SJ WorldNews - шаблон joomla Авто

ပန်းချီဆိုင်ရာ စာအုပ်များ သီးသန့်ပြသ ရောင်းချပွဲနှင့် ပန်းချီ အကြောင်းအရာများ ဆွေးနွေးပွဲ ကျင်းပမည်

Wednesday, 09 May 2018 08:45 font size decrease font size decrease font size increase font size increase font size

ရန်ကုန်    မေ  

ပန်းချီလောက ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်တွင်းရှိ ပန်းချီဆရာ၊ ဆရာမများ၏ ပန်းချီရေးဆွဲမှု အရည်အသွေး ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ Yangon Book Plaza နှင့် WE Creation အနုပညာအဖွဲ့အစည်းတို့ ပူးပေါင်း၍ ပန်းချီဆိုင်ရာ စာအုပ်များ သီးသန့်ပြသရောင်းချပွဲနှင့် ပန်းချီအကြောင်းအရာ ဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲနှင့်ဆွေးနွေးပွဲများကို ရန်ကုန်တိုင်းဒေသကြီး  လမ်းမတော်မြို့နယ် သံဈေး (၅) လွှာရှိ Yangon Book Plaza ၌  ကျင်းပမည်ဖြစ်သည်။

ပန်းချီဆိုင်ရာစာအုပ်များ သီးသန့် ပြသရောင်းချမည့် ပွဲတွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာ၌ ထွက်ရှိထားသော ပန်းချီစာအုပ်များကို ပြသရောင်းချမည်ဖြစ်ပြီး ထင်ရှားကျော်ကြားသော ပန်းချီကား များကိုလည်း ပြသမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပန်းချီနှင့်ပတ်သက်သော စာအုပ်များကို အဆင်ပြေစွာ ဝယ်ယူနိုင်ရန် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချမည်ဖြစ်ပြီး ပန်းချီနှင့် ပတ်သက်သော အစီအစဉ်များကိုလည်း ထည့်သွင်း ကျင်းပမည်ဖြစ်သည်။

ပြပွဲတွင်  ပန်းချီစာအုပ်ထုတ်ဝေသူ အချင်းချင်း ဆွေးနွေးမည့် အစီအစဉ်၊ ပန်းချီပြခန်းပိုင်ရှင်များ အချင်းချင်း  ဆွေးနွေးမည့် အစီအစဉ်၊ ပန်းချီပညာရှင်များ အချင်းချင်း အတွေ့အကြုံနှင့် ဗဟုသုတများ ဖလှယ်မည့် အစီအစဉ်နှင့်   ပန်းချီပညာရှင်များနှင့် ပန်းချီဝါသနာရှင်များ ဆွေးနွေးမည့် အစီအစဉ်များ ထည့်သွင်းကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

''အခုပွဲတွေကို ဇွန်လလောက်မှာ ကျင်းပ မယ်။  တတ်နိုင်သမျှ  စောစောကျင်းပလို့ ရအောင် ဆောင်ရွက်မှာပါ။ ဒီနှစ်က မြန်မာ့ပန်းချီ နှစ်(၁ဝဝ) ပြည့်နှစ်လည်း ဖြစ်တာကြောင့် ဒီပွဲတွေကိုကျင်းပဖို့ စီစဉ်ထားတာပါ။အခုလိုပွဲကို ကျင်းပတာကြောင့် မြန်မာနိုင်ငံရဲ့ ပန်းချီလောက ဖွံ့ဖြိုးတိုးတက် ဖို့အတွက်  များစွာ အကျိုးရှိမှာဖြစ်သလို ပန်းချီပညာရှင်တွေနဲ့   ပန်းချီဝါသနာရှင်တွေ အတွက်ပါ အဖိုးမဖြတ်နိုင်တဲ့ ပန်းချီပညာနဲ့ ပတ်သက်တဲ့ အသိတွေ   ရရှိမှာပါ'' ဟု Yangon Book Plaza ၏ အုပ်ချုပ်ရေး အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပန်းချီအကြောင်း ဆွေးနွေးပွဲများ ကျင်းပရာတွင် စိတ်ဝင်စားသည့် မည်သည့်ပန်းချီ ဝါသနာရှင်မဆို အခမဲ့တက်ရောက် ဆွေးနွေးနိုင်ပြီး ယင်းပွဲကို ပြည်တွင်းရှိ ပန်းချီစိတ်ဝင်စားသူများနှင့် ပန်းချီပညာရှင် များ၏  စိတ်ဝင်စားမှု အခြေအနေပေါ်မူတည်၍ ပန်းချီနှင့် ပတ်သက်သောပြပွဲနှင့်  ဆွေးနွေးပွဲများ  ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 

Read 116 times Last modified on Wednesday, 09 May 2018 08:48