SJ WorldNews - шаблон joomla Авто
ကေတု

ကေတု

နေပြည်တော်  အောက်တိုဘာ ၁၉

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ် သာယာဝှမ်းကျေးရွာ အုတ်တွင်းဒေသသို့ နေပြည်တော်ကောင်စီ  ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင် (ငှက်ဖျား)

မကွေး အောက်တိုဘာ ၁၉

မကွေးတိုင်းဒေသကြီး  မကွေးမြို့နယ် ပေပင်စမ်းကျေးရွာအုပ်စု စိုင်ကျကျေးရွာ၌ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ရေစက်ရုံနှင့် အမြင့်ပေ ၂ဝ၊ ဂါလန် ၂၄ဝဝ ဆံ့ရေစင်ကို  တည်ဆောက်လျက် ရှိကြောင်း သိရသည်။

ကျောက်ပန်းတောင်း အောက်တိုဘာ ၁၉

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည်တွင် ယခုရက်များအတွင်း မိုးရေဝင်ရောက်မှု ကောင်းသဖြင့် လာမည့်နွေရာသီ ကာလ နွေစပါးနှင့် အခြားစိုက်ပျိုးသီးနှံများ အတွက် ဆည်ရေလုံလောက်စွာ ဖြန့်ဝေပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

သာစည်  အောက်တိုဘာ ၁၉

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကြက်မောက်ကျေးရွာအုပ်စု ဇင်းတောကျေးရွာ ကြက်မောက်-ဇင်းတော လမ်းပိုင်းပေါ်ရှိ အလျားပေ ၆ဝ၊ အနံ ၆ ပေ၊ အမြင့် ၁၅ ပေရှိ ယာယီသစ်သားတံတားမှာ   ယမန်နေ့က မိုးရွာသွန်းမှုကြောင့် ရေကြီးခြင်းနှင့် မိတ္ထီလာကန်မှ   ပိုလျှံရေများခြင်းတို့ကြောင့်  တံတားတိုင်များ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

မန္တလေး  အောက်တိုဘာ ၁၉

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံ မြို့နယ် သီရိဟေမာ အနောက်ရပ်ကွက်ရှိ သမိုင်းဝင် ချမ်းသာရ ဆုတောင်းပြည့်ဘုရား၌ တတိယအကြိမ် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ဆက်ကပ် လှူဒါန်းပွဲကို ယမန်နေ့ နံနက်၈ နာရီက ကျင်းပသည်။

ပေကျင်း  အောက်တိုဘာ ၁၉

တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ရောက်ရှိနေသော မြန်မာမီဒီယာအဖွဲ့သည် ယနေ့နံနက် ပိုင်းတွင် ပေကျင်းမြို့ မီဒီယာစင်တာ၌ ကျင်းပသည့် တရုတ်ကွန်မြူနစ်ပါတီ၏ (၁၉)ကြိမ် မြောက်ညီလာခံနှင့်ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ကြသည်။

 ရန်ကုန် အောက်တိုဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး ဧရိယာအတွင်းရှိ ဒီရေတောမှသည် မုတ္တမကမ်းရိုးတန်း တစ်လျှောက် ဒီရေတောဧက တစ်သောင်းကို ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း    ရန်ကုန်တိုင်းဒေသကြီး သစ်တော ဦးစီးဌာနမှ သိရသည်။

ရန်ကုန်  အောက်တိုဘာ  ၁၉

အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုများ  ပိုမိုလုပ်ဆောင်နိုင်ရန် ဗီယက်နမ်နိုင်ငံနှင့် မြန်မာနိုင်ငံ   အိမ်ခြံမြေဝန်ဆောင်မှု အသင်းတို့ ယနေ့တွင် ဗီယက်နမ်နိုင်ငံ  ဟနွိုင်းမြို့၌ အိမ်ခြံမြေဆိုင်ရာ နှစ်နိုင်ငံ နားလည်မှုဆိုင်ရာ  MoU လက်မှတ်ရေးထိုးခဲ့ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်း အထွေထွေအတွင်းရေးမှူး   ဒေါ်မို့မို့အောင်ထံမှ သိရသည်။

မကြာမီ နယ်လှည့်ပြည်သူ့ ဆက်ဆံရေး တပ်ခွဲများသည် သတ်မှတ်ထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသများသို့ ဖျော်ဖြေရေးခရီးစဉ် ထွက်ခွာကြတော့မည်ဖြစ်သည်။

Page 1912 of 2058