြင်သံကြား သတင်းဌာနက ထုတ်လွှင့်ပြသသည်။

ဆန္ဒပြသူအချို့သည်   စတားဘတ်နှင့် မက်ဆင်စားသောက်ဆိုင် အပါအ၀င် မက်ဆင်စားသောက်ကုန် လုပ်ငန်းစုနှင့် ဆက်စပ်နေသည့် ရှင်းတင်မြို့ရှိ ဈေးဆိုင်များစွာကို ဖျက်ဆီးကြောင်း သိရသည်။

အဆိုပါလုပ်ငန်းစု ဥက္ကဋ္ဌ၏သမီး အန်နီဝူက တရုတ်ကို ထောက်ခံသည့် မှတ်ချက်ပြု စကားပြောဆိုပြီးနောက် ဆန္ဒပြသူများက ယခုကဲ့သို့ အကြမ်းဖက် ဆန္ဒပြခြင်းဖြစ်သည်။  

 Ref: The  Straits  Times

Page 1 of 1905