SJ WorldNews - шаблон joomla Авто

ပန်းချီဆရာကြီး ဦးမြင့်ဆန်း၏ တစ်ကိုယ်တော် ပန်းချီပြပွဲ လာရောက် လေ့လာသူ များပြား

Wednesday, 14 February 2018 08:38 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဖေဖော်ဝါရီ ၁၃

နှစ်ပေါင်း  ၄ဝ ကျော်ကြာမှ ပထမအကြိမ်အဖြစ် ပြန်လည်ပြသသော ဝါရင့်ပန်းချီဆရာကြီး ဦးမြင့်ဆန်း၏ တစ်ကိုယ်တော် ပန်းချီပြပွဲကို ယနေ့တွင် ရန်ကုန်မြို့ သံလွင်လမ်းရှိ  New Treasure Art Gallery ၌ ကျင်းပရာ ပန်းချီလောကသားများနှင့် ပန်းချီပညာ စိတ်ဝင်စားသူများ လာရောက်လေ့လာကြကြောင်း သိရသည်။

''ဒီနေ့ပွဲနဲ့ပတ်သက်ပြီး ပြောရရင် သိပ်ကိုကျေနပ်တယ်။  ၁၉၇၅  ခုနှစ်မှာ နောက်ဆုံးပန်းချီပြပွဲ လုပ်ခဲ့တယ်။ နောက်တော့ ပြည်ပကိုရောက်နေခဲ့တယ်။ ဒီနေ့ပွဲက နှစ် ၄ဝ ကျော်ကာလမှာ မြန်မာနိုင်ငံ ပန်းချီလောကကနေ ပျောက်သွားပြီး ပထမဆုံး ပြန်လုပ်ဖြစ်တဲ့ပွဲပါ။ ပန်းချီဆိုတာ တကယ်တမ်းကျတော့ ရိုးသားတဲ့လှပမှုတွေ ပေါင်းစပ်ထားတာလို့ နားလည်ပါတယ်'' ဟု တစ်ကိုယ်တော်ဝါရင့် ပန်းချီဆရာကြီး  ဦးမြင့်ဆန်းကပြောသည်။

ပြပွဲတွင် ဝါရင့်ပန်းချီဆရာကြီး ဦးမြင့်ဆန်း ရေးဆွဲထားသော Watercolour ၊ Egg Trmpera၊ Watercolour on Gesso Board စသည့် ပန်းချီအမျိုးအစားများဖြင့် ရှေးဟောင်း ဘုရားရုပ်တုများ၊ သာသနိက အဆောက်အအုံများ၊  အများပြည်သူ အသုံးပြုသော ရထားလမ်းကူးများနှင့်  ရှေ့တန်းစစ်မြေပြင် ကင်းစခန်းပုံများကို  ပုံဖော်ရေးဆွဲထားသည်။

''ကျွန်တော်  ရန်ကုန်မြို့ကိုစရောက်တာ ၁၉၇၉ ခုနှစ်ကပါ။ ဒီဆရာကြီးကတော့ မြန်မာနိုင်ငံ ပန်းချီလောကကနေ ထွက်သွားတာ ၁၉၇၅ ခုနှစ်ဆိုတော့ သူ့ကိုမတွေ့ဖူးခဲ့ဘူး။ ကျွန်တော်တို့ ပန်းချီလောကထဲရောက်တဲ့အခါ   ပန်းချီဆရာကြီး ဦးမြင့်ဆန်းဆိုပြီး ပြောပြောနေတာကြောင့် ကြားဖူးနေတာပါ။အခုတော့ ဆရာ့ရဲ့ မူရင်းပန်းချီကားတွေကို လေ့လာခွင့်ရပြီ''  ဟု New  Treasure Art  Gallery မှ ပန်းချီဆရာ မင်းဝေအောင်က ပြောသည်။

Read 191 times Last modified on Wednesday, 14 February 2018 08:39