SJ WorldNews - шаблон joomla Авто

ကိုယ်ပိုင်သီချင်းများ ပါဝင်သည့် တစ်ကိုယ်တော် အခွေနှင့် လမင်းကဗျာ

Tuesday, 13 February 2018 09:25 font size decrease font size decrease font size increase font size increase font size

သရုပ်ဆောင် လမင်းကဗျာသည် ပရိသတ်များကို ကိုယ်ပိုင်သီချင်းများ ချပြချင်သည့်အတွက် ဝီစကီ အမည်ရှိ တစ်ကိုယ်တော် တေးစီးရီးကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ပရိသတ်ထံ ဖြန့်ချိပေးမည် ဖြစ်ကြောင်း သိရသည်။

''ခေါင်းစဉ်ကို ထူးထူးဆန်းဆန်းလေး ပေးမယ်ဆိုပြီး စဉ်းစားရင်းနဲ့ နောက်ဆုံး သီချင်းထဲမှာ ဝီစကီဆိုတဲ့ သီချင်းတစ်ပုဒ် ပါပါတယ်။ အဲဒီနာမည်လေးကို ဘယ်သူမှ မပေးဖူးသေးဘူး ဆိုတော့ နည်းနည်း ထူးထူးခြားခြား ဖြစ်မလားဆိုပြီး ပေးလိုက်တာပါ။ ဝီစကီသီချင်းက ကိုယ့်ချစ်သူက ကိုယ့်အပေါ်မှာ အသည်းခွဲသွားလို့ ဝီစကီပဲ သောက်တော့မယ်ဆိုတဲ့ ပုံစံမျိုးလေးပါ။ တေးရေးက ကိုနေလုံးပါ။ ပရိသတ်ကို ကြိုတင်ပြောချင်တာက နားလည်ပေးပါ။ လမင်းသရုပ်ဆောင် ဘက်ကနေ အဆိုဘက်ကို ကူးလာတာ ဖြစ်သလို အဆိုတော် အစစ်လည်း မဟုတ်တဲ့အတွက် အသံပိုင်းဆိုင်ရာကို ကိုယ်တိုင်လည်း အားမလို အားမရ ဖြစ်ပါတယ်။ ဒါပေမဲ့ ပရိသတ်တွေ ကြိုက်လောက်မယ့် သီချင်းလေးတွေကို အပင်ပန်းခံ၊ အချိန်ကုန်ခံ၊ ငွေကုန်ခံပြီး ရွေးချယ်သီဆို ပေးထားပါတယ်။ တစ်ကိုယ်တော် အခွေနဲ့ ပတ်သက်ပြီး လမင်းကို ဝေဖန်ပေးကြပါ။ နောက်ပြီး အားပေးဖို့လည်း တောင်းဆိုပါတယ်'' ဟု သရုပ်ဆောင် လမင်းကဗျာက ပြောသည်။

Read 103 times Last modified on Tuesday, 13 February 2018 09:27