SJ WorldNews - шаблон joomla Авто

အနုပညာ လောကကို တစ်ကျော့ပြန် ဝင်ရောက်လာသည့် ဇေယျ

Sunday, 11 February 2018 11:12 font size decrease font size decrease font size increase font size increase font size

MWD Documentary Channel မှ မတ် ၂၃ ရက်တွင် ထုတ်လွှင့်ပြသမည့် ရွှေမင်းသမီးနှင့် လူလိမ်ဇာတ် လမ်းတွဲတွင် ခေါင်းဆောင်မင်းသားအဖြစ် အနုပညာလောကထဲ ပြန်လည် ဝင်ရောက်လာသည့် သရုပ်ေ ဆာင် ဇေယျက ပရိသတ်နှင့် ဝေးကွာခဲ့သောကြောင့် ပရိသတ်ကို အကောင်းဆုံး ပေးဆပ်မည်ဖြစ်ကြောင်း ယခုလို ပြောသည်။ 

''ကျွန်တော် အနုပညာလောကကို တစ်ကျော့ပြန်ဝင်ရောက်လာတဲ့အတွက် ကျွန်တော် ပျက်ကွက်ခဲ့တဲ့ သ ရုပ်ဆောင် အနုပညာပိုင်းအတွက် ပရိသတ်တွေကို ပြန်ပြီးပေးဆပ်မှာပါ။ သရုပ်ဆောင်အလုပ်တွေကိုလည်း အကောင်းဆုံး ပြန်လုပ်ဆောင်သွားမှာပါ။ အခုဇာတ်လမ်းတွဲမှာလည်း အကောင်းဆုံး သရုပ်ဆောင်ထားပါတယ်။ ကျွန်တော် ဒီဇာတ်လမ်းတွဲထဲမှာလည်း လူလိမ်တစ်ယောက်လို အကောင်းဆုံး သရုပ်ဆောင်ထားပေ မယ့် စိုးရိမ်မှုတွေရှိနေပါတယ်။ ဘာလို့လဲဆိုတော့ ဒီကာရိုက်တာမျိုးကို ကျွန်တော့်အနေနဲ့ တစ်ခါမှသရုပ်မ ဆောင်ဖူးဘူး။ ကျွန်တော်ပရိသတ်နဲ့ ဝေးကွာနေတဲ့ အတောအတွင်း ဗီဒီယိုတွေ၊ ရုပ်ရှင်တွေတော့ ရိုက် ကူးမှု မရှိခဲ့ပေမယ့် နယ်ရှိုးတွေမှာ သီချင်းသွားဆိုဖြစ်တယ်။ နောက်ပြီး အစီအစဉ်ကြေညာတာတွေတော့ လုပ်ဖြစ်ပါတယ်'' ဟု ဇေယျကပြောတယ်။

ရွှေမင်းသမီးနှင့်လူလိမ် အချစ်ဟာသ ရုပ်သံဇာတ်လမ်းတွဲကို အမျိုးသမီးဒါရိုက်တာ ချိုဝတ်ရည်က ရိုက်ကူးထားပြီး ဇေယျ၊ ယွန်းယွန်း၊ Tyron Bejay၊ ရဲမွန်၊ ဆူးခက်မင်းတို့အပြင် သရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထား ကြောင်းသိရသည်။ ယင်းဇာတ်လမ်းတွဲကို အပိုင်း (၂၄) ပိုင်းနှင့် မတ် ၂၃ ရက်မှစတင်ပြီး MWD Documentary Channel ၌ အပတ်စဉ် သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့တို့တွင်  ည ၇ နာရီ ၄၅ မိနစ်မှ  ၈ နာရီ ၁၅ မိနစ်အထိ ထုတ်လွှင့်ပြသမည်ဖြစ်ကာ Dream Production မှ ထုတ်လုပ်ဖြန့်ချိထားခြင်းဖြစ်သည်။ အနုပညာလောကနှင့် သုံးနှစ်ကျော်ကြာ ဝေးကွာခဲ့သည့် ဇေယျကလက်ရှိတွင် Sky Net ရုပ်သံလိုင်းနှင့် ဇာတ်လမ်းတွဲများ ရိုက်ကူးရန် စီစဉ်နေကြောင်း သိရသည်။

Read 67 times Last modified on Sunday, 11 February 2018 11:21