SJ WorldNews - шаблон joomla Авто

သင်္ကြန်ကာလနှင့် ပတ်သက်၍ အနုပညာရှင်တချို့ ၏ စကားသံများ

Sunday, 08 April 2018 10:47 font size decrease font size decrease font size increase font size increase font size

မင်းမော်ကွန်း

ကျွန်တော် ဒီနှစ်သင်္ကြန် နေပြည်တော်မှာရှိမယ်။ မိသားစုတွေလည်းပါမယ်။ သင်္ကြန်ဆိုတာက ပျော်ကြတဲ့ပွဲတော်ကြီး တစ်ခုဖြစ်ပေမယ့် အန္တရာယ် မဖြစ်အောင်နဲ့ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ မြန်မာနှစ်သစ်ကို ကြိုဆိုကြပါလို့ ပြောချင်ပါတယ်။

 

ရဲလေး

ကျွန်တော် ဒီနှစ်သင်္ကြန် မူဆယ်မှာ ရှိနေမှာပါ။ အေးကမ္ဘာ စိုပြေကုမ္ပဏီလီမိတက်က ဦးစီးပြီးလုပ်တဲ့ လေယာဉ်ကွင်း အောက်မြစ်ကမ်းခြေမှာ ပရိသတ်တွေ နဲ့အတူ ဖျော်ဖြေမှာပါ။ ဒီနှစ်သင်္ကြန်မှာ ပြည်သူတွေ ဘေးအန္တရာယ် ကင်းပြီး ပျော်ရွှင်စွာ နှစ်သစ်ကို ကြိုဆိုနိုင်ကြပါစေ။

 

ဟဲလေး

ကျွန်တော် ရန်ကုန် မုတ္တမဆောက်လုပ်ရေးက တည်ဆောက်တဲ့ မဏ္ဍပ်မှာ အင်ပါယာတီးဝိုင်း နဲ့အတူ လေးရက်စလုံး ဖျော်ဖြေပေးမှာပါ။ နှစ်သစ်ကစပြီး ပြည်သူတွေ ကျန်းမာရေး၊ စီးပွားရေးတွေ ကောင်းပြီး ပျော်ရွှင်စွာနဲ့ သင်္ကြန်ရက်တွေကို ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

 

ဇေရဲထက်

အရင်နှစ်တွေကတော့ ကျွန်တော် သင်္ကြန်တိုင်းကို ထိုင်းနိုင်ငံမှာပဲ ဖြတ်သန်းခဲ့ပါတယ်။ ထိုင်းမှာ သူငယ်ချင်းတွေလည်း အများကြီး ရှိတာရယ်၊ ရှောပင်းထွက်တာရယ်၊ အပန်းဖြေ သဘောအနေနဲ့ နားလည်း နားချင်တာကြောင့်ပါ။ ဒီနှစ်သင်္ကြန်မှာ မြန်မာ ပြည်သူပြည်သားအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ဘေးအန္တရာယ်ကင်းစွာ ပျော်ရွှင် နိုင်ကြပါစေလို့ ဆုတောင်း ပေးပါတယ်။

 

ရွှေထူး

ကျွန်တော် ဒီနှစ် မန္တလေးက MBAN Las Vegas မှာရှိမှာပါ။ အရင်ကတော့ သင်္ကြန်ဆိုတာ ပျော်ပျော်ပါးပါး လျှောက်သွားပြီး မဏ္ဍပ်တွေ ထိုင်ပေမယ့် အခုအလုပ်နဲ့ ဖြစ်သွားတဲ့အခါ အလုပ်ကိုပဲ ဦးစားပေးနေရပါတယ်။ ဒီနှစ်သင်္ကြန်မှာ ပျော်ကြမယ့် သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမ၊ ပရိသတ်တွေ အေးအေးချမ်းချမ်းနဲ့  သင်္ကြန်ကို ဖြတ်သန်းနိုင်ကြပါစေ။

 

