SJ WorldNews - шаблон joomla Авто

ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုအတွက် စိစစ်အကဲဖြတ်ရေး အဖွဲ့ စတင်ဖွဲ့စည်း

Wednesday, 03 January 2018 10:53 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇန်နဝါရီ 

၂ဝ၁၇ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲအတွက်  ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့ စတင်ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် သရုပ်ဆောင် အကယ်ဒမီဝါဝါ ဝင်းရွှေက ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့တွင် ဒါရိုက်တာအလွှာ၊ ရုပ်ရှင်ထုတ်လုပ်သူ အလွှာ၊   ဇာတ်ညွှန်းအလွှာ၊ အဓိက သရုပ်ဆောင်အလွှာ၊   တည်းဖြတ် မှတ်တမ်းအလွှာ၊ ဇာတ်ပို့ဇာတ်ရံအလွှာ၊ ဗီဒီယိုအလွှာ၊ စက်မှုလက်မှုအလွှာ၊ ရုပ်ရှင်ပြဇာတ်နှင့် တေးဂီတအလွှာနှင့် အုပ်ချုပ်ဖြန့်ချိအလွှာတို့မှ အနုပညာရှင်၊ အတတ်ပညာရှင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အကယ်ဒမီစိစစ် အကဲဖြတ်ရေးအဖွဲ့အနေ ဖြင့် ဇန်နဝါရီ ၈ ရက်မှစ၍  ဇာတ်ကားများ ကြည့်ရှုမည်ဖြစ်သည်။

၂ဝ၁၇ ခုနှစ်အတွက် အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကားများမှာ နေဝင်အိပ်တန်းတက်၊ ကြိုးဖြင့်ချည်ထားသော ဗာရာဏသီ၊ ခေါက်ထီးလေး မလုံ့တလုံ၊ အရွယ်သုံးပါး ချစ်တတ်သည်၊ ဘုန်းကညာနှစ်ပါး၊ ည၊ ရာဇဝင်ရိုင်းသူများ၊ အမည်ပေါက်နှင့် ကျူး၊ တောကျီးကန်း၊ ဆိုင်းကြိုက်တဲ့မောင်၊ ပွဲခံမယ်၊ နေခြည်မှာ ရွှေရည်လောင်း၊ ရင်ဘတ်ထဲကဓား၊ တာတေကြီး၊ ငါကဗိုလ် အောင်ဒင်၊ ထာဝရအမေ၊ တိမ်ပြာသောနေ့၊ ဒီမိုရပ်ကွက်နှင့်  ကြီးမြတ်သောမြန်မာအပါ အဝင် ရုပ်ရှင်ဇာတ်ကားပေါင်း ၅၃ ကား ရှိကြောင်း သိရသည်။ မြန်မာ့ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲကို ၂ဝ၁၈ ခုနှစ် မတ်လအတွင်း ကျင်းပမည်ဖြစ်ပြီး  နေရာကို အတည်မပြုရသေးကြောင်း သိရသည်။          

Read 334 times Last modified on Wednesday, 03 January 2018 10:54