SJ WorldNews - шаблон joomla Авто
ကေတု

ကေတု

မိတ္ထီလာ   အောက်တိုဘာ   ၂၂

မန္တလေးတိုင်းဒေသကြီး    မိတ္ထီလာမြို့ ဝန်ဇင်း ၂ မင်္ဂလာဦးရပ် မင်္ဂလာရာမဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတိုက်အတွင်း ဉာဏ်တော် ၅ ပေရှိ မဟာသန္တိသုခလာဘ မုနိရုပ်ပွားတော်မြတ်ကြီးနှင့် ဂန္ဓကုဋိတိုက် တည်ထားကိုးကွယ်ရန် တည်ဆောက်လျက် ရှိကြောင်း သိရသည်။

ရန်ကုန်  အောက်တိုဘာ ၂၂       

ဆင်မကြီးမိုမို၏ ၆၄ နှစ်ပြည့်မွေးနေ့ကို ယနေ့တွင်   တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၌ ဘုန်းကြီးငါးပါး ဆွမ်းကပ် လှူဒါန်း၍ ကျင်းပကြောင်း သိရသည်။

ရန်ကုန်  အောက်တိုဘာ ၂၂

မီးလောင်ပြီး နှစ်နှစ်ကျော်ကြာသည်အထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသော    တောင်ငူမြို့မဈေးသစ်ကြီးကိုပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း   တောင်ငူ အဆင့်မြင့် မြို့မဈေးသစ်ကြီး တည်ဆောက်ရေး ကော်မတီ ဥက္ကဋ္ဌ   ဦးကြည်သိန်းထံမှသိရသည်။

ရန်ကုန် အောက်တိုဘာ ၂၂

နေကြာဆီဖြင့်ကြော်ထားသည့် ဆီကြေးနံ့မနံသော ကြယ်ပဲကြော် ဈေးကွက်သစ်  ခိုင်မာစေရန်   ဆောင်ရွက်လျက်ရှိကြောင်း  မန္တလေးတိုင်းဒေသကြီး  ကြယ်ပဲစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ   အစုအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မျိုးနိုင်ထံမှ သိရသည်။

ရန်ကုန် အောက်တိုဘာ ၂၂

မြန်မာ့ပင်လယ်ပြင် ရေပိုင်နက်အတွင်းရှိ   အမျိုးအစားစုံလင်သော  ရေနေသတ္တဝါများကို ထိန်းသိမ်းစောင့်ရှောက်ရေး အစီအစဉ်သစ် တစ်ရပ်အား   မြန်မာနိုင်ငံအစိုးရနှင့်   နိုင်ငံတကာ အဖွဲ့အစည်းများ     ပူးပေါင်းဆောင်ရွက်ရန် အစီအစဉ် ရေးဆွဲထားပြီး ဖြစ်ကြောင်း WCS အဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မြန်မာ့ရိုးရာစားစရာများထဲတွင်   မုန့်လက်ကောက်၊ မုန့်ဆီကြော်၊  မုန့်လုံးကြီး စသည်တို့ကို လူကြိုက်များသကဲ့သို့ မုန့်ကြိုးလိမ်သည်လည်း  လူကြိုက်များသည့်အတွက် မြန်မာမုန့်ပဲ သရေစာများနှင့်အတူ ရောင်းချနေသည်ကို တွေ့မြင်ရလေ့ရှိသည်။ 

 ပဲခူး  အောက်တိုဘာ   ၂၂

ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံစက်ဘီး အဖွဲ့ချုပ်တို့ပူးပေါင်းပြီး ယနေ့ နံနက် ၆ နာရီတွင် ပဲခူးတိုင်းဒေသကြီး ၂ဝ၁၇ ခုနှစ် အခြေခံပညာကျောင်းပေါင်းစုံ အသက် ၁၈ နှစ်အောက် အမျိုးသား၊ အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲ ကျင်းပသည်။

ညောင်ဦး  အောက်တိုဘာ   ၂၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ၍ အသက်မွေးဝမ်းကျောင်း ပြုသည့် မြို့နယ်ဖြစ်ပြီး နှစ်စဉ်မိုးသီးနှံဖြစ်သော နှမ်းလျဉ်၊ မြေပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံနှင့် ခြောက်လမြေပဲ၊ သုံးလမြေပဲ စသည်တို့ကို စိုက်ပျိုးကြသည်။

ပင်းတယ  အောက်တိုဘာ   ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပင်းတယမြို့နယ် တောင် တန်းကျေးရွာမှ အဓိကစိုက်ပျိုးသော ဒေသထွက် ဆောင်းရာသီ၏ နှင်းတက်လက်ဖက် ရွက်နုများကို အောက်တိုဘာ လဆန်းပိုင်းက စတင်ခူးဆွတ်နေပြီဖြစ်ကြောင်း သိရသည်။

ကန်ကြီးထောင့် အောက်တိုဘာ  ၂၂

ဧရာဝတီတိုင်းဒေသကြီး   ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ ဦးဆောင်၍ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ စားသုံးသူ ပြည်သူများအတွက် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးနှင့် ဈေးကွက်စောင့်ကြည့် လေ့လာရေးအရ  ယနေ့နံနက်ပိုင်းတွင် မြင်းကဆိပ်ကျေးရွာရှိ မြင်းကဆိပ်ဈေးသို့ သွားရောက် စစ်ဆေးကြကြောင်း သိရသည်။

Page 1904 of 2052