SJ WorldNews - шаблон joomla Авто
ကေတု

ကေတု

တာချီလိတ် စက်တင်ဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် ပါလျှံ(၂)တွင် ယမန်နေ့ ည ၉ နာရီခွဲက  ဖယောင်းတိုင်မီးမှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်ကာ   အမျိုးသမီး တစ်ဦး သေဆုံးမှုဖြစ်ပွားကြောင်း သိရသည်။

ရန်ကုန် စက်တင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး    လှိုင်သာယာမြို့နယ် ရှမ်းကျောင်းကျေးရွာ၌ ယမန်နေ့  မွန်းလွဲ ၁၂ နာရီ မိနစ် ၄ဝ က  အမျိုးသမီးတစ်ဦး ငွေကျပ် တစ်သောင်းတန် ငွေစက္ကူ အတုများဖြင့် ဈေးလိုက်လံ ဝယ်ယူနေကြောင်း သတင်းအရ သွားရောက်ဖမ်းဆီးရာမှ ကွင်းဆက် တရားခံများကိုပါ ဖမ်းဆီးရမိကြောင်း သိရသည်။

ဝက်လက် စက်တင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် ဘုရားပြန်ကျေးရွာအနီး ရွှေဘို-မန္တလေးကား လမ်း၌ ယမန်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်က ဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး တွင် ရပ်ထားသည့် ခြောက်ဘီးယာဉ်ကို ဝင်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ သေဆုံး မှုဖြစ်ပွားကြောင်း သိရသည်။

မော်လမြိုင် စက်တင်ဘာ ၂၉

မွန်ပြည်နယ်  မော်လမြိုင်မြို့  ဘိုကုန်းရပ်ကွက်   ကမ်းနားလမ်းနှင့် ရာမညလမ်းထောင့်၌   ယမန်နေ့ ည ၈ နာရီခွဲက မော်တော်ယာဉ်နှင့် ဆိုင်ကယ်တိုက်မိမှု ဖြစ်ပွားပြီး   မော်တော်ယာဉ်မောင်း  ထွက်ပြေးတိမ်းရှောင် သွားကြောင်း သိရသည်။

ဗန်းမော် စက်တင်ဘာ ၂၉

ကချင်ပြည်နယ် ဗန်းမော်မြို့ အရှေ့သာစည်ရပ်ကွက် ဘုရားရှိခိုးကျောင်း အနီး၌  ယမန်နေ့ ညနေ ၆ နာရီက ဆိုင်ကယ်စီးနင်းလာသူထံမှ စိတ်ကြွဆေးပြား သိမ်းဆည်းရမိကြောင်း သိရသည်။

ပုလဲ စက်တင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် စီမံခန့်ခွဲမှု ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်သစ်တော ဦးစီးဌာနနှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ သစ်များတရားမဝင် ခိုးယူခြင်း၊

တောင်ငူ       စက်တင်ဘာ     ၂၉

ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာ တက္ကသိုလ်(တောင်ငူ) ကျောင်းသားများ၏ တီထွင်မှု စွမ်းရည်ပြပွဲကို တောင်ငူမြို့ ခပေါင်းခန်းမ၌ အောက်တိုဘာ ၃ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်       စက်တင်ဘာ     ၂၉

၂ဝ၁၇ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံး/ထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ (ပထမနေ့)ကို ယနေ့ညနေပိုင်းတွင် တောင်ကြီးကွင်း၌ ကျင်းပရာ ရှမ်းယူနိုက်တက်နှင့် ဧရာဝတီအသင်း တစ်ဂိုးစီသရေကျခဲ့သည်။

Page 1944 of 2056