SJ WorldNews - шаблон joomla Авто

ဖြစ်ရပ်မှန်များနဲ့ လျှို့ဝှက်သည်းဖို ကြိုက်သူများ အတွက် Winchester

Tuesday, 13 February 2018 09:27 font size decrease font size decrease font size increase font size increase font size

ဒီတစ်ပတ် ထွက်ရှိလာတဲ့ ရုပ်ရှင်ဇာတ်ကား ကတော့ လျှို့ဝှက်သည်းဖို ဇာတ်လမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းက ဖြစ်ရပ်မှန် ဇာတ်လမ်းအပေါ်မှာ အခြေခံ ရိုက်ကူးထားတယ်လို့ သိရပါတယ်။ ၁၉ဝ၆ ခုနှစ်မှာ ဝင်ချက်စတာရိုင်ဖယ် ကုမ္ပဏီရဲ့ အမွေဆက်ခံသူ အမျိုးသမီး ဖြစ်တဲ့ ဆာရာဝင်ချက်စတာ (ဟယ်လင်မီရန်)က အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်ဆန်ဟိုဆေး မြို့ရဲ့ တောနက်ကြီးထဲ မှာရှိတဲ့ အိမ်ကြီးရခိုင်မှာ သူ့ရဲ့တူမ (ဆာရာ စနု) နဲ့အတူ နေထိုင်ခဲ့ပါတယ်။

ဝင်ချက်စတာရိုင်ဖယ် ကုမ္ပဏီ ဘုတ်အဖွဲ့က ဆာရာဝင်ချက်စတာရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို အကဲဖြတ် လေ့လာဖို့အတွက် ဒေါက်တာအဲရစ်ပရိုက် (ဂျေဆန်ကလာ့)ကို ငှားရမ်းခဲ့ပါတယ်။ ဆာရာဝင်ချက်စတာ အနေနဲ့  အမြတ်အစွန်း အမြောက်အမြား ရရှိနေတဲ့ ကုမ္ပဏီ အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ဆက်ခံထိန်းသိမ်းနိုင်ခြင်း ရှိ၊ မရှိ ဒါမှမဟုတ် ကုမ္ပဏီ တစ်ခုလုံးကို ဘုတ်အဖွဲ့ကသာ လွှဲပြောင်းထိန်းသိမ်းခွင့် ရယူမည်၊ မယူမည်ကို ဆုံးဖြတ်ချက် ချဖို့  အဲရစ်ပရိုက်ကို ကုမ္ပဏီက စေလွှတ်လိုက်တာ ဖြစ်ပါတယ်။ ဘိန်းပါတဲ့ စိတ်ငြိမ်ဆေး တွေကို အမြဲမပြတ် သုံးစွဲနေရတဲ့ ပရိုက်က ဆာရာရဲ့ အိမ်ကြီးဆီကို သွားခဲ့ပြီး တစ်ချိန်တည်းမှာပဲ တစ္ဆေ၊ သရဲတွေကို စတင်မြင်တွေ့ လာရပါတော့တယ်။

ပရိုက်က ဆာရာနဲ့ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းမှုတွေက နေတစ်ဆင့် ဆာရာက အရာရာကို တတ်သိနားလည်ပြီး စီးပွားရေးကို ပိုင်ပိုင်နိုင်နိုင် လုပ်ဆောင်နိုင်သူ ဆိုတာကို သိလာရပါတယ်။ ဒါပေမဲ့ ပရိုက်က ဆာရာကိုမေးတဲ့ မေးခွန်းတွေထက် ဆာရာက ပရိုက်ကို မေးတဲ့ မေးခွန်းတွေက ပိုများပါတယ်။ ဒါ့ပြင် ဝင်ချက်စတာရိုင်ဖယ် (သေနတ်) တွေရဲ့ ဓားစာခံတွေ ဖြစ်တယ်လို့ဆိုထားတဲ့ ဝိညာဉ်တွေနဲ့ ဆာရာတို့ရဲ့ စကားပြောဆိုမှု တွေကို ပရိုက်က ရှာဖွေတွေ့ရှိ သွားပါတယ်။ တကယ်တမ်းကျတော့ ခုနစ်ထပ် အမြင့်ရှိပြီး အိပ်ခန်းပေါင်း ရာနဲ့ချီကာ ပါဝင်တဲ့ ဆာရာဝင်ချက်စတာရဲ့ အိမ်ကြီးက အငြိုးကြီးပြီး လက်စားချေလိုစိတ် ပြင်းထန်နေတဲ့ တစ္ဆေ၊ သရဲတွေရဲ့ အကျဉ်းထောင်သာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ပရိုက်က အင်အားကြီးမားတဲ့ မကောင်းဆိုးဝါးကြီး ရောက်မလာမီ အခြေအနေ အားလုံးကို ပုံမှန်အတိုင်း ပြန်ဖြစ်အောင် ကူညီနိုင်မှာလား ဆိုတာကို ဆုံးဖြတ်ရမယ့် အချိန်ဖြစ်လာပါ တော့တယ်။ ဇာတ်ကားထဲမှာ ပါဝင်တဲ့ ပဟေဠိဆန်ဆန် ဝင်ချက်စတာ စံအိမ်ကြီးက ယနေ့အထိတိုင် ဆန်ဟိုဆေး မြို့မှာတည်ရှိပြီး အမေရိကန် ပြည်ထောင်စုရဲ့ သမိုင်းဝင် နေရာများအနက် တစ်ခုအဖြစ် မှတ်တမ်းဝင်ထားပါတယ်။

Read 69 times Last modified on Tuesday, 13 February 2018 09:27