SJ WorldNews - шаблон joomla Авто
ကေတု

ကေတု

မြိတ်  အောက်တိုဘာ   ၂၂

အသက် ၂၂ နှစ်အောက် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူးဖလား အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးအပ်ပွဲကို ယမန်နေ့ ညနေ ၄ နာရီက မြိတ်ခရိုင်အားကစားခန်းမ၌ ကျင်းပသည်။

 ရန်ကုန် အောက်တိုဘာ ၂၂

Water Bus တွင် အများပြည်သူရုံးပိတ်ရက်များ၌ ပုံမှန်စီးနင်းမှုထက် နှစ်ဆခန့်ပိုမို များပြားကြောင်း   တင့်တင့်မြန်မာ ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ရန်ကုန် အောက်တိုဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ Grand Hantha International Hospital ၌ အကြောအဆစ်ရောဂါနှင့် ကိုယ်အင်္ဂါ ပြန်လည် သန်စွမ်းရေး  ကုသမှုစင်တာကို ယမန်နေ့က ဖွင့်လှစ်ခဲ့ရာ လေဖြတ်လူနာများနှင့် တခြားနောက်ဆက်တွဲ မသန်စွမ်းလူနာများကို ဆေးဝါးကုသမှုအကူအညီမပါ ဆွစ်ဇာလန်နိုင်ငံ၏ အဆင့်မြင့်ကုသရေး စက်ကြီးများဖြင့် ကုသပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန် အောက်တိုဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၌ တည်ဆောက်နေသော ကျန်စစ် မင်းတန်ဖိုးနည်းအိမ်ရာ အပိုင်း (၁) ရှိ တန်ဖိုးနည်းတိုက်ခန်းများ   တည်ဆောက်မှုမှာ ပြီးစီးနေပြီဖြစ်၍  အခန်းလိုအပ်ချက်ရှိသော    ပြည်သူများအား  နိုဝင်ဘာလတွင် အခန်း တစ်ထောင်ကျော်   ရောင်းချပေးမည်ဖြစ် ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန  မြို့ပြ      နှင့် အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲမှ     ဒုတိယညွှန်ကြားရေးမှူး   ဦးဝင်းနိုင်ထံမှ   သိရသည်။

 ရန်ကုန် အောက်တိုဘာ ၂၂

၂ဝ၁၇ -၂ဝ၁၈    ဘဏ္ဍာနှစ်အတွင်း စက်တင်ဘာလအထိ ရန်ကုန်တိုင်းဒေသကြီး ၌ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အများဆုံး ခွင့်ပြုပေးခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ သိရသည်။   

 ရန်ကုန် အောက်တိုဘာ ၂၂

ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများတွင် ယာဉ်မောင်း လုပ်ကိုင်ရန် ယာဉ်မောင်းသင်တန်း လျှောက်ထားသော အမျိုးသမီး ၅ဝ ရာခိုင်နှုန်းသည် ကျွမ်းကျင် ယာဉ်မောင်းများဖြစ်နေပြီး ယခုလနောက်ဆုံးပတ်မှစ၍ အလုပ်ခန့်နိုင်ရန်     စီစဉ် ထားကြောင်း Power   Eleven  ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ  ကိုတရုတ်လေး၏ ပြောကြားချက်အရ သိရသည်။

အခါလွန်မိုး အချိုးမကျသည့်ပမာ အောက်တိုဘာလလယ်ပိုင်း၌ ရွာသွန်းလိုက်သည်မှာ အညာတစ်ခွင် ရေပြင်ဖွေးဖွေး လှိုင်းဖွေးဖွေး ထနေတော့သည်။

ဖျာပုံ အောက်တိုဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၏ ၂ဝ၁၆-၂ဝ၁၇ ခုနှစ် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက် ၁ဝ နာရီခွဲတွင် ဖျာပုံမြို့သီရိအဏ္ဏဝါ ခန်းမ၌ ကျင်းပသည်။

မုံရွာ  အောက်တိုဘာ  ၁၉

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ကိုယ်ပိုင်မြေမရှိ၍ မြေငှားရမ်း စိုက်ပျိုးလုပ်ကိုင်နေ သည့်ကျေးလက်နေပြည်သူများကို ၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း မြေလွတ်မြေရိုင်း ဧက ၁ဝ၈ဝ  ဖော်ထုတ်ပေးအပ်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး စက်မှုလယ်ယာ ဦးစီးဌာနမှသိရသည်။       

နေပြည်တော်  အောက်တိုဘာ ၁၉

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ် သာယာဝှမ်းကျေးရွာ အုတ်တွင်းဒေသသို့ နေပြည်တော်ကောင်စီ  ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင် (ငှက်ဖျား)

Page 1905 of 2052