SJ WorldNews - шаблон joomla Авто

Culture World Myanmar ပြိုင်ပွဲကြီးမှ ဆုရမောင်မယ်များကို ဖိလစ်ပိုင်တွင် သွားရောက် ယှဉ်ပြိုင်ရန် စေလွှတ်မည်

Monday, 09 April 2018 13:26 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဧပြီ ၈

ဇွန်လအတွင်း ဖိလစ်ပိုင်နိုင်ငံသို့ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်နိုင်ရန် Mister & Miss Culture World Myanmar 2018 Grand Final ပြိုင်ပွဲကြီးကို ယမန်နေ့ညပိုင်းက ရန်ကုန်မြို့ရှိ ရန်ကုန်အင်တာ နေရှင်နယ် ဟိုတယ်၌ ကျင်းပကြောင်း Culture World Myanmar 2018 ပြိုင်ပွဲ နေရှင်နယ်ဒါရိုက်တာ ကိုထက်ဝေဟင်ထံမှ သိရသည်။

''ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတိုင်း ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အမွေအနှစ်တွေ ရှိကြပါတယ်။ ဒီယဉ်ကျေးမှု အမွေအနှစ်တွေကို ဖော်ထုတ်ပြသနိုင်ဖို့၊ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ ဖလှယ်နိုင်ဖို့ရည်ရွယ်ပြီး Culture World ပြိုင်ပွဲကို နှစ်စဉ်ကျင်းပပါတယ်။ ဒီပြိုင်ပွဲကြီးအတွက် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မယ့် အလှမောင်တွေ၊ မယ်တွေကို ရွေးချယ်ပေးဖို့ ကျင်းပရခြင်းဖြစ်ပါတယ်။ ဒီပြိုင်ပွဲ ကို မြန်မာနိုင်ငံက တတိယအကြိမ် သွားရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်'' ဟု ကိုထက်ဝေဟင်ကပြောသည်။

အဆိုပါ မောင်မယ်ပြိုင်ပွဲသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၁၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ယင်းတို့အနက် Winner ဆုရရှိသူများ အနေဖြင့် ဇွန်လ အတွင်း ဖိလစ်ပိုင်နိုင်ငံ သို့ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ကာ Culture World ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ယခုပြိုင်ပွဲတွင် အမျိုးသား Mister ပြိုင်ပွဲ၌ ပိုင်ရှားကိုက Culture World Heritage Myanmar 2018 Winner ဆုရရှိပြီး လင်းယံက ဒုတိယဆုဆွတ်ခူးနိုင်ခဲ့သည်။ Culture World Myanmar 2018 Winner ဆုကို သတိုးအောင်က ဆွတ်ခူးပြီး ကိုကိုစန်းက ဒုတိယဆု ဆွတ်ခူးနိုင်ခဲ့သည်။

အမျိုးသမီးအလှမယ်ပြိုင်ပွဲတွင် Miss Culture World Charity Myanmar 2018 Winner ဆုကို တိမ်လွှာ မြင့်မိုရ်က လည်းကောင်း၊ Miss Culture World Heritage Winner ဆုကို ဆုပိုပိုထက်က လည်းကောင်း အသီးသီး ဆွတ်ခူးနိုင်ခဲ့သည်။

Miss Jewel of Myanmar Winner ဆုကို ပန်းသွေးကိုက ဆွတ်ခူးပြီး စွမ်းရည်ကြယ်စင်က ဒုတိယဆုရရှိ သည်။ Miss Culture World Myanmar 2018 Winner ဆုကို နော်သက်မြတ်ဟံက ဆွတ်ခူးပြီး ဒုတိယဆု ကို သိမ့်နေခြည်က ရရှိခဲ့ကြောင်း သိရသည်။

Read 157 times Last modified on Monday, 09 April 2018 13:31