SJ WorldNews - шаблон joomla Авто

ကောလိပ်ဂျပိုးနှင့် မျက်နှာပြင်များ (Dimensions) ရုပ်ရှင်ဇာတ်ကား နှစ်ကား ယနေ့တွင် ရုံတင်ပြသ

Saturday, 10 February 2018 15:40 font size decrease font size decrease font size increase font size increase font size

ကောလိပ်ဂျပိုးနှင့် မျက်နှာပြင်များ (Dimensions) ရုပ်ရှင်ဇာတ်ကား နှစ်ကားကို ဖေဖော်ဝါရီ ၉ ရက်မှစ၍  ရုံတင်ပြသ နေကြောင်း သိရသည်။

''ဒီဇာတ်ကားမှာ ကျွန်တော်က ရယ်စရာ မျက်နှာဖြစ်အောင် လုပ်ထားတယ်။  ထီးကောက်တစ်ချောင်း၊ အိတ်တစ်လုံးကိုင်ပြီး အဆောင်လိုက်ရှာရင်း စာမေးပွဲခဏခဏကျတဲ့ နှစ်ကြီးသမား ထင်ကျော် (ကိုခင်လှိုင်) ကိုတွေ့လို့ အဆောင်မေးမြန်းခဲ့ပေမယ့် သူ့ရဲ့ နောက်ပြောင်မှုကြောင့်  အိမ်သာထဲကို ရောက်ခဲ့ ရရင်း နောက်ဆုံးမှာ ကျောင်း သားသစ်ဖြစ်တဲ့ ကျွန်တော်က ကိုထင်ကျော်နဲ့ တစ်ဆောင်တည်း  အတူ နေထိုင်ရတယ်။ ကိုထင်ကျော်ရဲ့ ချောက်တွန်းမှုကို ခဏခဏခံနေရတာပေါ့'' ဟု မြင့်မြတ်က ပြောသည်။

ကောလိပ်ဂျပိုး ဇာတ်ကားသည် ဆရာဇဝန၏ ဝတ္ထုဇာတ်လမ်းဖြစ်ပြီး ဒါရိုက်တာကိုဇော် (အရုဏ်ဦး) က မြင့်မြတ်၊ ဝတ်မှုန်ရွှေရည်၊ ခင်လှိုင်၊ နေနော်၊ ဇော်ဇော်အောင်၊ ငှက်ပျောကြော်နှင့် သရုပ်ဆောင်များစွာကို ထည့်သွင်းရိုက်ကူးထားသည်။ မျက်နှာပြင်များ (Dimensions) ဇာတ်ကားအား Bonaza Production နှင့် Shutter Production တို့ ပူးပေါင်းတင်ဆက်ထားပြီး ခါရာ၊ အဲလစ်အုန်း၊ ဂျာဆိုင်းအိန်၊ မင်းမြတ်စိုးစံ၊ ဦးဝင်းမြိုင်၊ ကောင်းစစ်သွေး၊ ဆုရွှေရည်ထူး၊ သီဟ၊ ဟန်ထူးနိုင်နှင့် ရဲမွန်တို့ ပါဝင် သရုပ်ဆောင်ထား ကြောင်း သိရသည်။

ထို့အတူ မျက်နှာပြင်များ (Dimensions) ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သည့် သရုပ်ဆောင်သစ် ခါရာက  ''ဒီဇာတ်ကားမှာ  သေချာလေး ပြင်ဆင်ထားတာပါ။ အက်ရှင်ကား ဖြစ်တဲ့အတွက် ထိုးကြိတ်တဲ့ အခန်း တွေမှာ ဒဏ်ရာရခဲ့ပါတယ်။  မျက်နှာတွေ ဆိုရင်လည်း တကယ်အထိုး ခံခဲ့ရတယ်။ အကောင်းဆုံး ဖြစ်အောင် အဖွဲ့လိုက် သရုပ်ဆောင် ခဲ့ပါတယ်။ ရုံတင်ဖို့ နောက်ကျပေမယ့် ပရိသတ်တွေ ကြည့်ရှုချိန်မှာ အသစ်လိုဖြစ်ပြီး Update ဖြစ်နေမှာပါ။ ဒီကားထဲမှာ ကျွန်တော်က စရိုက်နှစ်မျိုးနဲ့ပေါ့။ ခပ်အေးအေး ဇာတ်ကောင်အနေနဲ့ လည်းပါတယ်။ ပရိသတ်တွေကို အကောင်းဆုံး ခံစားမှုရသတွေ ရစေမှာပါ'' ဟုပြော သည်။

ရန်ကုန်နှင့်  နေပြည်တော်တို့၌  ဇာတ်အိမ်ကို အခြေတည်ရိုက်ကူးထားပြီး ဇာတ်ကားအတွက် Pre Production ပိုင်းကို ခြောက်လကျော် ကြိုတင်ပြင်ဆင်ခဲ့ပြီး သုံးလကျော်ကြာ ရိုက်ကူးခဲ့ကာ Post Production ပိုင်းကို တစ်နှစ်ကျော်ကြာ အသေးစိတ် ပြင်ဆင်ခဲ့ကြောင်း သိရသည်။                                                             

အမ်အမ်ကေ

 

Read 9 times Last modified on Saturday, 10 February 2018 15:43