အေးဝတ်ရည်သောင်း

သင်္ကြန်တွင်းကာလမှာ နေပြည်တော် Sky Net မဏ္ဍပ်မှာ ရှိမယ်။ ဖက်ရှင် အနေနဲ့ကတော့ နေပူခံနိုင်မယ့် ဝတ်စုံလေးတွေ ဝတ်ဖြစ်မယ်။ သီချင်းတွေဆိုမယ်။ မြန်မာအက တစ်ပုဒ်ကမယ်။ သင်္ကြန်နဲ့ ပတ်သက်တဲ့ အမှတ်တရကတော့ ထွေထွေထူးထူး မရှိပါဘူး။

 

ရတနာမိုင်

မိုင်လေး ထားဝယ်မှာ သင်္ကြန်လေးရက် စလုံး ရှိနေမှာပါ။ သင်္ကြန်သီချင်း ခပ်မြူးမြူးလေးတွေ သီဆိုဖြစ်မယ်။ သင်္ကြန်ဖက်ရှင် အနေနဲ့ ဒီဇိုင်နာတွေ စီစဉ်ပေးတာရော ကိုယ်တိုင်စီစဉ်တာတွေပါ ဝတ်ဖြစ်မှာပါ။ သင်္ကြန်အမှတ်တရ အနေနဲ့ကတော့ နှစ်တိုင်း မဏ္ဍပ်တွေမှာ သီချင်းတွေဆိုပြီး ဖျော်ဖြေရတာက အမှတ်တရပါပဲ။

 

အမွန်း

အမွန်း ဒီနှစ်သင်္ကြန်မှာ ရန်ကုန်မြို့ ၁၉ လမ်းက မဏ္ဍပ်မှာ ရှိမှာပါ။ သင်္ကြန်သီချင်းတွေ အများကြီးသီဆိုမှာပါ။ အကတွေလည်း တိုက်ထားပါတယ်။ အနုပညာလှုပ်ရှားမှု အနေနဲ့ကတော့ အမွန်း ခေါင်းဆောင် မင်းသမီးအဖြစ် ပါဝင် သရုပ်ဆောင်ထားတဲ့ ဒုဋ္ဌဝတီကို လွန်၍ ရုပ်ရှင်ဇာတ်ကား မေ ၄ ရက်မှာ ရုံတင်မှာပါ။

 

မေဘရဏီသော်

သင်္ကြန်အစီအစဉ်က သိပ်ပြီးထူးထူးခြားခြားတော့ မရှိပါဘူး။ အိမ်မှာပဲ နေဖြစ်မှာပါ။ အသက် ၁၄ နှစ်လောက်ကတည်းက သင်္ကြန်ဆိုရင် အိမ်မှာပဲ နေဖြစ်တော့တယ်။ ကလေးဘဝက သင်္ကြန်ရေပက်တာ၊ လျှောက်လည်တာတွေကတော့ အမှတ်တရပါပဲ။ အနုပညာ လှုပ်ရှားမှု အနေနဲ့ ရိုက်ကူးရေးတွေ ဆက်တိုက်လုပ်ဖြစ်ပါတယ်။

 

ဟန်သီ

ဟန်သီက လက်ရှိကတော့ ဗန်ကောက်မှာ International Business Management စီးပွားရေးနဲ့ ပတ်သက်တဲ့ ကျောင်းတက်နေပါတယ်။ ဒီနှစ် သင်္ကြန်ကတော့ ရန်ကုန်မှာပဲ ရှိမှာပါ။ လောလောဆယ် ဘာအစီအစဉ်မှ မရှိသေးပါဘူး။ မိသားစုနဲ့ အတူတူ အိမ်မှာပဲ နားနားနေနေ နေဖြစ်မယ်။ နောက်ပြီးတော့ တီဗွီကလာတဲ့ သင်္ကြန်အစီအစဉ်တွေကို အားပေးမှာပါ။

သီရိ

Read 232 times Last modified on Tuesday, 10 April 2018 12:37