SJ WorldNews - шаблон joomla Авто

ခေတ်ကာလ အခြေအနေအရ အနုပညာကြေးကို ပြောင်းလဲယူရတယ် ဆိုတဲ့ ဝါရင့်သရုပ်ဆောင် ရဲအောင်

Monday, 02 April 2018 10:07 font size decrease font size decrease font size increase font size increase font size

မြန်မာ့ရုပ်ရှင်လောကတွင် ဇာတ်ပို့သရုပ်ဆောင်များ၏ အနုပညာကြေး ရရှိမှု နည်းပါး နေခြင်းသည် အဓိက သရုပ်ဆောင် မင်းသား၊ မင်းသမီးများ၏ အနုပညာကြေး မြင့်မားစွာ ရှိနေခြင်းကြောင့်အပြင် ထုတ်လုပ်သူများက အနုပညာကြေးပေးမှု နည်းပါးခြင်းကြောင့် တချို့ဇာတ်ပို့ သရုပ်ဆောင်များမှာ ဘဝရပ်တည်မှု အခက်အခဲ ဖြစ်ပေါ်ကြောင်း သိရသည်။

''ကျွန်တော်ကတော့ သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ အတွက် ဒီအကြောင်းကို သိပ်ပြီးတော့ နက်နက်နဲနဲ မသိပါဘူး။ ဒါပေမဲ့ ခေတ်ကာလ ရေစီးကြောင်းဆိုတာက ပြောင်းလဲလာပြီလေ။ ကုန်ဈေးနှုန်းဆိုတာက အရင်ခေတ်က ဈေးနဲ့မတူတော့ဘူး။ အကုန်ပြောင်းလဲ သွားပြီဆိုတော့ ပြောင်းလဲလာတဲ့ ရေစီးကြောင်းပေါ်မှာ အားလုံးကလည်း လိုက်ပါပြောင်းလဲ ကုန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်လည်း ခေတ်ကာလကို ကြည့်ရပါတယ်'' ဟု သရုပ်ဆောင်ရဲအောင်က ပြောသည်။ ထို့ကြောင့် တချို့သော ဇာတ်ပို့သရုပ်ဆောင်များ အနေဖြင့် အနုပညာ အလုပ်ကို ဝါသနာပါ၍ လုပ်ကိုင်လိုသော်လည်း ယင်းကဲ့သို့ အခက်အခဲ များကြောင့် အပြင်စီးပွားရေး အလုပ်များနှင့် တွဲဖက်ပြီး အနုပညာ လောကတွင် ဖြတ်သန်း နေရကြောင်း သိရသည်။

Read 117 times Last modified on Monday, 02 April 2018 10:07