SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107
JUser: :_load: Unable to load user with ID: 106
JUser: :_load: Unable to load user with ID: 105
ကျန်းမာရေးဆောင်းပါး

ကျန်းမာရေးဆောင်းပါး (480)

ဟင်းသီးဟင်းရွက်များ ဆီ သို့မဟုတ် ရေမှာပျော်ဝင်တဲ့ အင်တီအောက်ဆီဒင့် ဓာတ်တိုးဆန့်ကျင် ပစ္စည်းပါဝင်တယ်။ ဓာတ်တိုးဆန့်ကျင် ပစ္စည်းဆိုတာ ဆီနဲ့တွဲနေမှပဲ ခန္ဓာကိုယ်က ကောင်းကောင်းဆုပ်ယူ အသုံးချနိုင်တယ်။ ရေမှာပျော်ဝင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းဆိုတာ ရေမှာအလွယ်တကူပဲ ပျော်ဝင်နိုင်တဲ့သတ္တိရှိတယ်။ ယင်းဓာတ်တိုး ဆန့်ကျင် ပစ္စည်းပါတဲ့ အသီးအရွက်တွေ လှီးပြီးမှရေဆေးရင် ရေမှာပျော်ဝင်ပျောက်ပျက် သွားနိုင်တယ်။ သိပ္ပံပညာရှင် ဒေါက်တာ ဘရက်ဒီဘိုလင်းရဲ့ ''စူပါဖြည့်စွက်ခြင်း''က အစာတွေ ကျန်းမာရေး အကျိုးအမြတ်အများဆုံး ရရှိစေတဲ့ နည်းလမ်းတွေဖြစ်ပါတော့တယ်။

ပြီးခဲ့တဲ့လက သတင်းတစ်ခုမှာ ဘိန်းနှင့် ဘိန်းအနွယ်ဝင် မူးယစ်ဆေးဝါး သုံးစွဲမှုများဟာ စိုးရိမ်ဖွယ် အနေအထား ဖြစ်နေတယ်ဆိုတဲ့ ဆောင်းပါးတစ်ခု ဖတ်ရပါတယ်။ အမေရိကန်နိုင်ငံမှာ မူးယစ်ဆေးသုံးစွဲမှုကြောင့် သေဆုံးခြင်းဟာ ၂ဝ၁၆ ခုနှစ်မှာ လူပေါင်း ခြောက်သောင်းခွဲခန့်ရှိတယ်လို့ ပြောပါတယ်။

နှလုံးရောဂါဟာ လူကိုကူးစက်နိုင်တဲ့ ရောဂါဖြစ်ပြီး အနေအထိုင်၊ အစားအသောက် ဆင်ခြင်မှု မရှိခြင်း၊ စိတ်ဖိစီးမှု များခြင်း၊ ဆေးလိပ်၊ အရက်အလွန်အကျွံ သောက်သုံးခြင်း စတဲ့အချက်တွေက ရောဂါဖြစ်ပွားတဲ့နှုန်း များပြားလာတယ်။ နှလုံးဟာ ခန္ဓာကိုယ်အတွက် အဓိက မောင်းနှင်ပေးတဲ့ အင်ဂျင်ဖြစ်ပြီး စနစ်တကျ ဂရုစိုက်မှုမရှိရင် စွမ်းဆောင်ရည်ကျဆင်းကာ မလိုလားအပ်ဘဲ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားကြရလိမ့်မယ်။ နှလုံးရောဂါဖြစ်ပွားခြင်းမှ ကြိုတင်ရှောင်ရှားနိုင်မယ့် ကာကွယ်ရေးနည်း ၇ ချက်ရှိပါတယ်။

ကင်ဆာဆရာဝန် တစ်ဦးအဖြစ် သက်တမ်းကြာလာတော့ ကိုယ်မကယ်တင်နိုင်လိုက်သည့် လူနာတွေကို စိတ်ထဲမှတ် မှတ်ရရပိုပြီးရှိ နေမိတတ်ကြောင်း  ကျွန်တော်ကိုယ့်ကိုယ်ကိုယ် သတိပြုမိသည်။ အထူးသဖြင့် ပျောက်နိုင်ခြေရှိသည့် ကင်ဆာလူနာတွေ ဆေးကုသမှုကို စနစ်တကျမခံယူဘဲ တစ်ချိန်မှာ ရောဂါကြီးကြီးမားမားဖြင့် ကိုယ့်ဆီပြန် ရောက်လာ သည့်အခါမျိုးဆို ပိုပြီးအမှတ်တရ ရှိနေမိတတ်သည်။

ဆေးပညာအခေါ်အဝေါ် စီပီ(CP-Cerebral Palsy) ရောဂါစုမှာ ဦးနှောက်အစိတ်အပိုင်း အချို့ကို ထိခိုက်မိလို့ကြွက်သားတွေ အားနည်းခြင်း သို့မဟုတ် ပိုမိုတောင့်တင်းခြင်း၊ ကြွက်သားများကို အသုံးပြုရာမှာ ခက်ခဲခြင်းစတာတွေကို ဆိုလိုပါတယ်။ တစ်ကိုယ်လုံးမှာရှိတဲ့ ကြွက်သားတွေရဲ့လှုပ်ရှားမှုကို ဦးနှောက်ရဲ့အချို့အစိတ်အပိုင်းတွေက ထိန်းချုပ်ထားပါတယ်။

Page 34 of 35