SJ WorldNews - шаблон joomla Авто

ရန်ကုန်မြို့၌ တစ်ကိုယ်တော် ဖန်ပန်းချီပြပွဲ ကျင်းပမည်

Wednesday, 09 May 2018 08:35 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  မေ 

နိုင်ငံတကာ၌ ခေတ်စားနေသော ဖန်ပန်းချီပညာ  ပြည်တွင်း၌  ပြန့်ပွားစေရန် အိန္ဒိယနိုင်ငံမှ ဖန်ပန်းချီပညာရှင် Sarika က မြန်မာနိုင်ငံသို့ လာရောက်ပြီး အခမဲ့ သင်ကြားပေးလျက်ရှိရာ  ယခုနှစ်  ဇွန်လအတွင်း  ရန်ကုန်မြို့၌  သူမ၏  တစ်ကိုယ်တော် ဖန်ပန်းချီပြပွဲ  ကျင်းပမည်ဖြစ်ကြောင်း  သိရသည်။

အဆိုပါဖန်ပန်းချီပြပွဲကို  ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ  အိန္ဒိယနိုင်ငံသံရုံး၌ ကျင်းပရန် စီစဉ်ထားပြီး   ဖန်ခွက်၌ရေးဆွဲထားသော    ဖန်ပန်းချီများ အပါအဝင် ဖန်ပြားပေါ်၌ ရေးဆွဲထားသော ဖန်ပန်းချီကား စုစုပေါင်း ၅ဝ ခန့် ပြသမည်ဖြစ်သည်။ ပန်းချီကားများသည် မြန်မာနှင့် အိန္ဒိယနိုင်ငံတို့မှ  ထင်ရှားကျော်ကြားသော နေရာများ၊ လူပုဂ္ဂိုလ်များနှင့် တောတောင်သဘာဝ အလှအပများကို ရေးဆွဲထားသော ဖန်ပန်းချီကားများ ဖြစ်သည်။

''ဒီပွဲကျင်းပဖို့ စနစ်တကျအချိန်ယူပြီး ပြင်ဆင်နေပါတယ်။ ပြပွဲကို လာကြည့်ပြီးရင် ဖန်ပန်းချီအကြောင်းကို အရင်ကထက်  ပိုပြီးသိရှိသွားမယ်လို့ ယုံကြည်သလို အနာဂတ်မှာ အရင်ကထက်  ဖန်ပန်းချီတွေ ပိုပြီး ရေးဆွဲလာကြမယ်လို့လည်း ယုံကြည်ပါတယ်။  အခွင့်အခါရရင် ရသလို  မြန်မာနိုင်ငံမှာ  ဒီလိုပွဲတွေ  ထပ်ပြီးပြုလုပ်မှာပါ''  ဟု  ဖန်ပန်းချီပညာရှငှ် Sarika   ကပြော သည်။

လက်ရှိတွင် ဖန်ပန်းချီပညာ ပြန့်ပွားရန်၊ အလုပ်အကိုင် လိုအပ်နေသူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိရန်နှင့် မိဘမဲ့ကလေးများ ဖန်ပန်းချီဖြင့် အသက်မွေးဝမ်း ကျောင်းပြုနိုင်ရန် အခမဲ့ သင်ကြားပေးလျက် ရှိကြောင်း သိရသည်။ 

Read 152 times Last modified on Wednesday, 09 May 2018 08:36