SJ WorldNews - шаблон joomla Авто

မျိုးဆက်သစ် အလှမောင်မယ်များ ရွေးချယ်နိုင်ရန် City Miss ၂၅ ဦးအား ကိုယ်စားလှယ်များ အဖြစ် ခန့်အပ်

Friday, 12 January 2018 10:45 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇန်နဝါရီ ၁၁

ပြည်တွင်းရှိ မျိုးဆက်သစ်အလှမောင်မယ်များကို ရွေးချယ်နိုင်ရန် City Miss၂၅ ဦး ကို   ကိုယ်စားလှယ်များအဖြစ်  ခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ရွေးချယ်ရာတွင် Mister & Miss ပြိုင်ပွဲများကို   ပြည်ပနိုင်ငံများသို့  သွား ရောက် ယှဉ်ပြိုင်ခဲ့သည့်  ပြိုင်ပွဲအတွေ့အကြုံရှိ  အလှမောင်မယ်များကို   City   Miss အဖြစ် ရွေးချယ်ပြီး တရားဝင် Crown  နှင့် စလွယ်တို့ကို ပေးအပ်ခြင်းဖြစ်သည်။

''တိုင်းဒေသကြီးနဲ့  ပြည်နယ်က  အလှမယ်တွေ ရွေးချယ်တဲ့အပြင် တချို့ပွဲ မစီစဉ်ဘဲ ရွေးချယ်ခဲ့တဲ့ Super Model တွေကို မိတ်ဆက်ပေးတဲ့ သဘောပါ။ရွေးချယ်ထားတဲ့ ကလေးတွေကို သေသေချာချာ Training  Camp သွင်းပေးထားသလို ဒီအလှမယ်ထဲက Top 5 ကို ရွေးချယ်သွားမှာပါ'' ဟု Super Model မှ Assistant Organizer ကိုဇေနီလေးကပြောသည်။

The  Super  Model  International Myanmar 2018 နောက်ဆုံးဖိုင်နယ်ပြိုင်ပွဲကို ဖေဖော်ဝါရီ  ၂၅ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ပြီး Super Model  Inter-national ပွဲကို အိန္ဒိယနိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Read 204 times Last modified on Friday, 12 January 2018 10:47