SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

အကြွေးများ ကျေအောင်ဆပ်ခြင်းက စိုးရိမ်ကြောင့်ကြ ကင်းပြီး ဆုံးဖြတ်ချက် ကောင်းများ ချနိုင်

Tuesday, 02 April 2019 10:17 Written by  font size decrease font size decrease font size increase font size increase font size

အကြွေးများကို ကျေအောင် ဆပ်ခြင်းက ဦးနှောက်၏ စွမ်းဆောင်ရည်များကို ပိုမိုတိုးတက်စေနိုင်ပြီး စိုးရိမ်ကြောင့် ကြကင်းကာ ဆုံးဖြတ်ချက် ကောင်းများကို ချမှတ်နိုင်စွမ်း ရှိကြောင်း သုတေသန လေ့လာမှု တစ်ခုက တွေ့ရှိထားသည်။

သုတေသနပညာရှင် များသည် ဝင်ငွေနည်းသူအယောက် ၂ဝဝ ၏ တင်ရှိနေသော အကြွေးများ မဆပ်ရသေးသည့် အချိန်နှင့် အကြွေးများကို တစ်စိတ်တစ်ပိုင်း ကျေအောင် ဆပ်ပြီးသည့် အချိန်များတွင် ဖြစ်ပေါ်သော ဆုံးဖြတ်ချက် ချမှတ်နိုင်သည့် အရည်အချင်းများနှင့် စိုးရိမ်ကြောင့်ကြမှု တို့ကို လေ့လာမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ လေ့လာမှုလုပ်ရာတွင် အကြွေးများကို ကျေအောင် ဆပ်ပြီးသူများသည် နောက်ပိုင်းတွင် အခြားသောအရာများ ထက်စာလျှင် ၎င်းတို့၏ ဆုံးဖြတ်ချက် ချမှတ်နိုင်မှုစွမ်းရည်များ တိုးတက်လာသည်ကို တွေ့ရှိရသည်။

အဆိုပါ သုတေသနကို စင်ကာပူ အမျိုးသားတက္ကသိုလ်ရှိ လူမှုဝန်ဆောင်မှု သုတေသန ဌာနက ပြုလုပ်ခြင်း ဖြစ်သည်။ ထိုသုတေသနတွင် ပါဝင်သူများသည် အနည်းဆုံး စင်ကာပူ ဒေါ်လာ ၅ဝဝဝ သို့မဟုတ် မိသားစုဝင်ငွေ၏ သုံးလစာအထိ အကြွေးတင်နေသူများ ဖြစ်သည်။

ယင်းကဲ့သို့ အကြွေးနွံတွင် နစ်နေသူများကို စင်ကာပူနိုင်ငံ အခြေစိုက် လူမှုရေးအသင်း အဖွဲ့တစ်ခုက ကူညီပြီး အကြွေးဆပ်ပေးခဲ့သည်။ အကြွေးဆပ်ပေးရာတွင် မတူညီသော အကြွေးပမာဏများ ရှိသူများအား တူညီသော ငွေကြေးများ ထောက်ပံ့ပေးခြင်း ဖြစ်သည်။

ထိုသူများသည် အကြောင်းအမျိုးမျိုးဖြင့် အကြွေးကျေသွားသည့်အခါ ၎င်းတို့၏ ဆုံးဖြတ်ချက် ချမှတ်နိုင်သည့် စွမ်းရည်မှ မှားယွင်းမှု ရာခိုင်နှုန်းသည် ၁၇ ရာခိုင်နှုန်းက ၄ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်။ စိုးရိမ်ကြောင့်ကြမှုမှာလည်း ၇၈ ရာခိုင်နှုန်းမှ ၅၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်။

အကြွေးတင်နေသူများသည် အကြွေးများကို ကျေအောင် ဆပ်ပြီးသည့် ခဏမှာပင် သို့မဟုတ် များပြားလှစွာသော လူများထံ ပေးရမည့် အကြွေးများကို တစ်ဦးတည်းထံသို့သာ ပေးရတော့မည့် အချိန်မှာပင် စိုးရိမ်ကြောင့်ကြမှုနှင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို သိသိသာသာ လျှော့ချနိုင်ကြောင်း တွေ့ရှိရသည်။

တကယ်တမ်းတော့ အကြွေးယူခြင်းက စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေပြီး ထိုစိတ်ဖိစီးမှုများကြောင့်ပင် လုပ်ငန်းများတွင် ဆုံးဖြတ်ချက်ချရာ၌ အဆင်မပြေဖြစ်ကာ စီးပွားရေး ကျဆင်းရသည်။ စီးပွားရေး ကျဆင်းသည့်အတွက် ငွေကြေးမပြေလည် သောကြောင့် အကြွေးနွံထဲတွင် ထပ်နစ်ရသည်။ အကြွေးယူ မိသူက ဒီလိုနှင့်ပင် သံသရာလည်နေရသည်။

ထိုကဲ့သို့ သံသရာလည်ခြင်းကို ကျော်လွှားနိုင်ပြီး အကြွေးများကို ကျေအောင် ဆပ်လိုက်နိုင်သည့် အခါတွင်တော့ စိတ်ခံစားချက်မှာလည်း ရှင်းလင်းသွားကာ အခြားသော လုပ်ငန်းများ ဆောင်ရွက်ရာတွင် မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်လာနိုင်မည် ဖြစ်ပြီး အောင်မြင်မှု ရရှိလာမည် ဖြစ်ပေသည်။

ထက်မြတ်

Ref: Mail Online

Read 124 times
Rate this item
(0 votes)
Last modified on Tuesday, 02 April 2019 10:18

Latest from