SJ WorldNews - шаблон joomla Авто
ကေတု

ကေတု

နေပြည်တော်   သြဂုတ်  ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြည်နယ် စစ်မှုထမ်းဟောင်းအဖွဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင်များအား သြဂုတ် ၁၈ ရက် နံနက် ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းမင်းထွန်းနှင့် အဖွဲ့ဝင်များက အေးသာယာမြို့ရှိ ပြည်နယ် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ရုံး ခန်းမ၌ သွားရောက် တွေ့ဆုံသည်။

နေပြည်တော်   သြဂုတ်  ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ တာပုံစစ်မှုထမ်းဟောင်း အိမ်ရာနေ စစ်မှု ထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုများ အား ယနေ့နံနက်ပိုင်းတွင် အရှေ့မြောက် တိုင်းစစ်ဌာနချုပ်  တိုင်းမှူး  ဗိုလ်မှူးချုပ် ခင်လှိုင်နှင့် အဖွဲ့ဝင်များက အဆိုပါ အိမ်ရာ၌ သွားရောက် တွေ့ဆုံသည်။

နေပြည်တော်   သြဂုတ်   ၁၉

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၇ ခုနှစ်၊ တိုင်းမှူးဒိုင်း ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို သြဂုတ် ၁၈ ရက် မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ ပြုလုပ်သည်။

နေပြည်တော်  သြဂုတ်  ၁၉

၂ဝ၁၇ ခုနှစ်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) တံခွန်စိုက်ဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို သြဂုတ် ၁၈ ရက် ညနေပိုင်းတွင် ဒလတပ်နယ်ရှိ သီဟသူရထွန်းတင် ခန်းမ၌ ပြုလုပ်ရာ   ကာကွယ်ရေးဦးစီးချုပ်(ရေ) ကိုယ်စား  တပ်နယ်မှ  ဗိုလ်မှူးချုပ်နေဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

ရန်ကုန်    သြဂုတ်    ၁၉

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး မော်တော်ပေါ်၌ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ပြခန်းကိုသြဂုတ် ၂ဝ မှစတင်၍ ဖွင့်လှစ်မည်ဖြစ်သည့် အတွက် မည်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

 ရန်ကုန်  သြဂုတ်  ၁၉

ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်မည့် ကော်ဖီမျိုးကောင်းများ  ထွက်ရှိရေးအတွက် မြန်မာနိုင်ငံ ဒေသအသီးသီးတွင် သက်ဆိုင်ရာ ဒေသနှင့်ကိုက်ညီမည့်    ကော်ဖီမျိုးများ စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက Nestle ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်နေ‌ကြောင်း အဆိုပါဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

နေပြည်တော်   သြဂုတ်  ၁၉

မန္တလေးတိုင်းဒေသကြီး၊  မန္တလေးမြို့၊ မြောက်ဘက်နန်းမြို့ရိုး တစ်လျှောက် သန့်ရှင်းသာယာ လှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ မန္တလေးတပ်နယ်မှ တပ်မတော်သားများက

Page 1909 of 1944