SJ WorldNews - шаблон joomla Авто

CITY FM ရေဒီယို (၁၆) နှစ်ပြည့် နှစ်ပတ်လည် အနုပညာ ဖျော်ဖြေရေး အစီအစဉ် တိုက်ရိုက် ထုတ်လွှင့်ပြသမည်

Wednesday, 10 January 2018 09:28 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇန်နဝါရီ 

CITY FM ရေဒီယို၏ (၁၆) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ဇန်နဝါရီ ၁၄ ရက်တွင် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC  ခန်းမ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

''ဒီနှစ်အတွက် တေးရေးဦးမင်းချစ်သူက အနုပညာ အကြံပေးအဖြစ် တာဝန်ယူပြီး အကောင်းဆုံးဖျော်ဖြေမှုတွေကို ပုံဖော်မှာပါ။ ဒီနှစ်မှာ တေးသံရှင်တွေရဲ့ သီဆို ဖျော်ဖြေမှုတွေကို 5 Plus ရုပ်သံလိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်ပြသမှာပါ'' ဟု CITY FM ရေဒီယိုမှ အထွေထွေမန်နေဂျာ ဦးရဲနိုင်စိုး ကပြောသည်။

အခမ်းအနားတွင် တေးသံရှင်  ဖြူဖြူ ကျော်သိန်း၊ ထူးအယ်လင်း၊ နီနီခင်ဇော်၊ ရတနာမိုင်၊ မိစန္ဒီ၊ G- Fatt၊ ထွန်းရတီ၊ နေမင်းအိမ်၊ ဆန်းသစ်လ၊ အောင်ထက်၊ ဝေလ၊  ဖြိုးပြည့်စုံ၊   ဇွဲပြည့်၊   Jewel ၊ မိုးသောက်နှင့် အနုပညာရှင်များက တစ်ကိုယ်တော်နှင့် စုံတွဲတေးသီချင်းများ သီဆိုဖျော်ဖြေ မည်ဖြစ်သည်။

ထို့ပြင်   Music   Award ဆုအဖြစ် တစ်နှစ်ပတ်လုံး ရောင်းအား အကောင်းဆုံး၊  တစ်နှစ်ပတ်လုံး   ပရိသတ်တောင်းဆိုမှု အခံရဆုံးဖြစ်သော   တေးဂီတပညာရှင်၊  တေးဆို၊  တေးထုတ်လုပ်သူ၊  အမျိုးသမီး တေးသံရှင်နှင့်     အမျိုးသား တေးသံရှင် အပါအဝင် ဆုအမျိုးအစားပေါင်း ရှစ်ဆု အတွက် CITY FM ရုပ်တုဆုနှင့်  ရွှေပြားဆုများ   ပေးအပ်ချီးမြှင့်မည် ဖြစ်ကြောင်း  သိရသည်။          

Read 93 times Last modified on Wednesday, 10 January 2018 09:29